နွေစပါးအတွက် ဆောင်းပါးတစ်ဖြတ်

31/01/2021 14:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     ခုချိန် နွေစပါးစိုက်ပျိုးကြမယ့်တောင်သူတွေအတွက် အစိမ်းရောင်လမ်းရဲ့ နွေစပါးနဲ့ပတ်သက်တဲ့ဆောင်းပါးလင့်တွေကို ရှာနေစရာမလိုပဲ လေ့လာနိုင်အောင်လို့ စုစည်းပေးလိုက်ပါတယ်။ 

နွေစပါးစိုက်ပျိုးနည်းစနစ်

နွေစပါးအထွက်ကောင်းရန်စိုက်ချိန်မှန်

နွေစပါးအတွက်ဟန့်တားရမည့်ပေါင်းမြက်

နွေစပါးမှာယူရီးယားဓာတ်မြေဩဇာကျွေးပေးပါ

နွေစပါးသီးထပ်ရင်အထွက်ကောင်းမွန်မှုရေရှည်တည်တံ့ရေး

    ခုတစ်ပတ်မှာတော့ နွေစပါးနဲ့ပတ်သက်တာတွေလေ့လာပြီး နောက်တစ်ပတ်မှာတော့ စပါးမှာကျတတ်တဲ့ ရောဂါအကြောင်းကို ဖော်ပြပေးသွားမှာပါ။ အသုံးဝင်တဲ့ဆောင်းပါးမျိုးဆိုရင် ဆောင်းပါးအောက်ဆုံးမှာရှိတဲ့ အသုံးဝင်ပါသည်ကို နှိပ်ပေးသွားဖို့ မမေ့ပါနဲ့နော်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်