အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်ဆေးရည်ကို ပုံစံအမျိုးမျိုးဖြင့် အော်ဂဲနစ်မြေသြဇာအဖြစ် အသုံးချခြင်း

ဆန်ဆေးရည်ကို ပုံစံအမျိုးမျိုးဖြင့် အော်ဂဲနစ်မြေသြဇာအဖြစ် အသုံးချခြင်း

Thar Po
Thar Po • 06/05/2022

အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတစ်ဦးက မေးလာပါတယ်။

ဆန်ဆေးရည်ကို အပင်အားဆေးအဖြစ် မြေကြီးကိုဖျန်းပေးရင် ဘယ်လို အကျိုးအာနိသင်တွေ ရနိုင်ပါသလဲတဲ့။

ဒီမေးခွန်းမေးပေးတဲ့ ဖြူးမြို့က မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ မေးလည်း မေးသင့်ပါတယ်။

အမှန်တကယ်လည်း မြန်မာနိုင်ငံမှာ အိမ်ထောင်စု သန်းပေါင်းများစွာဟာ ဆန်ကို ထမင်းအဖြစ် နေ့စဥ် ချက်ပြုတ်နေပေမယ့် ဆန်ဆေးရည်ကိုတော့ သွန်ပစ်ကြတာများပါတယ်။

အဲ့ဒီလို သွန်ပစ်တဲ့ ဆန်ဆေးရည်ထဲမှာ အာဟာရဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပါတယ်။

ဆန်ဆေးရည်ကို..

- အသားအရေ လှပချောမွေ့ဖို့ မျက်နှာသစ်ရာမှာအသုံးပြုခြင်း။

- ဆံကေသာနက်မှောင်ဖို့ ခေါင်းလျှော်ရာမှာ အသုံးပြုခြင်း။

- ဟင်းသီးဟင်းရွက်များ အဆိပ်အတောက်၊ အနံ့အသက်များဖယ်ရှားဖို့ အသုံးပြုခြင်းတွေအတွက်လောက်သာ လူသိများကြပါတယ်။

အပင်တွေအတွက်  အကျိုးရှိထိရောက်တဲ့ အော်ဂဲနစ်မြေသြဇာအဖြစ် အသုံးပြုနိုင်တာကိုတော့ သိရှိသူနည်းပါလိမ့်မယ်။

ဒါကြောင့်လည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ရေးသားတင်ပြလိုက်ပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

- နိုက်ထရိုဂျင်(N)

- ဖော့စဖရပ်(P)

- ပိုတက်စီယံ(K)

- ဗိုက်တာမင် (Vitamins)

- အမျှင်ဓာတ် (Fibres)

- အမိုင်နိုအက်ဆစ် (Amino Acids)

- ပရိုတိန်း (Proteins)

- သံဓါတ် (Iron)

- ဇင့် (Zinc) 

- ကယ်လ်စီယံ (Calcium) စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

ဒီအာဟာရဓာတ်တွေဟာ  အိမ်ခြံဝန်းနဲ့ အိမ်တွင်းအလှစိုက်ပင်တွေအတွက် လုံလောက်တဲ့ အော်ဂဲနစ် မြေသြဇာဖြစ်ပါတယ်။

 အပင်များအတွက် ဆန်ဆေးရည်ရဲ့ အကျိုးအာနိသင်များ Benefit of  rice water for plants

- ကာဘိုဟိုက်ဒြိတ်များစွာပါဝင်လို့ အပင်အတွက် ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်ဓာတ်တွေ ပေးစွမ်းနိုင်လို့ အပင်ကြီးထွားမြန်စေပါတယ်။

- မြေကြီးထဲမှာ ရှိနှင့်ပြီးသော အကျိုးပြုဘက်တီးရီးယားတွေကို ပိုမို တိုးတက်ပွားများ စေလို့၊ အပင်အမြစ်တွေ အစာစုပ်ယူမှု အားကောင်းစေပါတယ်။ (မြေဆီလွှာ  ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေပါတယ်။)

- အပင်ကို ဖျန်းပေးခြင်းဖြင့် စုပ်စားပိုးများ မလာအောင် တားဆီးကာကွယ်ပေးပါတယ်။

- မြေထဲမှာN,P,K အာဟာရဓာတ်တွေ ပိုမို တိုးတက်စေပါတယ်။

- အပင်တွေအတွက် ပိုးမွှားရောဂါ ခံနိုင်ရည်ရှိပြီးကြီးထွားသန်မာ၊ အပွင့်အသီးလှပစေပါတယ်။

 ဆန် ဆေးရည်(အစိမ်း) ရယူခြင်း (rice water from washing)

- ဆန်ဆေးရာမှာ ၂-၃ မိနစ်ခန့်  ရေနောက်ကျိသည်အထိ မွှေပေးပါ။

- အပင်အတွက် အသုံးပြုရန် ဆန်ဆေးတဲ့အခါ ပထမဆုံးအကြိမ် ဦးရည်ကို သီးသန့်ခွက်ထဲမှာ ယူထားပါ။

 ဆန်ဆေးရည် (အကျက်)ရယူခြင်း (rice water from boiling)

 - ထမင်းချက်ရာမှာ ရေကို ပိုများထည့်ပြီး ရေနွေးပွက်လာတာနဲ့ သီးသန့်ခွက်ထဲမှာ အအေးခံပြီးရယူပါ။ (ယူမည့် ရေပမာဏ ကြိုတင်ချိန်ဆပါ)

 အချဥ်ဖောက်ပြီး အသုံးပြုခြင်း (Fermemtation)

 - ဆန်ဆေးရည် တစ်လီတာ ရယူပါ။

- သီးသန့်ဗူးအလွတ်ထဲသို့ ဆန်ဆေးရည် ၄ ပုံ၊ ၃ ပုံခန့် ထည့်ပါ။

- ထို့နောက် သကြား ၅ ဂရမ်(လက်ဖက်ရည်ဇွန်းတဇွန်း) သို့မဟုတ် တင်လဲရည်/သကာရည် ၂ဇွန်းထည့်ပါ။

- နွားနို့ သို့မဟုတ် ဒိန်ချဥ် (လဘက်ရည်ဇွန်း-၄ဇွန်း)ထည့်ပါ။

- အဖုံးပိတ်ပြီး သမအောင် လှုပ်ပေးပါ။

- အရိပ်အောက်မှာ ၃-၄ ရက်ထားပြီးရင် အသုံးပြုလို့ရပါပြီ။

သုံးစွဲနည်းစနစ် (Application methods)

- ဆန်ဆေးရည်တစ်ဆကို ရေ ၁၀ ဆ ရောပြီး အပင်ခြေကို မနက် သို့မဟုတ် ညနေအချိန် လောင်းပေးနိုင်ပါတယ်။

- ဥယျာဥ်ခြံ သီးနှံများ၊ အိမ်တွင်းအလှစိုက်ပင်များမှာလည်း အသုံးပြုနိုင်ပါတယ်။

- အပင်အမျိုးအစားပေါ်မူတည်ပြီး နှုန်းထားကို ချိန်ဆလောင်းပါ။ (များလွန်းရင် ဆိုးကျိုးရှိနိုင်ပါတယ်။)

- အချဥ်ဖောက်ရည်ကို ပိုးမွှားကာကွယ်ဆေးအဖြစ် အရွက်ဖျန်းပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ (ရေတလီတာ လက်ဖက်ရည်တစ်ဇွန်း)

- succulents (ကန္တာရပင်) ပင်များအတွက်လည်း ဖျန်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

အောင်ငြိမ်းချမ်း

အောင်ငြိမ်းချမ်း

လွန်ခဲ့သော ၁ လ က

Fermentation လုပ်တဲ့အခါ သုံးတာက အစိမ်းလား၊ အကျက်လားဗျ

Akari Maung

Akari Maung

လွန်ခဲ့သော ၈ လ က

ငရုတ်ပွအပင်တွက်သုံးရင်ရော အချဥ်ဖောက်ပြီးမှသုံးလို့ရတာလား ဒီတိုင်းသုံးလို့မရဘူးလားရှင့်

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၂ နှစ် က

ဆန်ဆေးရည်က၊မြေချဥ်မြေငံကို ပြုပြင်ပေးတာမဟုတ်ဘဲ၊မြေတွင်းအနုဇီဝလေးတွေ ပွားများအောင်လုပ်ပေးပါတယ်။အပင်အတွက်အစာအာဟာရဓါတ်ကို အထောက်အကူဖြစ်စေပါတယ်။

minzawwin

minzawwin

လွန်ခဲ့သော ၃ နှစ် က

ဆေးရွက် ြကီးဖျန်းလို့ရလား

ကျော်လင်း သိုက်

ကျော်လင်း သိုက်

လွန်ခဲ့သော ၃ နှစ် က

ငရုပ် ကိုလောင်ရလား

You

ဆက်စပ်မေးခွန်းများ

ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ

KYAW SHANE • ဖြေကြားချက် 7 ခု

စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်လဲ

Theint Theint Nway • ဖြေကြားချက် 2 ခု

နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

ဘာရောဂါကြတာလဲဗျ

သန်းထိုက်အောင် • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။