တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာစျေးကွက် သုံးသပ်ချက်

27/04/2018 17:06 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ်လုပ်ငန်းဟာ အလွန်ကြီးမားတဲ့ လုပ်ငန်းကြီးဖြစ်လာတော့ တရုတ်ရဲ့ တိုင်ယာ လိုအပ်ချက်ဟာ အရမ်းမြင့်မားလာတော့တယ်။ တိုင်ယာကလည်း ရော်ဘာထုတ်ကုန် ဖြစ်တော့ ရော်ဘာကုန်ကြမ်းလည်း လိုအပ်ချက် ပိုများလာတော့တယ်။ ဒီတော့ ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ ရော်ဘာကုန်စည်ဟာ အာရှမှာ ဈေးကွက်ချင်းယှဉ်ရင် ဂျပန်ရဲ့ TOCOM ထက်ကြီးသွားပြီ။ အကျိုးဆက်က TOCOM ဟာ SHFE ရဲ့ နောက်ကလိုက်ရတော့တာပါပဲ။ ဒါပေမယ့် ကျနော်တို့ အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အတက်အကျဖြစ်စေတာက TOCOM ပါ။  ဒီအပတ် တနင်္လာနေ့မှာလည်း TOCOM ရော်ဘာဈေးဟာ အမြင့်နဲ့ ဈေးပိတ်သွားတယ်။ ထုံးစံအတိုင်း ရှန်ဟိုင်းဈေးအတက်က ဖော့တင်ပေးလိုက်တာပါပဲ။ တရုတ်ဗဟိုဘဏ်ရဲ့ ပေါ်လစီက အဓိကကုန်စည်တွေရဲ့ ဈေးကိုမာအောင် ကာလတိုအားဖြင့် ထောက်ပံ့ပေးလိုက်တာကလည်း တကြောင်းပေါ့။ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရှန်ဟိုင်းဈေး တလတာကာလအတွင်း အမြင့်ဆုံးကို ရောက်ခဲ့သေးတယ်လေ။ 

ပြီးခဲ့တဲ့သောကြာနေ့က တစ်လတာအတွင်း အမြင့်ဆုံးဈေးကို ရောက်ခဲ့တဲ့ TOCOM ရော်ဘာဈေးဟာ အင်္ဂါနေ့မှာတော့ အနည်းငယ်ပြန်ကျသွားတယ်။ ရှန်ဟိုင်းအကျနောက်လိုက်ပါသွားတာရယ်၊ ရော်ဘာစတော့တွေ များနေတာရယ်က ကျသွားရခြင်းအကြောင်းပါပဲ။ စတော့များနေသလို ဝယ်လိုအားကလည်း နည်းနေတယ်။ ဒါကြောင့် တက်ရင်လည်း အကန့်အသတ်နဲ့ပဲဖြစ်မယ်တဲ့ First Future မှ ဈေးကွက်ဆန်းစစ်သူ Zhang Li ကပြောပါတယ်။ ရောင်းလိုအားများရတာရဲ့ လတ်တလောအကြောင်းအရင်းက ရော်ဘာအများဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ရွက်ကြွေရာသီပြီးဆုံးသွားပြီဖြစ်လို့ ရော်ဘာပြန်ခြစ်နေကြပြီလေ။ ကမ္ဘာ့ရော်ဘာအထွက်ကလည်း များလာတာလည်းတကြောင်းပေါ့။ နောက်တခါ ထိုင်း၊ အင်ဒို၊ မလေးတို့ရဲ့ ရော်ဘာတင်ပို့မှုလျှော့ချတဲ့ အစီအစဉ်လည်း မတ်လအကုန်မှာ ပြီးဆုံးသွားပြီပဲ။ 

ဗုဒ္ဓဟူးနေ့မှာတော့ TOCOM ရော်ဘာဈေးအနည်းငယ်တက်တယ်။ အဝယ်အနည်းငယ်လိုက်တာမို့ပါ။ ဝယ်ကြရာမှာလည်း အခြေခံအချက်တွေဖြစ်တဲ့ ရေနံဈေး၊ ယန်းဈေး၊ ဒေါ်လာဈေး၊ မော်တော်ယာဉ်ရောင်းအားတို့လို အခြေခံအချက်တွေကြောင့် မဟုတ်ပဲ၊ ကုန်သည်တွေရဲ့ မျဉ်း ဂရပ်တွေ၊ ဘားဂရပ်တွေကြည့်တွက်ချက်ပြီး ဝယ်သင့်တယ်လို့ ယူဆကြလို့ ဝယ်ကြတာပါပဲ။ အဝယ်လိုက်ရင် ဈေးလည်းလိုက်တယ်။ ပြီးတော့ ယန်းငွေလည်း ဒေါ်လာနဲ့ယှဉ်ရင် ဈေးကျနေတာလည်းပါတယ်။ ယန်းဈေးကျရင် ယန်းငွေနဲ့ သတ်မှတ်ထားတဲ့ ကုန်စည်ကို ဒေါ်လာလိုအခြားငွေကြေးနဲ့ ဝယ်ရင် ဈေးသက်သာတယ်။ ဈေးသက်သာရင် အဝယ်လိုက်တယ်။ ဒီတော့ ဈေးတက်တယ်။

ဈေးတက်ဈေးကျကို ဖြစ်စေတဲ့ အခြေခံအချက်တွေ ဘာတခုမှ ကြီးကြီးမားမားပြောင်းလဲမှုမရှိဘူး။  ဒါပေမယ့် ရှန်ဟိုင်းမှာရော တိုကျိုမှာပါ ရော်ဘာတွေ ပိုလျှံများပြားနေတာတခုပဲ။ TOCOM တို့လိုကုန်စည်ဒိုင်တွေမှာ သူတို့မော်နီတာလုပ်နေတဲ့ ကုန်လှောင်ရုံတွေရှိတယ်။ အဲဒီကုန်လှောင်ရုံတွေက လက်ကျန်ရော်ဘာတွေရဲ့ စာရင်းကို အပတ်စဉ် ထုတ်ပြန်လေ့ရှိတယ်။ အဲ့ဒီလက်ကျန်စာရင်းကိုကြည့်ကြပြီး ကုန်သည်တွေက ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ကြတယ်။ လက်ကျန်များနေရင် ဘယ်ဝယ်လို့ဖြစ်မလဲနော်။ ဂျပန်ဆိပ်ကမ်းတွေမှာ အရန်ရော်ဘာတွေဟာ ဧပြီ ၁၀ ရက်နေ့စာရင်းအရ ၁၆၃၅၇ တန်ရှိနေတယ်။ ယခင် စာရင်းထက် ၄.၉% တက်လာတာလို့ အင်္ဂါနေ့မှာထုတ်ပြန်တဲ့ Rubber Trade Association of Japan ရဲ့ အချက်အလက်တွေအရ သိရတယ်။ 

ဧပြီ ၂၆ ကြာသပတေးနေ့မှာတော့ TOCOM ကျပြန်တယ်။ သူအမြဲကြည့်နေရတဲ့ ရှန်ဟိုင်းဈေးကျလို့ရယ်ပါ။ အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အတက်အကျဖြစ်စေတဲ့ တိုကျိုရဲ့ TOCOM ဟာ အာရှဘက်က အရန်ရော်ဘာတွေများနေတာရဲ့ ဖိအားသက်ရောက်ခြင်းခံရတယ်။ 

" အရန်ရော်ဘာကများပြီး ဝယ်လိုအားက နည်းနေတယ်။ ယခင်လက ကုန်တွေအရောက်နောက်ကျခြင်းက ဒီလမှာ လာစုပုံနေတာလည်းပါတယ်" လို့ Li Dongling ကပြောပါတယ်။ သူက First Future မှ ကုန်စည်ဆန်းစစ်သူတယောက်ပါ။

ဒီနေ့သောကြာနေ့မှာလည်း TOCOM နဲ့ SHFE တို့အကျနဲ့ ဈေးပိတ်သွားတယ်။ အကျနဲ့ပိတ်တာ ၂ ရက်မြောက်ပါ။ TOCOM မှာ အောက်တိုဘာပစ္စည်းပို့ရမယ့် ကန်ထရိုက်ဈေးဟာ ၁.၅ ယန်းကျပြီး ၁၈၅.၆ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ္ပါတယ်။ SHFE မှာတော့ ယြမ် ၁၉၀ ကျကာ ၁၁၂၉၀ ယြမ်/တန်ဈေးနဲ့ ဈေးပိတ္ပါပြီ။ ဒီအပတ် အကျဈေးနဲ့ ပိတ်တယ်ပြောရမယ်။

ကိုညီသွေး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်