စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ value added ထုတ်ကုန်များ အကြောင်း လေ့လာနိုင်ခြင်း

06/08/2018 18:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရွှေမိုးစံကတော့ တက်လမ်း စိုက်ပျိုးရေးအဖွဲ့ရဲ့ Facilitator တစ်ယောက်ဖြစ်ပါတယ်။ သူက မင်းပြားမှာ ကျင်းပခဲ့တဲ့ အစိမ်းရောင်လမ်း အပလီကေးရှင်း (App) သင်တန်းကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီ သင်တန်းကိုတော့ တက်လမ်းစိုက်ပျိုးရေးအဖွဲ့ကလယ်သမားတွေ စမတ်ဖုန်းပေါ်ကနေ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ 

“ဒီ App ကို သုံးပြီး လယ်သမားတွေအနေနဲ့ အကျိုးကျေးဇူးတွေအများကြီးရမယ်လို့ ယုံကြည်ပါတယ်။ ဥပမာ ပြောရရင် ဖရဲသီးတို့ သရက်သီးတို့ကနေပြီး value added ပစ္စည်းတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းတွေ ပါပါတယ်။ ဒါ့အပြင် အပင်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတွေလည်းပါတယ်။ စာမတတ်တဲ့လယ်သမားတွေအတွက်လည်း ဗဟုသုတ ရမယ့် ဆောင်းပါးတွေကို audio နဲ့နားထောင်လို့ရအောင်လုပ်ပေးထားတယ်။ ဒါကလည်း အရမ်းအကျိုးကျေးဇူးရှိတဲ့အချက်ပါ” လို့ ရွှေမိုးစံက ပြောပါတယ်။ 

မူရင်းဆောင်းပါး- တက်လမ်း စီမံကိန်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်