အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ • 26/01/2019

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့်ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

၁၂ လပိုင်း ဘယ်ရက်လောက်ဆို စပါးကျဲလို့ရပါသလဲ အထွက်နှုန်းမကျအောင် ဖြေကြားပေးပါ

ko kyaw myo • ဖြေကြားချက် 3 ခု

ဆရာ မတ်ပဲ၁၂ရက်သားတုန်းက မိုးများပြီးရေဝပ်ထားတဲ့မတ်ပဲခင်း အခု၂၅ရက်ရှိပြီ ဖော့စတိုင်းအလူမီနီယမ်တစ်ကြိမ်ဖျန်းထားတယ် တယ် ရေလဲမရှိတော့ဘူး အောက်ရွက်ဝါပြီးအပင်တတ်နေတယ်ဆရာ ဆက်မကြီးလာတော့ဘူး ဒီနေ့ရွှေနဂါးအားဆေးနဲ့ပိုးသတ်ဆေးဖျန်းလိုက်တယ် အဆင်ပြေနိုင်လားဆရာ နောက်တစ်ကြိမ်ဘာဖျန်းရမလဲဆရာ အကြံပေးပါအုံးဆရာ

Saw Samson • ဖြေကြားချက် 1 ခု

မုံညင်းမြက်ကို ဘယ်လို နှိမ်နင်းရပါသလဲ။မြက်ဖြတ်စက်ဖြင့်လည်း အဆင်မပြေပါ။စပျစ်ပင်တွေကတော့ အရွက်တွေ ရင့်ပြီး အသီးနားနေချိန်ပါ။သင့်တော်ကောင်းမွန်တဲ့ ဆေးတွေကို ညွှန်ပါအုံးဆရာတို့။

ဦးသန့်ဇင်ထွန်း • ဖြေကြားချက် 1 ခု

ပဲနီပြားကိုဘယ်လိုမြေဆီတေကို ဘယ်လိုထည့်လို့ရလဲ

မိုးချစ်ဇော် • ဖြေကြားချက် 4 ခု

ဒီခရမ်းပင်က ဘာရောဂါကျရောက်နေပါသလဲခင်ဗျာ? ကုသနိုင်မည့်နည်းလမ်းများကိုလည်း သိလိုပါတယ်

ဇေယျာစိုး • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။