အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံကို ထိခိုက်နိုင်ခြေ အရမ်းမပြင်းထန်နိုင်

07/05/2022 16:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနှင့် ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ မေ ၈ ရက် သန်းခေါင်ကျော်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်နိုင်ပေမယ့် နောက်ဆုံးလမ်းကြောင်းနဲ့ ထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံကို သက်ရောက်နိုင်ခြေ အရမ်းမပြင်းထန်နိုင်ဘူးလို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ECMWF က ထွက်လာတဲ့ အချက်အလက်အသစ်တွေရ ဒီနေ့ မေ ၇ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီ ၁၀ မိနစ်မှာ- INVEST-92B က လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဆင့် 02B-TWO ဆိုတဲ့ အမည်အဖြစ် ပြောင်းသွားပြီဖြစ်ကြောင်းနဲ့ မေ ၈ ရက် သန်းခေါင်ကျော်မှာတော့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး ASANI လို့ အမည်ပေးရမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ပုံစာ - JTWC မှ ထုတ်ပြန်သည် မုန်တိုင်း 02B-TWO ၏ လမ်းကြောင်း

“ မေလ ၈ ရက်ည သန်းခေါင်ကျော်ပြီဆိုရင် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်မယ်။ တစ်နာရီကို မိုင် ၇၀ နှုန်းထိ တိုက်လာမယ်။ အမြင့်ဆုံးက တစ်နာရီကို ၈၅ မိုင်နှုန်းထိတိုက်မယ်။ အဲ့ဒါက မေလ ၉ ရက် ၁၂ နာရီခွဲမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ရောက်ပြီဆိုတော့မှ အာစနီဆိုတဲ့နာမည်ကို ပေးမှာ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ပုံစာ - မေလ ၉ ရက် မနက်ပိုင်းမှာ အားအလွန်ကောင်းဆိုင်ကလုန်းအဆင့်ရောက်ပြီး  ASANI ဖြစ်လာမည့်အခြေအနေ

အရင်က မုန်တိုင်းကြောင့် နိုင်ငံအနှံ့ မိုးသက်လေပြင်းတွေကျနိုင်ခြေရှိတယ်လို့ ‌ခန့်မှန်းခဲ့ပေမယ့် မုန်တိုင်းသတိပေးချက်တွေထုတ်ပြန်တဲ့ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Tropical Strom Risk (TSR) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံကို သက်ရောက်နိုင်ခြေ အတော်လေးနည်းတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ အခု TSR ဆိုတဲ့ဆိုဒ်မှာက ကျွန်တော်တို့ဘက်ကို မုန်တိုင်းလေပြင်း တိုက်ခတ်ခံရနိုင်ခြေက ရာခိုင်နှုန်းနဲ့ပြထားတယ်။ အဲ့ဒါက ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိပဲ ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက်ကို လေပြင်းတိုက်ခံ ရမယ့်အခြေအနေမတွေ့ဘူး။ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဆိုတော့ အင်မတန်ကို နည်းတယ်” လို့ သူက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ ၁၂ ရက်နေ့ကျော်သွားရင် လေဖိအားနည်းရပ်ဝန်းဖြစ်ပြီးတော့ ကုန်းတွင်းတောင် မဝင်တော့ဘဲနဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းလောက်မှာ အားပျော့ပြီးပျက်ပြယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ -လေဖိအားနည်းရပ်ဝန်းအဆင့်မှ ပျက်ပြယ်ပျောက်ကွယ်သွားမည့်တည်နေရာ

အဲ့ဒီလို ပျက်သွားတဲ့အချိန် မတိုင်ခင်လေးမှာ အနောက်တောင်မုတ်သုံလေက အားကောင်းလာနိုင်လို့ မေလ ၁၃ ရက်က နေပြီး နောက်ပိုင်း မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံလေ စောဝင်လာနိုင်ပြီး မိုးဦးကျမိုးတွေရောက်လာနိုင်တယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

အိန္ဒိယပုဂ္ဂလိက မိုးလေဝသဌာနတွေရဲ့ ယခင်ခန့်မှန်းချက်တွေအရတော့ အနောက်တောင် မုတ်သုံလေဟာ ပုံမှန်အတိုင်း မေ ၂၀ နောက်ပိုင်းမှ ဝင်မယ်လို့ ခန့်မှန်းထားတာဖြစ်ပေမယ့် အခုဖြစ်လာတဲ့ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံစောပြီးဝင်လာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd _Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်