ကျန်းမာရေးအတွက်ကောင်းကျိုးများတဲ့ ဆေးဖက်ဝင်ပင် စမုန်ဖြူ
အင်္ဂလိပ်အမည် - Thyme
ရုက္ခဗေဒအမည် - Thymus vulgaris
စမုန်ဖြူဟာ သေးငယ်တဲ့ခြုံပင် အမျိုးအစားဖြစ်ပြီး နှစ်ရှည်ခံပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ သမမျှတတဲ့ ရာသီဥတု ကနေ ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုအထိ ကောင်းစွာ ရှင်သန်ပေါက်ရောက် နိုင်ပါတယ်။ သူရဲ့ မူရင်း ဒေသတွေကတော့ ဥရောပတောင်ဘက်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ စမုန်ဖြူဟာ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ ဒါ့အပြင် စမုန်ဖြူကို အလှဆင်စိုက်ပျိုးကြတာလည်း ရှိပါတယ်။ ဆေးဝါးဖော်စပ်ရာနဲ့ ဟင်းခတ်အမွှေးအကြိုင် ပြုလုပ်ရာမှာ အရွက်၊ အပွင်နဲ့ အဆီတို့ကို အသုံးပြုကြတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ စမုန်ဖြူကို အသား၊ ငါးတွေပြုတ်တဲ့အခါ၊ ကင်တဲ့အခါ အနံ့အသက်ကောင်းစေဖို့ မဖြစ်မနေ ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ ဒါ့အပြင် စွပ်ပြုတ်တွေနဲ့ အသားအစာသွပ်တဲ့ နေရာတွေမှာလည်း ပေါပေါများများ အသုံးပြုကြ လေ့ရှိပါတယ်။ ဒါဆိုရင် စမုန်ဖြူရဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်…

(၁) ကိုယ်ခံအား မြှင့်တင်ပေးနိုင်ခြင်း
စမုန်ဖြူမှာ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဗီတာမင် ဘီ ၆ (B-6) ၊ အိုင်းယွန်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မဂ္ဂနိစ်ဓာတ် တွေပါဝင်နေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အအေးမိ၊ တုပ်ကွေးနဲ့ အခြားသော ဖျားနာမှု တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းကို သက်သာစေခြင်း
စမုန်ဖြူမှာပါဝင်တဲ့ အဆီဓာတ်တွေဟာ အအေးမိခြင်းနဲ့ တုပ်ကွေးများကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းနဲ့ လည်ချောင်း နာခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ စမုန်ဖြူကို လက်ဖက်ရည်အနေနဲ့ သောက်သုံးခြင်းဖြစ်ပါတယ်။ စမုန်ဖြူအရွက် လတ်လတ်ဆတ်ဆတ် (သို့မဟုတ်) ရွက်ခြောက်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကိုထည့်ကာ မိနစ်အနည်းငယ် ထားပြီးနောက် သောက်သုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ စမုန်ဖြူရဲ့အနံ့အရသာကို မကြိုက်ဘူးဆိုရင်တော့ ပူစီနံအရွက် အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
(၃) ရောင်ရမ်းမှုများကို သက်သာပျောက်ကင်းစေခြင်း
စမုန်ဖြူမှာ ရောင်ရမ်းမှုတွေကို ဆန့်ကျင်ပေးနိုင်ပြီး ပိုးမွှားရောဂါတွေကို တွန်းလှန်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ထိခိုက်ဒဏ်ရာတွေ၊ အမဲစက်တွေနဲ့ ခြစ်ရာ ပြတ်ရှရာတွေကို သက်သာ ပျောက်ကင်းစေဖို့ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ စမုန်ဖြူကို စားသုံးခြင်းဖြင့် အနာများ အကျက်မြန်စေသလို ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ စမုန်ဖြူကို လက်ဖက်ရည်အနေနဲ့ သောက်သုံးနိုင်သလို၊ အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်ရာမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မိမိနှစ်သက်ရာ ဖျော်ရည်တွေထဲမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
(၄) ခံတွင်းအနံ့ဆိုးမှုကို ကာကွယ်ပေးခြင်း
စမုန်ဖြူအဆီ တစ်စက် (သို့မဟုတ်) နှစ်စက်ခန့်ကို ရေနွေးနဲ့ရောစပ်ပြီး ခံတွင်းဆေးကြောတဲ့နေရာမှာ အသုံးပြုခြင်းဖြင့် ခံတွင်းအနံ့ဆိုးခြင်းနဲ့ သွားဖုံးရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းထဲ မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ စမုန်ဖြူမှာတော့ ၎င်းမှိုတွေရဲ့ ကြီးထွားမှုကို အားပေးတဲ့ ကိုလက်စထရောနဲ့တူတဲ့ အီဂိုစထရော (ergosterol) လို့ခေါ်တဲ့ ဓာတ်တွေကို ဆန့်ကျင်ပေးနိုင်ပြီး ခံတွင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တာဖြစ်ပါတယ်။
(၅) အမြင်အာရုံ ကောင်းမွန်စေခြင်း
စမုန်ဖြူမှာ ဗီတာမင် အေ ကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ ချို့တဲ့မယ်ဆိုရင် ညဘက်မှာကြည့်ရတဲ့ အမြင်အာရုံကို ထိခိုက်နိုင်ပါတယ်။ စမုန်ဖြူမှာ ပါဝင်တဲ့ဓာတ်တွေဟာ အမြင်အာရုံ ကောင်းမွန်စေတာအပြင် အမြင်အာရုံကြွက်သားတွေ လျော့ရဲလာတာ မျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၆) အသားအရေ ကောင်းမွန်စေခြင်း
စမုန်ဖြူမှာ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အရေပြားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ စမုန်ဖြူအဆီကို အရေပြားခြောက်သွေ့ပြီး ယားယံတာတွေ၊ အနာတွေ၊ ထိခိုက်ဒဏ်ရာတွေ၊ အမာရွတ်တွေနဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းအောင် ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မီးလောင်ဒဏ်ရာတွေနဲ့ အရေပြားနီမြန်းမှုတွေကို ကုသရာမှာလည်း စမုန်ဖြူအဆီကို အသုံးပြုနိုင်ပါတယ်။
Ref: https://aanmc.org/
https://www.verywellhealth.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026