ကြာရှည်အထားခဲ့မယ့် ခရမ်းချဉ်သီးအနှစ်နဲ့ အချဉ်ရည်ပြုလုပ်နည်း

23/09/2024 16:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ခရမ်းချဉ်သီးတွေ ဈေးကျနေတယ် လွှင့်ပစ်နေရတာတွေ သတင်းတွေထဲမှာ မြင်ရကြားရတော့ တကယ်လည်း စိတ်မချမ်းသာပါဘူး၊ 

ခရမ်းချဉ်သီးတွေကို လွှင့်မပစ်ပဲနဲ့တစ်ခြား လုပ်လို့ရတာ မရှိဘူးလားဆိုတော့ 

တောင်သူတွေအနေနဲ့ ဘာတွေလုပ်လို့ရမလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်ခင်ဗျာ

  • ယိုထိုးထားပြီး ပြန်ရောင်းလို့ရပါတယ်။
  • ဟင်းအနှစ်ချက်ထားလို့ရပါတယ်။ 

ဒါက ကျွန်တော်တို့ တောင်သူဦးကြီးတွေ သိပြီးသားတွေဖြစ်ပါတယ်။ 

အရင်းတော့ နည်းနည်းထပ်စိုက်ရမယ်။ ဒါပေမဲ့ အထားခံတယ်၊ ပြန်ရောင်းလို့ရပါတယ်။ 

ယိုထိုးတာ အလုံးလိုက် ထိုးလို့ရသလို ကြိတ်ချေပြီးမှလည်း ထိုးလို့ရတဲ့နည်းလမ်းလည်းရှိပါတယ်

 အစိမ်းရောင်လမ်းကတင်ထားပေးတဲ့ လွယ်ကူရိုးရှင်းတဲ့ ခရမ်းချဉ်သီးယိုထိုးနည်းကို ဝင်ဖတ်လို့ရပါတယ်။

နောက်တစ်ခုက ဟင်းအနှစ်ချက်ထားတာပါ။ အဲ့အတွက်ကိုလည်း မိသားစုအတွက် ခရမ်းချဉ်သီး အနှစ်ပြုလုပ်ထားရအောင် ဆောင်းပါးကို ဝင်ကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။ 

နောက် ဘာတွေ လုပ်လို့ရနိုင်သလဲဆိုတော့ အနှစ်ထုတ်ထားလို့ရတယ်။ ရေခဲသေတ္တာထဲ လေလုံအိတ်နဲ့ထည့်ပြီး ခဲထားမယ်ဆိုရင်တော့ ၃ လ လောက်အထိ ခံပါတယ်။ မဟုတ်ရင်တော့ (၃)ရက်ကနေ (၅) ရက်ပဲ ခံမှာပါ။ 

စည်သွပ်ထားတယ်ဆိုရင်တော့ တစ်နှစ်လောက်အထိ ခံပါတယ်။ (စီးပွားဖြစ်ထုတ်လုပ်လိုသူတွေအတွက်ပါ)

ခရမ်းချဉ်သီးအနှစ် ဘယ်လိုထုတ်မလဲဆိုရင်

ခရမ်းချဉ်သီး အမှည့်၊ သံလွင်ဆီ (ထည့်ချင်ရင်)၊ ဆားနဲ့ ငရုတ်ကောင်း (အရသာအတွက်) ၂ မျိုးနဲ့ သံလွင်ဆီ ထည့်ရင် (၃)မျိုးပဲ လိုပါတယ်။ 

ချက်ဖို့ အိုးရယ် ကြိတ်လို့ရတဲ့ ကြိတ်စက်ရယ်နဲ့ ဇကာ ရှိထားဖို့တော့လိုပါမယ်။ 

ခရမ်းချဉ်သီးတွေကို ရေဆေး၊ ခဏပြုတ်ပြီးတော့ ရေခဲရေထဲ ထည့်စိမ်လိုက်ရင် အခွံခွာလို့ရပါတယ်။ အခွံခွာထားတဲ့ ခရမ်းချဉ်သီးတွေကို အိုးထဲထည့် (သံလွင်ဆီထည့်မဲ့သူက သံလွင်ဆီလေးပါထည့်)၊ ပြီးရင် မီး အလယ်အလတ်လောက်နဲ့ ပွက်ပွက်ဆူအောင်တည်၊ ချေပေးနေရင်းနဲ့ ၁၅-၂၀ မိနစ်လောက်ဆို ပျော့ပြီးတော့ စစ်ထုတ်ရည်လေးတွေ ထွက်လာမှာပါ။

အဲ့ဒါကို ကြိတ်ချေပြီးအနှစ်တိုက်ထား စကာနဲ့စစ်၊ (အကုန်ချေပြီးလို့ မစစ်လည်းရပါတယ်။) ပြီးရင် နောက်ဆုံးမှာ ဆားနဲ့ ငရုတ်ကောင်းထည့်လိုက်ရင် ခရမ်းချဉ်သီးအနှစ် ရပါပြီ။ 

ပျစ်ချင်ရင် မီးအေးအေးနဲ့တည်၊ အရသာအတွက် အိမ်သုံးဆိုရင် ကြက်သွန်နီ၊ တို့ မုန်လာဥတို့ထည့်လို့ရပါတယ်။ 

ဘယ်မှာပါဝင် အသုံးပြုလို့ရမလဲဆိုရင် 

ဟင်းချက်တဲ့နေရာတွေမှာ၊ ပါစတာ အနှစ်လုပ်တဲ့နေရာတွေ၊ အချဉ်ဓာတ်လေးထည့်ချင်တဲ့နေရာမှာ (စွပ်ပြုတ်တို့ )၊ ပီဇာတို့နဲ့ တွဲစားလို့ရပါတယ်။

Tomato Ketchup (ခရမ်းချဉ်သီး အချဉ်ရည်) ပြုလုပ်နည်း

ကြက်ကြော်တို့ အာလူးကြော်တို့ ကြက်ဥကြော်တို့နဲ့ တို့စားဖို့ အဆင်ပြေအောင် ခရမ်းချဉ်သီးပေါတဲ့ကာလမှာ ခရမ်းချဉ်သီးနဲ့ အချဉ်ရည်လေးလုပ်ထားရင် ဈေးတွေမှာရောင်းတာထက် ကျန်းမာရေးနဲ့လည်း ပိုပြီးတော့ ညီညွတ်တယ် ကိုယ်ဘာသာလုပ်တာဆိုတော့ ကုန်ကျစရိတ်လည်းသက်သာတဲ့အပြင်ကို ပေါပေါများများလည်း စားရမှာဆိုတော့ ခုပဲလုပ်ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

-    ခရမ်းချဉ်သီး အနှစ်

-    ကြက်သွန်နီ

-    ကြက်သွန်ဖြူ နဲ့

-    ဂျင်း

-    ဟင်းခတ်မှုန့် (ငရုတ်သီးမှုန့်)

-    သကြား (အညိုရလျင်ထည့်ပါ)

-    ပန်းသီးရှာလကာရည်၊ (ရိုးရိုးရှာလကာရည်လည်းရပါတယ်။)

ခရမ်းချဉ်သီး အနှစ်ကတော့ ပြုတ်ပြီးတော့ အခွံခွာ၊ အစေ့ကြိုက်ရင်တော့ အကုန်လုံးကြိတ်ချေထည့်၊ မကြိုက်ရင်တော့ ညှစ်ထုတ်ပြီးထားထားပေးပါ။ ကြက်သွန်နီကို ဆီနဲ့ အရောင်က အညိုလေးမဖြစ် တစ်ဖြစ် ပျော့ပျော့အနေအထားကို ဆီပူတိုက်ပြီးရင် ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ငရုတ်သီးမှုန့်တို့ကိုထည့်၊ အချဉ်အတွက် ရှာလကာရည်ထည့်၊ သကြားအညိုနည်းနည်းထည့်၊ အရသာအတွက် ဆားလေးလည်း နည်းနည်းထည့်ပြီးရင်စ ချက်ပါမယ်။

ဇွန်းနဲ့ ခရမ်းချဉ်သီးလေးတွေကို ကြိတ်ချေပေးပါ။ မွှေပေးပြီးတော့ အနှစ်တွေပျစ်လာတဲ့အချိန်ကျ စိတ်တိုင်းကျပြီဆိုရင် အအေးခံပြီးတော့ ရေခဲသေတ္တာထဲမှာဆိုရင် တစ်လလောက် သိမ်းထားလို့ရပါတယ်။

ဒီအချဉ်ရည်လေးကို အိမ်မှာ အဆင်ပြေသလို စားလို့ရပါတယ်။ ခေါက်ဆွဲသုပ်တာပဲဖြစ်ဖြစ်၊ အကြော်အလှော်လေးနဲ့ပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်စားလို့ရတဲ့ အပြင်ကိုမှ ပြန်ပြီးတော့လည်း ရောင်းချလို့ရနိုင်ပါသေးတယ်။

Reference:

https://thethingswellmake.com/easy-homemade-tomato-paste-recipe/ 

https://www.inspiredtaste.net/27375/homemade-ketchup-recipe/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်