ကုန်ကျစရိတ်သက်သက်သာသာနဲ့ ချိစ့်ခရင်(မ်) ဘယ်လိုလုပ်မလဲ
နွားနို့ကနေ တန်ဖိုးမြှင့်ထုတ်ကုန်တော်တော်များများ ပြုလုပ်လို့ရတာလည်း သိပြီးသားဖြစ်မှာပါရှင့်။ ထောပတ်(မခမ်း)၊ ထောပတ်အဆီ၊ ဒိန်ချဉ်၊ နွားနို့ခဲ၊ မုန့်အချို စသဖြင့်ပေါ့။
နောက်တစ်ခုအနေနဲ့ ချိစ့်ထပ်တိုးလာပါပြီ။ ချိစ့်ကိုလည်း နွားနို့ကနေပြုလုပ်ရတာပါ။ ချိစ့်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေပါပဲ။ ဒါပေမဲ့ အဆီအပြည့်နဲ့ အရည်အသွေးကောင်းမွန်တဲ့ နွားနို့ကို ရဖို့တော့လိုပါမယ်။ အဆီအပြည့်နွားနို့ကိုသုံးမှ အဆီပြည့်ဝတဲ့ ချိစ့်ခရင်(မ်) လေးကို ရရှိမှာဖြစ်တဲ့အတွက်ကြောင့်ပါ။
ပါဝင်ပစ္စည်းများ
အဆီအပြည့်နဲ့နွားနို့ ၁ လီတာ
သံပုရာသီး (သို့) ရှာလကာရည် (စားပွဲတင်ဇွန်း ၃ ဇွန်း)
ဆား (လ္ဘက်ရည်ဇွန်းဝက်)
ပြုလုပ်ပုံကို ကြည့်လိုက်ရအောင်
- အသုံးပြုမယ့် သန့်ရှင်းတဲ့အိုးထဲကို နွားနို့ထည့်ပြီး မီးပြင်းပြင်းနဲ့ကျိုပေးပါ။ နွားနို့ကျိုနေစဉ်အတွင်း ဆူသည်အထိ မွှေပေးနေရပါမယ်။
- ဆူသည်နဲ့ မီးလျှော့ကာ မီးအသင့်အတင့်ပေးပြီး အသင့်ပြင်ထားတဲ့သံပုရာရည်ကို ထည့်ရပါမယ်။ ဒီနေရာမှာ သံပုရာရည်ကို တစ်ဇွန်းစီ ခွဲထည့်ပေးပါ။ တစ်ဇွန်းထည့်ပြီးတိုင်း ၁ မိနစ်လောက်မွှေပေးရပါမယ်။
- နွားနို့ အခဲနဲ့ အရည်ကွဲသွားသည်အထိ မွှေပေးပါ။ အောက်ခြေမှာ အစိမ်းရောင်အရည်နဲ့ အပေါ်ယံနို့အခဲတို့ လုံးဝကွဲသွားပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။
- နောက် သန့်ရှင်းတဲ့ဇလုံတစ်ခုပေါ်မှာ ဇကာတင် ပိတ်စအုပ်ပြီး နို့ခဲများကိုစစ်ယူပါ။ စစ်ယူထားတဲ့အနေအထားအတိုင်းကို ၁၅ မိနစ်လောက် အအေးခံပေးပါ။
- အအေးခံပြီးတာနဲ့ စစ်ယူထားတဲ့နို့ခဲတွေကို ကြိတ်စက်ထဲထည့် ဆားအနည်းငယ်ထည့်ပြီး ၃ မိနစ် ၄ မိနစ်လောက် မွှေပေးပါ။
- ရလာတဲ့ ခရင်(မ်)အပြည့်နဲ့ချိစ့်ကို လေလုံတဲ့ပုလင်းတစ်ခုခုထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားမယ်ဆိုရင် ၇ ရက်လောက်ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အများဆုံး နှစ်ပတ်ထိသိုလှောင်သိမ်းဆည်းနိုင်ပါတယ်။
ဒါဆိုရင် နူးညံ့တဲ့ ချိစ့်ခရင်(မ်)လေးကို ပေါင်မုန့်ပေါ်မှာ သုပ်စားတာဖြစ်ဖြစ် မုန့်ဖုတ်တဲ့နေရာမှာ အသုံးပြုတာပဲဖြစ်ဖြစ် အသုံးလိုတဲ့နေရာမှာ ကုန်ကျစရိတ်သက်သာစွာနဲ့ အသုံးပြုနိုင်ပြီပေါ့။
နည်းပညာကို အသုံးများပြီး အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကို မျှဝေထားပါတယ်ရှင့်။
Ref; https://www.biggerbolderbaking.com/how-to-make-cream-cheese/
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဈေးကွက်ထဲကချိစ်တွေကအကြာကြီးထားရတယ်ဘယ်လိုလုပ်ရလဲဘာတွေထည့်ရလဲ
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ကျော့နန္ဒာစိုး
အားလုံး