ကကတစ်ငါး စီးပွားဖြစ် မွေးမြူနည်းများ အပိုင်း-၃
(၂) ကကတစ်ငါးအား ကန်ဖြင့်မွေးမြူခြင်း
ကကတစ်ငါးအား ကန်ဖြင့်မွေးမြူရာတွင် နည်းစနစ်(၂) မျိုးဖြင့်မွေးမြူနိုင်ပါသည်။
(က) ကကတစ်ငါးတစ်မျိုးတည်းသာ မွေးမြူခြင်းနည်းစနစ် (Monoculture) နှင့်
(ခ) ကကတစ်ငါးအား အခြားငါးအမျိုးအစားများဖြင့်ရောနှောမွေးမြူခြင်း နည်းစနစ် (Polyculture)တို့ ဖြစ်ကြပါသည်။
ရောနှောမွေးမြူခြင်းနည်းစနစ်၏ ဥပမာတစ်ခုမှာ ကကတစ်ငါးအား အစားခံငါးဖြစ်သည့် တီလားပီးယား ငါးနှင့် ရောနှောမွေးမြူခြင်း ဖြစ်ပါသည်။
မွေးမြူရေးကန်အတွက် ရေ၏အရည်အသွေး
ကကတစ်ငါးတစ်မျိုးတည်း မွေးမြူသည့်နည်းစနစ်ဖြင့်သော်လည်းကောင်း၊ အခြားငါးများနှင့် ရောနှောမွေးမြူသည့် နည်းစနစ်ဖြင့်သော်လည်းကောင်း၊ ကကတစ်ငါးအား မွေးမြူရာတွင် ရှိသင့်သော ရေအရင်းအမြစ်၏ အရည်အသွေးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အမျိုးအမည် ပမာဏ
ချဥ်ငန်နှုန်း pH 7.5 to 8.5
ပျော်ဝင်အောက်ဆီဂျင် 4 to 9 ppm
အငန်နှုန်း 10 to 30 ppt
အပူချိန် 26 to 32°C
အမိုးနီးယား < 1 ppm
Hydrogen sulphide < 1 ppm
ရေ၏နောက်ကျိနှုန်း < 10 ppm တို့လိုအပ်ပါသည်။

ငါးကန်တည်ဆောက်ပုံ
- ကကတစ်ငါးကန်အား တည်ဆောက်ရာတွင် ဒီရေအတက်အကျနှင့် ချိန်ဆပြီး ရေသေပတ်ရေကျချိန်တွင် ကန်မှရေများအား အကုန်အစင်ဖောက်ထုတ်နိုင်ပြီး ရေထပတ်ရေထချိန်တွင် စက်အားမသုံးဘဲ ဒီရေအားဖြင့်ကန်အား ရေပြန်လည်ဖြည့်တင်းပေးနိုင်ရန်အတွက် ချိန်ဆတည်ဆောက်လေ့ရှိပါသည်။
- ကန်တည်ဆောက်မည့်မြေသားသည် ရေအားထိန်းသိမ်းထားနိုင်ရန်အတွက် လုံလောက်သော ရွံ့စေး ပမာဏပါဝင်ရန် လိုအပ်ပါသည်။
- ကန်၏မြေသားသည် မြေချဥ်(acid sulphate soil) မဖြစ်စေရန်ရှောင်ရှား၍ တည်ဆောက်ရမည်ဖြစ် ပါသည်။
- ငါးကန်အကျယ်အဝန်း
- ကကတစ်မွေးမြူသောကန်များသည် အများအားဖြင့် ဧကဝက်ခန့်မှ စတင်ကာ ၅ဧကအထိ အကျယ်အဝန်းရှိသော ကန်များဖြစ်ကြပါသည်။
- ရေအနက်အနေဖြင့် ၄ပေ မှ ၅ပေခန့် ရှိကြပါသည်။
- ကန်အောက်ခြေအား ရေထုတ်ပေါက်ဘက်သို့ ဆင်ခြေလျှောတည်ဆောက်ထားကြလေ့ရှိပါသည်။
ကန်ပြင်ဆင်မှု
- ကန်ပြင်ဆင်မှုမှာ သာမန်ငါးတစ်မျိုးတည်းသာ မွေးမြူသည့်ကန်များအတိုင်း ပြင်ဆင်နိုင်သော်လည်း အခြားငါးများနှင့် တွဲဖက်၍ရောနှောမွေးမြူနည်းဖြင့် မွေးမြူမည်ဆိုပါက သဘာဝအစာပေါက်ဖွားရန် အတွက် ကြက်ချေးအား ၂ ဧကခွဲ ကန်တွင် ပိဿာ ၆၀၀ ခန့်အား ထည့်သွင်းပေးရပါမည်။
- ထိုသို့ကြက်ချေးထည့်သွင်းခြင်းအား မဆောင်ရွက်မီ ပင်လယ်ကမ်းစပ်မြေသားများတွင် တွေ့ရလေ့ရှိသော မြေသား၏ အချဥ်ဓာတ်အား ထုံးဖြင့်မျှခြေသို့ရောက်ရှိအောင် ဖြေလျှော့ပေးရန်လိုအပ်ပြီး ရေအားလည်း သဘာဝအစာပေါက်ဖွားမှု အပေါ်အခြေခံ၍ တဖြည်းဖြည်းထည့်သွင်းပေးရန် လိုအပ်မည်ဖြစ်ပါသည်။
သားပေါက်ထည့်သွင်းနှုန်း
ကကတစ်တစ်မျိုးတည်းသာ မွေးမြူသောနည်းစနစ်တွင် ကကတစ်သားပေါက်ထည့်သွင်းနှုန်းသည် ၁ဧက လျှင် ၃ လက်မ မှ ၄ လက်မအရွယ်ရှိ ကကတစ်သားပေါက်ကောင်ရေ ၄၀၀၀ မှ ၈၀၀၀ အထိ ထည့်သွင်း မွေးမြူလေ့ရှိကြပါသည်။
ကကတစ်နှင့် အခြားငါးများအား ရောနှောမွေးမြူသောနည်းစနစ်တွင်မူ ကကတစ်သားပေါက် ထည့်သွင်း နှုန်းသည် ၁ ဧက လျှင် ၃ လက်မ မှ ၄ လက်မအရွယ်ရှိ ကကတစ်သားပေါက် ကောင်ရေ ၁၂၀၀ မှ ၂၀၀၀ အထိ ထည့်သွင်းမွေးမြူလေ့ရှိကြ ပါသည်။
ကကတစ်ငါးတစ်မျိုးတည်းသာ မွေးမြူသောနည်းစနစ်
ကကတစ်ငါးတစ်မျိုးတည်းသာ မွေးမြူသောနည်းစနစ်တွင် အစာအဖြစ် ငါးနုတ်၊ ငါးဖွဲများအား နေ့စဥ် ကျွေးမွေးရသည့်အတွက် ပိုလျှံသောအစာများကြောင့် ရေထုညစ်ညမ်းမှု ဖြစ်လာနိုင်သည့်အတွက် မွေးမြူ ရေးကန်ရေအား နေ့စဥ်ပုံမှန်လဲလှယ်ပေးရန်လိုအပ်ပါသည်။
အခြားငါးများနှင့် ရောနှောမွေးမြူသည့် နည်းစနစ်တွင်မူ ကန်ရေ၏ ၅၀ ရာခိုင်နှုန်းအား ၃ ရက်လျှင် ၁ ကြိမ် လဲလှယ်ပေးရမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝအစာထုတ်လုပ်မှုအား အကောင်းဆုံးအနေအထားတွင် ထိန်းသိမ်း ထားနိုင်မည်ဖြစ်ပါသည်။
ကကတစ်တစ်မျိုးတည်း မွေးမြူသောနည်းစနစ်တွင် အစာကျွေးမွေးမှုအား လှောင်အိမ်ဖြင့်မွေးမြူသည့် နည်းစနစ်အတိုင်း ကျွေးမွေးရမည်ဖြစ်ပါသည်။
အခြားငါးဖြင့် ရောနှောမွေးမြူသည့်နည်းစနစ်တွင်မူ ကကတစ်ငါးများအား သီးသန့်အစာကျွေးမွေးပေးရန် မလိုအပ်ဘဲ ကကတစ်အစာအတွက်ထည့်သွင်းမွေးမြူထားသောငါးများ(တီလားပီးယားငါး)ကိုသာ ဖမ်းယူ စားသုံးကြမည်ဖြစ်ပါသည်။
အများစုအသုံးပြုသော ရောနှောမွေးမြူနည်းစနစ်မှာ
ကကတစ်နှင့် တီလားပီးယားငါး ရောနှောမွေးမြူခြင်း
ကကတစ်ငါးနှင့်တီလားပီးယားငါးအား ရောနှောမွေးမြူရာတွင် တီလားပီးယားငါးအငယ်များသည် ကကတစ်ငါးများအတွက် အစာဖြစ်ပါသည်။
သို့ဖြစ်ရာ တီလားပီးယားငါးများသည် ကကတစ်ငါးများအတွက် အစားအဖြစ်ထောက်ပံ့မှုအား မွေးမြူရေး ကာလတစ်လျှောက်လုံးတွင် စဥ်ဆက်မပြတ် လုံလောက်စွာထောက်ပံ့ပေးနေရန်လိုအပ်ပါသည်။
၄င်းအနေအထားအား ရရှိရန်အတွက် အသုံးများသော ကကတစ်နှင့်တီလားပီးယားငါးအချိုးမှာ ကကတစ် ၁ ကောင် လျှင် တီလားပီးယားငါး ၅ ကောင်နှုန်းဖြစ်ပြီး ကကတစ်ငါးအား မထည့်သွင်းမီ တီလားပီးယား ငါးများအား ကြိုတင်မွေးမြူထားရန်လိုအပ်ပါသည်။
- ကကတစ်၊ငါးတိန်း နှင့် တီလားပီးယားငါး ရောနှောမွေးမြူခြင်း
- ကကတစ်နှင့် ကျောက်ငါးရောနှောမွေးမြူခြင်း
- ကကတစ်နှင့် ရေမှော် ရောနှောမွေးမြူခြင်း
- ကကတစ်၊ ကျောက်ငါးနှင့် ရေငန်ပုစွန်ရောနှောမွေးမြူခြင်းစသော နည်းစနစ်များဖြစ်ပါသည်။
အပိုင်း (၁) နဲ့ (၂) ကို အောက်ပါလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
https://greenwaymyanmar.com/posts/Seabass_Commercial_Farming
https://greenwaymyanmar.com/posts/Commercial_farming_seabass
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငါးမွေးမြူနည်း
ဦးရန်နိုင်ဝေ
လွန်ခဲ့သော ၈ လ ကပေ၅၀. ပေ၁၀၀ကန်ရေနက်၆ပေဆိုကကဒစ်၃လက်၄လက်မကောင်ရေဘယ်လောက်ထည်ရမလဲခင်ဗျားဖြေပေးစေချင်ပါတယ်
Zin Ko Aung
လွန်ခဲ့သော ၂ နှစ် ကငါးမွေးမြူရေးနဲ့ပတ်သက်ပြီးသင်တန်းတက်ချင်လို့ကူညီပေးကြပါ
Kyaw Soe
လွန်ခဲ့သော ၃ နှစ် ကကကတစ်ငါး ကို ရေပေါ်လှောင်ကန်နဲ့မွေးလို့မရဘူးလားဆရာ
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from နှင်းဖြူဖြူ
အားလုံး
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026