ဗုဒ္ဓဟူးနေ့ပါဗျို့…
ဒီတစ်ပတ် စကားထာဖြေဆိုသူတွေကတော့ ၈၀ ကျော်တောင်ရှိပါတယ်ဗျ။
မြိုင်မြိုင်ဆိုင်ဆိုင်ဖြေကြတဲ့ စကားထာလေးပါဗျို့။
စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုပြီး ဖြေဆိုလာကြသူတွေလည်း တွေ့ရပါတယ်နော်။
ဒါကတော့ အိမ်ထောင်ရေးအတွက် ထားသင့်တဲ့ ကျင့်ဝတ်လေးတွေအကြောင်းပြောထားတဲ့ စကားပုံလေးပါ။
မင်မင်မေးတာကတော့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့စကားပုံလေးပါနော်။
ဟင်းချက်ရာမှာ ဟင်းအိုးကို ဂရုတစိုက်ချက်ပြုတ်ရင် ဟင်းကောင်းတစ်ခွက်ရသလို စနစ်တကျ ကန်သင်းဆည်ရင်လည်း စပါးအထွက်ကောင်းခြင်းကို ဆိုလိုထားတဲ့စကားပုံလေးပါ ပရိတ်သတ်ကြီးရေ….
Hlaing Win
ကျော်သိင်္ဂါအောင်
ကိုမင်း
ခင်ပြုံးရီ
Win Nyunt Aung
Tun Lin Zaw တို့ကတော့ ဒီတစ်ပတ်ရဲ့ အဖြေမှန်သူတွေပါဗျို့။
ကံထူးသူတွေကို ဒီနေ့အတွင်းမှာဆက်သွယ်ပြီး ဖုန်းဘေလက်ဆောင်ပေးသွားမှာပါဗျ။ နောက်တစ်ပတ်အတွက် စကားပုံလေးကိုလည်း မြန်မြန်နဲ့မှန်မှန်ဖြေဆိုဖို့ စောင့်ကြည့်လိုက်ရအောင်နော်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်