"ဇရစ်နှင့်ကျန်းမာရေးအကျိူးကျေးဇူးများ"

18/09/2020 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ကျေးလက်ဒေသများတွင် နှစ် ခြိုက် ကြသည့်ဟင်းလျာများတွင် ဇရစ်သည်လည်းပါဝင်ပါသည်။ ဇရစ်မှာ ခံတွင်း မြိန်ရုံသာမက ဆေးဖက်ဝင်သောအပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသောအပင်ငယ်တစ်မျိူးဖြစ်ပါသည်။ မိုးရာသီတွင်ပေါပေါများများ တွေ့ရတတ်သည်။

     မြန်မာ့တိုင်းရင်းဆေးကျမ်းအရ ဇရစ်သည် ချိူ  ၊အေး၊ ဖန် ၊ ချွဲ အရသာရှိသည်။ လည်ပင်းနာ၊ မြင်းသရိုက်နာရောဂါများကို ပျောက်ကင်းစေသည်။ ဇရစ်ကို ကြော်စား ၊ချက်စား၊ ပြုတ်တို့စား၊အချဉ်ဟင်းချက်စား၊သနပ်လုပ်စားကြပါသည်။

   ဇရစ်ကို ငါးနဲ့ချက်စားကြသလို သီးနှံ မျိူးစုံနှင့်လည်း တွဲချက်ကြပါသည်။ ဇရစ်ကို မန်းကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ ပတက်စာ၊ ငှက်ပျောဖူး၊ ခရမ်းသီးအသေး၊ မုန်လာဥဖြူ  ၊ ဗူးသီးနုနု စသည်တို့နှင့်လည်းတွဲဖက်ချက်စားကြပါသည်။

     ငါးနှင့်ချက်စား၍လည်း စားကောင်းသလိုပုစွန်ဆိတ်၊ ဘော့ချိတ်လေးခပ်ပြီး ချက်ပါကလည်း မွှေးမွှေးလေးနဲ့ အရသာရှိလှပါသည်။ မိုးရာသီနှင့်အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။

 ဇရစ်ဟင်း ဆေးဖက်ဝင်ပုံ

     ၁။  ဇရစ်ရွက် နှင့် ငါးကြင်းသား- ချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့်ပတ်သက်သည့်ရောဂါ၊ လည်ဂုတ်ရောဂါ၊ စောင်းရွဲ့သော လေရောဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြုနိုင်သည်။ထို့ပြင် လေသင်တုန်းဖြတ်ခြင်းနှင့် လည်ချောင်းတစ်ဆို့သောရောဂါများကိုလည်း သက်သာစေနိုင်ကြောင်းသိရပါသည်။

     ၂။  ဇရစ်နှင့်ငါးမြင်းရင်းသား -ချက်စားပေးပါက ချွဲ၊ သလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကိုသက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။

     ၃။  ဇရစ်နှင့် ပုစွန်ခြောက်သုပ် - ထို အသုပ်ကိုစားပေးခြင်းအားဖြင့် လည်ချောင်းနာဝေဒနာကို သက်သာစေပါသည်။

       ထို့ပြင် ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိူးမျိူးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသော ဟင်းသီးဟင်းရွက် ၊အသား၊ငါး၊ ပုစွန်တို့ဖြင့်ရောနှော၍လည်း ချက်ပြုတ်စားကြပါသည်။

တိုင်းရင်းဆေးပြုလုပ်ရာတွင်လည်း အသုံးဝင်သည့် ဇရစ်ပင်

      ၁။  ဇရစ်မြစ် (၅)ကျပ်သား၊ ကုန်းထိကရုန်း(၅)ကျပ်သားစီကို အမှုန့် ပြုလုပ်ပြီး ပုလင်းဖြင့်ထည့်ထားပါ။ နေ့စဉ်ဆိတ်နို့စစ်စစ် (၁)ခွက်ဖြင့်ဆေးမှုန့် လက်ဖက်စားဇွန်း (၁)ဇွန်း ထည့်ပြီးသောက်ပေးပါက အမျိူးသားများ အင်အားကုန်ခမ်းသောဝေဒနာကို ကောင်းမွန်စေသည်ဟု ဆိုကြပါသည်။

     ၂။ ထိုဆေးမှုန့်ကိုပဲ နှမ်းဆီစစ်စစ်ဖြင့်ဖျော်ပြီး ကိုယ်ခန္ဓာယားယံခြင်း၊ ဝဲနာရောဂါ၊ ဝဲစိုရောဂါ၊ဝဲခြောက်ရောဂါများကိုလည်း လိမ်းပေးနိုင်ပါသည်။

     ၃။  ဇရစ်ဖူးရဲ့နုတဲ့အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက်၊ အနေတော်လှီးဖြတ်ပြီးဆားနဲ့ အနည်းငယ် နယ်ပေးပါ။ ခဏထားပြီးလျှင် ရေနဲ့ဆေးပြီး ရေညှစ်ပါ။ ကြက်သွန်နီ (သို့) အဖြူကို ပုစွန်အစို (သို့) ပုစွန်အခြောက်နဲ့ရော၍ဆီသတ်ပြီး  ဇရစ်ဖူးကိုထည့်၍ ကြော်ပါ။ ထိုဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ အရံဟင်းအနေဖြင့် နေ့စဉ်(သို့) တပတ် (၄)ကြိမ်ခန့်စားပေးပါက လစဉ်ခံစားနေရတဲ့ အမျိူးသမီးရောဂါများ ပျောက်ကင်းစေကြောင်း မှတ်ရဖူးပါသည်။  ဇရစ်ဖူးကို မန်းကျည်းသီးမှည့်နဲ့ပြုတ်ပြီး တို့စရာ အနေနှင့်လည်း စားပေးနိုင်ပါသည်။

ကျေးလက်ဒေသတွင် လူကြိုက်များသည့် ပုစွန် ချဉ်ပေါင် ဇရစ်ရိုးဟင်း

      ပုစွန်၊ချဉ်ပေါင်၊ ဇရစ်ရိုး ဟင်းချက်ပြုတ်ရာတွင်  ပုစွန်၊ချဉ်ပေါင်၊ ဇရစ်ရိုး၊ပုစွန်ခြောက်၊ခရမ်းချဉ်သီး၊ ကြက်သွန်နီ ၊နနွင်းမှုန့်၊ ငရုတ်သီးစိမ်း၊ ဆား၊ ရေတို့လိုအပ်ပါသည်။

ပြုလုပ်နည်းမှာ 

     ၁။ ပုစွန်များကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသောပုစွန်များကို ဆား၊ နနွင်းမှုန့် တို့ဖြင့် နယ်ထားပါ။

    ၂။ ဒယ်အိုး ကိုမီးဖို ပေါ်တင်ပြီး အိုးပူလာပါက ရေစစ်ထားသည့် ပုစွန်များကို ထည့်၍လှော်ပါ။

     ၃။ ပြီးနောက် ပုစွန်ခြောက်၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ချိူး၍အိုးထဲထည့်ပြီး ရေကိုမြုပ်ရုံထည့်ပါ။

     ၄။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ နွမ်းသွားလျှင် ခြွေထားသည့်  ဇရစ်ရိုး နှင့်ချဉ်ပေါင်ကိုထည့်ပြီး ရေမြုပ်ရုံထည့်ရပါမည်။

     ၅။ အားလုံးနူး၍ ရေစပ်စပ်သာကျန်ပါက အပေါ့အငန်မြည်း၍ အနေတော်ဖြစ်လျှင် မီးဖိုပေါ်မှချ၍ အရသာရှိဖွယ် ပုစွန် ချဉ်ပေါင်  ဇရစ်ရိုးဟင်းကို သုံးဆောင်နိုင်ပါပြီ။

အောက်ပြည်သားတို့အကြိုက် ဇရစ်ရိုး ချဉ်ငံစပ်မွန်ဟင်း

(မရမ်းပြားဟင်း)

    ဇရစ်ရိုးမွန်ဟင်း ချက်ရာတွင်  ဇရစ်၊ ငါး (သို့)ပုစွန်တမျိူးမျိူး ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ မျှင်ငါးပိ၊ နနွင်း ၊ဆားအနည်းငယ်၊ ဆီအနည်းငယ်နှင့် မွန်ဟင်း၏ အဓိကအသက် မရမ်းပြား တို့လိုအပ်ပါသည်။

ချက်ပြုတ်နည်းမှာ 

     ၁။ ဇရစ် ရိုးနုနုကို လက်တဆစ်လောက်လေးတွေ ခြွေပြီးဆားနှင့်နယ်ကာ ခဏထားပြီးပါက ရေဆေးရပါမည်။

     ၂။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ဂျင်း၊ ငရုတ်သီးစိမ်းတို့ကို ရောပြီးထောင်းထားရပါမည်။

     ၃။ ငါး(သို့)ပုစွန်ကို ဆား၊နနွင်း နယ်ထားရပါမည်။

     ၄။ ပြီးနောက် မီးဖိုပေါ်သို့ ဒယ်အိုးတင်ပြီးဆီအနည်းငယ် ထည့်ကာ  ဇရစ်ရိုး၊ ကြက်သွန်ငရုတ်သီးစိမ်းအရောထောင်း၊ မျှင်ငပိ၊ ငါး (သို့)ပုစွန် တို့ကိုထည့်ပြီး ရေစပ်စပ်ဆူပွက်လာသည်အထိ တည်ရပါမည်။ ဟင်းရည်ဆူပွက်လာပါက မွန်ဟင်း၏အဓိကအသက် မရမ်းပြားကို အရည်ဖျော်၍ ထည့်ပြီး အပေါ့အငန် နှင့် ရေကိုလိုသလိုထည့်ပြီး(၂)မိနစ်ခန့်ကြာပါက မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီ။

      ထိုအခါမှာတော့ မိုးရာသီကာလနှင့် အင်မတန်လိုက်ဖက်တဲ့ " ဇရစ်ရိုးချဉ်၊ငန်၊စပ် မွန်ဟင်းရည်"ကို အရသာရှိဖွယ်သုံးဆောင်နိုင်ပါပြီ။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်