ဝက်သားပေါက်လေးများအား အစွယ်ဖြတ်ပေးခြင်း၏ ကောင်းကျိုးများ

14/07/2022 11:31 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်သားပေါက်ကလေးများသည် မိခင်နို့စို့သောအခါ အစွယ်သွားချွန်ထွက်နေသဖြင့် မိခင်တွင် နို့သီးဒဏ်ရာ ရရှိနိုင်ပါသည်။ မိခင်ဝက်မကြီးသည် နို့သီးဒဏ်ရာနာကျင်သဖြင့် နို့စို့မခံဘဲ လဲလျောင်းရာမှထခြင်း၊ နို့မတိုက်ခြင်းများ ဖြစ်ပေါ်လာပါသည်။

ဝက်ကလေးများ၏ ချွန်ထွက်နေသောအစွယ်သွားဖြင့် နို့စို့ ​ခြင်းကြောင့် မိခင်ဝက်မကြီး၏ နို့သီး၊ နို့အုံဒဏ်ရာ ရောင်ရမ်းလာပြီး နို့အုံသို့ရောဂါဝင်ရောက်နိုင်ပါသည်။ ထို့ကြောင့် သားပေါက်ပြီးဝက်ကလေးများကို သွားစွယ်အမြန်ဆုံး ဖြတ်ပေးရပါမည်။

သားပေါက်ပြီး ၂နာရီခွဲခန့်(မိနစ် ၁၅ဝ ခန့်)အကြာတွင် မိခင်ဝက်မကြီးနှင့် သားပေါက်ဝက်ကလေးများကို ခဏခွဲထားပြီး သွားဖြတ်ရပါမည်။ အစွယ်သွားဖြတ်သည့်ကတ်ကြေး(သို့)လက်သည်းညှပ်အကြီးဖြင့် ဖြတ်နိုင်ပါသည်။

သွားဖြတ်နေစဥ် သတိပြုရမည့်အချက်များ

  • ၁။ သားပေါက်ဝက်မကြီးကို သားပေါက်ဝက်ကလေးများနှင့် ခွဲခြားထားရှိရပါမည်။
  • ၂။ ဝက်မကြီးမှ ရန်ပြုမှုအန္တရာယ်ကိုလည်း ဂရုပြုရပါမည်။
  • ၃။ သားပေါက်ကလေးများကို သေတ္တာပုံးခွံတွင် နွေးထွေးစွာထားပြီး ဖြတ်ရန်လိုပါသည်။

သွားစွယ်ဖြတ်ပုံဖြတ်နည်းနှင့် သတိပြုသင့်သည့်အချက်များ

  • ၁။ ဝက်ကလေးကို ဦးခေါင်းမှကိုင်ပြီး ပါးစပ်ပေါက်ကို လက်ဖြင့်ဆွဲ၍ ဟခြင်းဖြင့် မေးရိုးပွင့်လာပါမည်။
  • ၂။ ပြီးလျှင် သွားဖြတ်ကိရိယာဖြင့် ပထမတစ်စုံဖြတ်စဥ် လျှာသည် အခြားတစ်ဘက်တွင် ရှိရပါမည်။
  • ၃။ ဝက်ကလေး၏ခေါင်းကိုစောင်း၍ ချလိုက်ခြင်းဖြင့် ဖြတ်ပြီးသွားအစွယ်သည် အောက်သို့ ကျသွားပါမည်။ 
  • ၄။ ဝက်ကလေး၏ သွားဖုံးနှင့် အနီးကပ်ဆုံးကပ်၍ ဖြတ်ရပါမည်။
  • ၅။ တစ်ကောင်ဖြတ်ပြီးတိုင်း သွားဖြတ်ကိရိယာကို သန့်ရှင်းပေးရပါမည်။
  • ၆။ နောက်ဆုံးသားပေါက်ဝက်ကလေး အစွယ်ဖြတ်ပြီးလျှင်ပြီးချင်း မိခင်ဝက်မကြီးဆီသို့ ပို့ပေးရပါမည်။
  • ၇။ ဝက်ကလေးများ နွေးထွေးစွာရှိနေစေရန် ဂရုတစိုက် ပြုစုရပါမည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်