ဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်၏ ပြောစကား
အာဖရိကနိုင်ငံ ဖြစ်သည့် Ivory Coast တွင် ဖြစ်ပေါ်သော မြန်မာ့ဆန် ကိစ္စကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် အချက်အလက် ပြည့်စုံစွာ စုံစမ်းဖော်ထုတ်ပြီး သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။
အာဖရိကဈေးကွက်သည် ယှဉ်ပြိုင်မှုအလွန်ပြင်းထန်ပြီးပါကစ္စတန်, အိန္ဒိယတို့မှ ဆန်တင်သွင်းသည့် ကုမ္မဏီများနှင့် မြန်မာ, ဗီယက်နမ် စသောနိုင်ငံများမှ တင်သွင်းသူများ အကြား ပြင်းထန်စွာယှဉ်ပြိုင်လေ့ ရှိပါသည်။
မူရင်း သတင်းတင်ပြသည့် BBC သတင်းထောက်နှင့်ထပ်ဆင့် တင်ပြသည့် African News Agency တို့ကို ဆက်သွယ်ထားပါသည်။ အဆိုပါသင်္ဘောအတွက်ဆန်ရောင်းပေးသည့် ပြည်တွင်းကုမ္ပဏီများကိုလည်း စုံစမ်းလျက်ရှိပါသည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများသည် FOB Yangon စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ်အရောက် အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ဆန်ဝယ်ယူသည့် Buyer များသည် အချိန်မှန်စွာဖြင့်သင်္ဘောမှ ကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (long Storage) သည် ဖြစ်ပေါ်ပြီး အရည်အသွေး ထိခိုက်နိုင်မည် ဖြစ်ပါသည်။ ယခုကိစ္စတွင်လည်း ယေဘုယျအားဖြင့်အာဖရိကနိုင်ငံ (၄) နိုင်ငံအထိ ကုန်မချနိုင်ဘဲ လှည့်ပတ်နေရသည့် အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြသနာပင် ဖြစ်နိုင်ပါသည်။ ဆန်ဝယ်သည့် Buyer အနေဖြင့် အဆိုပါကိစ္စတွင် အဓိက တာဝန်ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်။
ဆန်ဝယ်သူ (buyer) များသည် အဓိကဝယ်ယူစားသုံးသူ (End buyer consumer) များမဟုတ်ဘဲ ကြားခံကုန်သည် (Trader) များသာ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ, ဈေးကွက်တစ်ခုအတွက် ဝယ်ယူသွားပြီး ကုန်ချ လျှင် ယခုလို ပြသနာမျိုးကို ရှောင်လွဲနိုင်မည်ဖြစ်ပါသည်။
အသင်းချုပ်အနေဖြင့် မြန်မာ့ဆန် အရည်အသွေးစံချိန်စံညွှန်းကိစ္စကို နိုင်ငံတကာ အဆင့်မီစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပတင်ပို့သူ(Exporter) များ နှင့် သင်္ဘောမတင်မီ နှင့် တင်စဉ်တွင် စစ်ဆေးရသည့် Third Party Inspection Agency များအနေဖြင့်လည်း ထိရောက်စွာ နှင့် တိကျစွာဖြင့် အရည်အသွေး ပိုင်းတွင် စီမံဆောင်ရွက်သွားဖို့ နည်းလမ်းများရှာဖွေ လုပ်ကိုင်သွားပါမည်။ ကြားခံကုန်သည် (trader) များကို ရောင်းချမှုကြောင့် ယခုလို ပြသနာများ ပေါ်ပေါက်ရသဖြင့် end buyer များအထိ ချိတ်ဆက်ရောင်းချနိုင်သည့် အစီအစဉ်များ နှင့် G to G ရောင်းချမှု အစီအစဉ်များ စီစဉ်ရန် လိုအပ်ပါသည်။
Exporter များ, ဆန်စက်ပိုင်များ အနေဖြင့်လည်း အရည်အသွေး ပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှုကို ပို၍ ဦးစားပေးလုပ်ကိုင်သွားရန် လိုအပ်ပါသည်။ ယခုဖြစ်ပေါ်မှုသည်မြန်မာ့ဆန် ပြည်ပတင်ပို့မှု ဈေးကွက်အတွက် ကြီးမားစွာ သက်ရောက်မှု ရှိ၍ အချက်အလက်ပြည့်စုံစွာဖြင့် ဖြေရှင်းထုတ်ပြန်သွားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဦးရဲမင်းအောင်၏ မူရင်းရေးသားမှုအတိုင်း ပြန်လည် ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thein Soe Min
အားလုံး
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026