အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သနပ်ခါး အသုံးဝင်ပုံ

သနပ်ခါး အသုံးဝင်ပုံ

အသားအရေ အတွက်အသုံးပြုပုံ

မြန်မာ့ ရိုးရာသနပ်ခါးကို အမျိုးသမီးများသာ မက အမျိုးသားများပါ ကြိုက်နှစ်သက်စွာ သုံးစွဲကြပါသည်။ သနပ်ခါးသည် အသားအရေအမျိုးအစား မရွေးသုံးစွဲနိုင်ပြီး ယနေ့အချိန်တွင် ခရင်မ်၊ ပေါင်ဒါ၊ မျက်နှာသစ်ဆေး၊ မိတ်ကပ် အစရှိသည်ဖြင့် ကျား/ မ မရွေးသုံးစွဲနိုင်အောင် ဖန်တီးထုတ်လုပ်နေကြပြီဖြစ်ပါသည်။ သနပ်ခါးတွင် အသားအရေအတွက် ကောင်းစေသော ဗီတာမင် အီး၊ Anti-bacterial၊ Anti-fungal၊ Coumarine နှင့် Mamesin အစရှိသော ဓာတ်များ ပါဝင်သောကြောင့် ဝက်ခြံ၊ တင်းတိပ်ကို ပျောက်ကင်းစေပါသည်။ အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေပါသည်။ အသားအရေပေါ်တွင် ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများ ကို ဖယ်ရှားပေးနိုင်ပြီး၊ အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျို လန်းဆန်းစေပါသည်။ ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း မှကာကွယ်ပြီး တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပါသည်။

ကျန်းမာရေး အတွက် အသုံးဝင်ပုံ

မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ ခါး ချုပ် ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ။ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားပါသည်။

အသုံးပြုပုံ

အရွက်

ဝက်ရူးပြန်ရောဂါဆေးတွင် သုံးသည်။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများ ခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်သည်။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။အရွက်ကို အခြောက်လှမ်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင်။ အနာအဆာနှင့် ကိုယ်တွင်းရောဂါ ဟူသမျှ ကင်းရှင်းပပျောက်၏။

အသီး

အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အမြစ်

ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်၏။ ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျ၏။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ၅-ပဲသားစီကို ပျားရည် ၆-ပဲသားနှင့် ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏။သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့် ရောလျက်သောက်ပါက အစာအိမ်ရှိ အဆိပ်ပြေစေ၏။ ဟု ဆိုထားပါသည်။

ဇင်ထူးနိုင်

ကိုးကားချက်

၁. https://en.wikipedia.org/wiki/Thanaka

၂. စိုက်ပျိုးရေး ဦးစီးဌာန ထုတ်၊ သနပ်ခါး အကြောင်း သိကောင်းစရာ နှင့် စိုက်ပျိုးနည်းစနစ် စာအုပ်မှ

၃. Application of Myanmar traditional THANAKHA as cosmetic; Asian Institute of Technology. Food Engineering and Bioprocess Technology, School of Environment, Resources and Development.

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။