အစိမ်းရောင်လမ်း
နွေစပါးစိုက်ပျိုးနည်းစနစ်

နွေစပါးစိုက်ပျိုးနည်းစနစ်

ဆင်းသီဟ
ဆင်းသီဟ Greenovator 14/01/2020

   နွေစပါးကို တိုက်ရိုက်မျိုးစေ့ချနည်းစနစ်နှင့် စိုက်တာ အသင့်တော်ဆုံးလို့ ပြောချင်ပါ သည်။ တစ်ချို့ဒေသများမှာတော့ ရေမြေအခြေအနေအရ ပျိုးထောင်ကောက်စိုက်စနစ်နှင့် စိုက်လျှင် သင့်တော်တာလည်း ရှိပါမည်။ ကုန်ကျစရိတ်လျော့ချဖို့နှင့် မြန်မြန်ဆန်ဆန် စိုက်ပျိုးပြီးစီးနိုင်ဖို့အတွက် ကြဲပက်နိုင်သည်။ အတန်းလိုက် မျိုးစေ့ချကရိယာဖြင့် စိုက်နိုင်ပါသည်။

အစိုတမန်းပြင်ကာ မျိုးစေ့ချပါ

   တိုက်ရိုက်မျိုးစေ့ချကာ နွေစပါးစိုက်ပျိုးမည့် လယ်‌မြေသည် ရေလုံလောက်စွာရ၍ ရေကို ကောင်းစွာထိန်းနိုင်ရမည်။ ထယ်ရေးနက်နက်ဖြင့် တမန်းညက်အောင် ပြုပြင်ရသည်။ နွားချေး၊ ‌မြေဆွေး၊ စက်ဖွဲပြာများကို တတ်နိုင်သမျှ ညီညာစွာ ကြဲဖြန့်ချရသည်။ ပေါင်းမြက်ပင်များကို ကုန်စင်အောင်ကောက်ပေးရမည်ဖြစ်ပါသည်။

   နောက်ဆုံးထွန်ရေးပြုပြင်ပြီးသည်နှင့် လယ်ကွက်အတွင်းမှရေကို ကတွတ်ပေါက်မှ ထုတ်ပစ်ရသည်။ လိုအပ်ပါက စိမ့်‌မြောင်း၊ ပတ်‌မြောင်းများဖော်၍ ရေကိုပြောင်စင်အောင်ထုတ်ရသည်။ ပြီးက တမန်းပြင်ညီညာအောင် ကြမ်းရိုက်ရန် ဖြစ်ပါသည်။

   အစိုတမန်းပြင်ပေါ်၌ စာပါးစပ်ပြူအညှောင့်ဖောက်ထားသော စပါးမျိုးစေ့ကို ကြဲပက် စိုက်ပျိုးနိုင်သည်။

   မျိုးစေ့ချကရိယာသုံးခြင်း၊ ကြိုးတန်း၍ ကြိုးတန်းတလျှောက် လက်ဖြူးချခြင်း၊ လက်စုချခြင်း စသည့်နည်းစနစ်များအနက် သင့်တော်ရာနည်းစနစ်ဖြင့် အတန်းလိုက်မျိုးစေ့ချ စိုက်ပျိုးနိုင်ပါသည်။ 

သင့်တော်သည့်စပါးမျိုး အချိန်မှန်စိုက်ပျိုး

   မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် ဖေဖော်ဝါရီလလယ်တွင် အပြီးစိုက်သင့်သည်။ ရေ‌မြေအခြေအနေအရ စိုက်ချိန်ကွဲပြားနိုင်သော်လည်း နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းနိုင်ရေး၊ စပါးပင်ကြီးထွား ဖွံ့ဖြိုးချိန်တွင် အပူချိန်နိမ့်လွန်းခြင်း၊ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းတို့ ကြုံတွေ့မှု မရှိစေရေး စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးရန်ဖြစ်ပါသည်။ မိမိရေမြေနှင့်ဒေသအလိုက် သင့်တော်သောစပါးမျိုးကို ရွေးချယ် စိုက်ပျိုးရပါမည်။

   မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ သီးထပ်ရင်စပါးမျိုးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ရွှေသွယ်ရင်စပါးမျိုးတို့သည် ဒေသရေ‌မြေနှင့်ကိုက်ညီပြီး အစိုတမန်းပြင်၌ တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်သည့် စပါးမျိုးများဖြစ်ပါသည်။

   ယခုအခါ ရတနာတိုး၊ ရက် ၉၀၊ နှံကောက်နှင့် အခြား သက်လျင်အထွက်ကောင်း စပါးမျိုးများကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ချိန်စောပါက သက်လျင်အထွက်ကောင်း စပါးမျိုးများသာမက မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်အထွက်ကောင်းစပါးမျိုးကိုလည်း စိုက်ပျိုးနိုင်သည်။ သို့သော် ရိတ်သိမ်းချိန်တွင် မိုးဦးကျမုတ်သုန်မိုးနှင့် ကြုံတွေ့၍ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စိုက်ပျိုးမည့်မျိုးနှင့် စိုက်ချိန်ကို ကြိုတင်ချိန်ဆစိုက်ပျိုးရန် ဖြစ်ပါသည်။

   အစိုတမန်းပြင်၌ စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် ကြဲပက်ပါက တစ်ဧကလျှင် မျိုးစေ့ နှစ်တင်းနှုန်းမှ သုံးတင်းနှုန်း၊ ကြိုတန်းတန်း၍ လက်ဖြူးချခြင်း၊ လက်စုချခြင်း ဆောင်ရွက်ပါက တစ်ဧကလျှင် မျိုးစေ့ နှစ်တင်းနှုန်း၊ ၆ လက်မခြား မျိုးစေ့ချကိရိယာဖြင့် စိုက်ပါက တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲမှ နှစ်တင်းနှုန်း၊ ၈ လက်မခြား မျိုးစေ့ချကရိယာ သို့မဟုတ် ဗီယက်နမ်မျိုးစေ့ချကရိယာတို့ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးစေ့ တစ်တင်းခွဲနှုန်း အသုံးပြုစိုက်ပျိုးရန်ဖြစ်ပါသည်။

   ပေါင်းမြက်ပေါက်ရောက်မှု များလေ့ရှိသည့် လယ်‌မြေ၌ မျိုးစေ့နှုန်းကို ပိုမိုသုံးစွဲသင့်ပါသည်။ အစိုတမန်းပြင်၌ အပင်ပေါက်လာသည့်အခါ အကျယ်အဝန်းတစ်မီတာပတ်လည် အတွင်း စပါးပင် ၂၀၀ မှ ၃၀၀ အတွင်းရှိက စပါးအထွက်မြင့်မားမည်။ စပါးပင် ၁၅၀ အောက် အပင်ပေါက်လာက စပါးအထွက်နည်းနိုင်သည်ဟု သိရပါသည်။

   ထို့ကြောင့် စိုက်တမန်းမကောင်းခြင်း၊ မျိုးစေ့မချမီ ရေကို ပြောင်စင်အောင်မထုတ်နိုင်၍ ရေချိုင့်၊ ရေခွက်များကျန်ရှိခြင်း၊ ‌မြေမျက်နှာပြင်ညီညာအောင် ကြမ်းမရိုက်နိုင်ခြင်း စသည့် စပါးစေ့အပင်မပေါက်နိုင်သည့် အ‌ခြေအနေအရပ်ရပ်အပေါ်မူတည်၍ မျိုးစေ့နှုန်းကို တိုးမြှင့်သုံးစွဲရန်လိုအပ်မည် ဖြစ်ပါသည်။

အထူးသတိထားပေါင်းမြက်များ

    အစိုတမန်းပြင် စပါးတိုက်ရိုက်မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ဖျက်ဆီးမှုကို ကောင်းစွာ နှိမ်နင်းနိုင်ရသည်။ မျိုးစေ့ချပြီး သုံးရက်အတွင်း ပေါင်းမြက်ပင်များမပေါက်မီ ကြိုတင်ကာကွယ်သည့် ပေါင်းသတ်ဆေးကို ပက်ဖျန်းနိုင်သည်။ သို့မဟုတ် မျိုးစေ့ချပြီး ရေမသွင်းဘဲ အ‌ခြောက်ခံကာ ပေါင်းမြက်ပင်များ ပေါက်ရောက်ခွင့်ပေးပြီး ပေါင်းမြက်ပင်များ အရွက်နှစ်ရွက်မှ သုံးရွက် ထွက်ချိန်တွင် ပေါင်းမြက်အပင်ပေါက်ပြီး ပက်ဖြန်းရသည့် ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်။

   စိုက်ပျိုးသည့်စပါးမျိုး၏ သက်တမ်းအလိုက် ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်း ကင်းစင်စေရေး ဆောင်ရွက်ရန်လိုသည်။ စိုက်ခင်းအတွင်း ရေကို စနစ်တကျထိန်းသိမ်းပေးခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးဖျန်းခြင်း စသည့် ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံးရန် ဖြစ်ပါသည်။

   စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးပြီး နှစ်ပတ်သားခန့်မှစ၍ ရေကိုပေးသွင်းရန်ဖြစ် သည်။ ရေကိုထိန်းသိမ်းထားခြင်းသည် ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်နှိမ်နင်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။ 

   သို့သော် ပေါင်းမြက်ပေါက်ရောက်မှု နည်းပါးလေ့ရှိသည့် လယ်မြေများ၌ ရေကို ချွေတာ၍ အကျိုးရှိစွာသုံးစွဲမှုအ‌နေဖြင့် စိုတစ်လှည့်ခြောက်တစ်ခါ ရေပေးစနစ်ကို ဆောင်ရွက်နိုင်သည်။ ၄င်းစနစ်မှာ စိုက်ခင်း၌ ရေပြတ်သွားသော်လည်း မြေအောက်ရေ ၆ လက်မခန့်သို့ ရောက်ရှိမှသာ နောက်တစ်ခါ ရေပေးသွင်းခြင်းနည်းလမ်းဖြစ်သည်။ ရေပေးသွင်းစရိတ် သက်သာခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ပါသည်။

အာဟာရစုံစွာမြေသြဇာ

   စပါးပင်ရှင်သန်ကြီးထွားရေး ပွင့်သီးရေးအတွက် အဓိကလိုအပ်သော နိုင်ထရိုဂျင်၊ ဖော့စ်ဖားရပ်၊ ပိုတက်ဆီယမ်နှင့် အခြားအနည်းလိုအဟာရဓါတ်များ ရရှိစေရန် သဘာဝမြေသြဇာ နှင့် ဓါတ်မြေသြဇာနှစ်မျိုးလုံးကို ကျွေးပေးရန်လိုပါသည်။ 

   သဘာဝမြေသြဇာကို မျိုးစေ့မချမီ ထွန်ရေးတမန်းပြုပြင်စဉ်ကပင် လယ်ကွက်အတွင်း ညီညာစွာကြဲ၍ ‌မြေနှင့်သမနေအောင် ထွန်မွှေထည့်သွင်းရန် ဖြစ်ပါသည်။

ဓါတ်‌မြေသြဇာများတွင် နိုင်ထရိုဂျင်ဓါတ်ပါဝင်သော ယူရီးယား‌မြေသြဇာကို အပင်ပွားချိန်၏ အစောပိုင်းနှင့် အလယ်ပိုင်းကာလတို့တွင်လည်းကောင်း၊ မှို့ကပ်ချိန်နှင့် အစေ့အဆံပြည့်ဖြိုးချိန်တို့တွင်လည်းကောင်း ထည့်သွင်းပေးရသည်။ ယူရီးယားမြေသြဇာ ကျွေး တိုင်း ထုထည်တူမြေဆွေး (သို့မဟုတ်) နွားချေးမြေဆွေးနှင့် သမအောင်ရော၍ တစ်ညနှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်း ညီညာစွာကြဲပက်ပေးရန် ဖြစ်ပါသည်။

   ဖေါ့စ်ဖါးရပ်ဓါတ်ပါဝင်သော တီစူပါဓါတ်မြေသြဇာနှင့် ပိုတက်စီယံဓါတ်ပါဝင်သော ပိုတက်ဓါတ်မြေသြဇာတို့ကို ထွန်ရေးတမန်းပြင်ချိန်တွင် ထည့်သွင်းပေးရန် ဖြစ်သည်။ ပိုတက်ဓါတ်မြေသြဇာကို စပါးပင်၌ အနှံလောင်းဖြစ်တည်ချိန်မတိုင်မီအထိ တစ်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကြဲပက်ပေးသင့်ပါသည်။

အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်

   စပါးနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်သည် စပါးရိတ်သိမ်းချိန်မှန်ဖြစ်ပါသည်။ ထိုအချိန်သည် အနှံထွက်ပြီး ၂၈ ရက်မှ ၃၅ ရက်သားတွင် ဖြစ်နိုင်သည်။ ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့ရန်ဖြစ်သည်။ စပါးရိတ်သိမ်းစက်၊ စပါးချွေလှေ့စက် (သို့မဟုတ်) စပါးရိတ်သိမ်းချွေလှေ့စက်များဖြင့် ရိတ်သိမ်းချွေလှေ့ပါက အလေအလွင့်နည်းပါးမည်ဖြစ်ပါသည်။

ဆင်းသီဟ

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Htet Zaw Aung

Htet Zaw Aung

လွန်ခဲ့သော ၃ နှစ် က

မြေအောက်ရေ ၆လက်မဆိုတာကို ရှင်းပြပေးလို့ရမလားဗျ

Tun Win

Tun Win

လွန်ခဲ့သော ၃ နှစ် က

နည်းပညာပေးတာ ကျေးဇူးတင်ပါတယ် ခမျာ

စောအယ်ယွား

စောအယ်ယွား

လွန်ခဲ့သော ၃ နှစ် က

Thank

Ko Khaing Zin

Ko Khaing Zin

လွန်ခဲ့သော ၄ နှစ် က

## ### gb### qqg #vk m tn###?#cgmvgvy#vy#

Ko Khaing Zin

Ko Khaing Zin

လွန်ခဲ့သော ၄ နှစ် က

y#####

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 0 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....