အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းမှ မကြာမီစတင် ဆုတ်ခွာပါတော့မယ်

12/09/2019 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁၁-၉-၂၀၁၉ နံနက်(၀၀:၀၆)နာရီ။

   မြေပြင်အထက်ပေ(၅၀၀၀)အမြင့် နဲ့ ပေ(၃၈၀၀၀)အမြင့်တေွမှာ (၁၀-၉-၂၀၁၉)ရက်မှ (၁၆-၉-၂၀၁၉) ရက်တစ်ပတ်အတ ွင်း တိုက်ခတ်နိုင်တဲ့လေတိုက်ခတ်မှုခန့်မှန်းချက်အရ အ နောက်တောင်မုတ်သုံလေဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းဒေသများတွင် အားပျော့ (Feeble) နေပါတယ်။ ဒါကြောင့် စက်တင်ဘာလ(၁၅)ရက်ခန့်တွင် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ် ခွာသွားလိမ့်မယ်လို့ခန့်မှန်းရပါတယ်။

   ကျန်ရှိနေ သေးသောဒေသများဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှ စက်တင်ဘာလ(၂၀)ရက်ခန့်တွင်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများမှ စက်တင်ဘာလ(၂၅)ရက်ခန့်တွင်လည်းကောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ အောက်တိုဘာလဆန်းခန့်တွင်လည်းကောင်း ဆက်လက်ဆုတ်ခွာသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်