တရုတ်ကို မြန်မာ့ဆန်တန်ချိန် (၁၀၀၀၀) တင်ပို့သွားမည်
နှစ်နိုင်ငံအချင်းချင်း ကုန်ပစ္စည်းဖလှယ်နိုင်ရေးအတွက် မြန်မာ့ဆန်တန်ချိန် (၁၀၀၀၀) ကို တရုတ်ကို တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
ယခုလထဲမှာ နှစ်နိုင်ငံအချင်းချင်း လယ်ယာထွက်ကုန်များ ဖလှယ်နိုင်ရေးအတွက် မြန်မာ့ဆန်တန် ချိန်(၁၀၀၀၀)ကို တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင် က ပြောပါတယ်။
“ တရုတ်အစိုးရနဲ့ မြန်မာနှစ်နိုင်ငံအချင်းချင်း ကုန်ပစ္စည်းဖလှယ်နိုင်ရေးအတွက် ဒီဘက်ကနေပြီးတော့ ဆန်တန်ချိန် (၁၀၀၀၀)ကို ဖလှယ်ပြီးတင်ပို့သွားမှာပါ။ သူတို့ဘက်ကလည်း ပိုးမွှားတွေဘာတွေ လာစစ်ပြီးသွားပြီ။ ဒီဘက်ကလည်း ဆက်လုပ်စရာရှိတာ လုပ်သွားပြီးတော့ ဒီလထဲမှာပဲတင်ပို့သွားမှာပါ”
မြန်မာ့လယ်ယာထွက်ကုန်များနဲ့ ရေထွက်ကုန်ပစ္စည်းများ ဖလှယ်ကာ ရောင်းချနိုင်ရေးစနစ်ဖြင့် တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။
အဆိုပါဖလှယ်တဲ့စနစ်ကို တင်ပို့နိုင်ရေးအတွက်လည်း MoU ရေးထိုးပြီးပြီဖြစ်ကြောင်းနဲ့ ဆန်တန်ချိန် (၁၀၀၀၀)ကို အမြန်ဆုံး တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲကျဲမလို့ မြစ်ရေက၂ခါတက်တော့ မြေဇာမြက်ကို ဒူးအထိ ထိနေတာ ပဲမချနိုင်ဘူး ဖြစ်နေတာ ပေါင်းသတ်ဆေးသုံးချင်တာ သုံးလို့ရလား ဘာပေါင်းသတ်ဆေးသုံးလို့ရလည်းဗျ
ကိုလတ် • ဖြေကြားချက် 0 ခု
စပါးခင်း ဘာရောဂါကျနေတာလဲဗျ ဘာဆေးပက်ရမလဲ
Phyoe • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင် တစ်ပင်စ နှစ်ပင်စကနေ အခုတော်တော်လေး ညိုးလိုက်လာလို့ပါ ဖြေပေးကြပါဦးရှင် ဆရာတို့
Hnin Yi Aung • ဖြေကြားချက် 7 ခု
မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီးပါပြီ မှိုဆေးအရင်ဖျန်းရမလားအားဆေးအရင်ဖျန်းရမလား ဘာမှိုဆေးဖျန်းသင့်လဲ
Sawsamson • ဖြေကြားချက် 2 ခု
စပါးပြီးတော့ ဘာသီးနှံတွေ စိုက်ကြဖို့ စိတ်ကူးထားကြလဲဗျ?
Thein Soe Min • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026