ဒက်ထရွိုက်လေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ အာဖရိကခရုကြီးများ
ခရုဆိုတာမျိုးက နှေးကွေးစွာ ရွေ့လျားသွားလာတဲ့အမျိုးဆိုပေမဲ့ ဒီခရုတွေကတော့ အတ္တလန်တိတ်သမုဒ္ဒရာကြီးကို တစ်နာရီကို မိုင်ရာနဲ့ချီတဲ့အရှိန်မျိုးနဲ့ ဖြတ်ကျော်လာကြတာ ဖြစ်ပါတယ်။ (လေယာဉ်စီးလာကြတာမို့လို့ပါ)
အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မြို့တော် လေဆိပ်မှာရှိတဲ့ အကောက်ခွန်အရာရှိတွေဟာ ဂါနာနိုင်ငံကနေ စီးနင်း လိုက်ပါလာတဲ့ ခရီးသွားတစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ အသက်ရှင်နေဆဲ ဒီခရုခြောက်ကောင်ကို တွေ့ရှိခဲ့တာပါ။
အညိုရင့်ရောင် အစင်းကြောင်းကြီးတွေနဲ့ အဆိုပါသက်ရှိတွေဟာ အမေရိကန်အနေနဲ့ နှစ်ပေါင်း ၅၀ ကျော်တောင် အချိန်ယူဖယ်ရှားရှင်းလင်းပစ်ခဲ့ရပြီး ကျူးကျော်ဝင်ရောက်မှုထပ်ရှိမလာဖို့ တားမြစ်ပိတ်ပင်ထားတဲ့ အာဖရိကဧရာမခရုကြီးတွေဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်တွေက အတည်ပြုပါတယ်။

အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ လက်သီးဆုပ်အရွယ်ခန့်ရှိတဲ့ ဒီခရုကြီးတွေဟာ ကြည့်လိုက်ရင်တော့ ဘာအန္တရာယ်မှ မရှိသလိုမျိုးတွေပေမဲ့ တကယ်တော့ မြေပဲ၊ ပဲပင်နဲ့ သခွားသီးအပါအဝင် အပင်အမျိုးအစားပေါင်း ၅၀၀ ကျော်အထိ စားသောက်ဖျက်ဆီးတတ်တဲ့ အစားကျူးအဖျက်ပိုးတွေပါ။ အဲ့ဒီသီးနှံတွေ မရရှိနိုင်တဲ့အခါမျိုးဆို ရင် သူတို့ဟာ ပန်းပင်တွေ၊ သစ်ခေါက်တွေကို စားပစ်ကြပါတယ်။ နောက်ဆုံး ဘာမှမကျန်ဘူးဆိုရင် နေအိမ်မှာရှိတဲ့ သုတ်ဆေးနဲ့ အင်္ဂတေနု (ပလာစတာ)တွေကိုပါ စားပစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအာဖရိကခရုကြီးတွေဟာ လူသားတွေမှာ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ အခြားရောဂါတွေကို ဖြစ်စေနိုင်တဲ့ ကပ်ပါးပိုးတွေကို သယ်ဆောင်နိုင်တယ်ဆိုပြီးလည်း လူသိများပါတယ်။ ၎င်းတို့ဟာ တစ်နှစ် အတွင်းမှာ ဥပေါင်း ၁,၂၀၀ အထိ ဥချနိုင်ပြီး လျင်မြန်စွာလည်း မျိုးပွားနိုင်ကြပါတယ်။
ဖလော်ရီဒါပြည်နယ်တောင်ပိုင်းမှာ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက ဒီတောရိုင်းခရုတွေကို တွေ့ရှိခဲ့ရဖူးပြီး ၎င်းတို့ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်လာ ၁ သန်းကျော် ကုန်ကျခံကာ အချိန် ၁၀ နှစ်ကျော်ယူ ရှင်းလင်းခဲ့ရ ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြည်နယ်အတွင်းကို ထပ်မံကျူးကျော်လာကြောင်း တွေ့ရှိခဲ့ရလို့ နောက်ထပ်ဆယ်စု နှစ်ကြာ ဖယ်ရှားရှင်းလင်းရေး ထပ်လုပ်ရပြန်ပါတယ်။
ဒါပေမဲ့ နှစ်တွေ အတော်ကြာလာပြီးတဲ့နောက်မှာတော့ အနောက်အာဖရိကမှာဆို ဒေသတွင်း စားကောင်းသောက်ဖွယ်တစ်မျိုးဖြစ်နေတဲ့ ဒီသက်ရှိတွေ အမေရိကန်မှာ အကြောတင်းတင်းနဲ့ ပြန်ပေါ်လာပြန်တာပါပဲ။ ကောင်းကောင်းချက်ပြုတ်တတ်ရင် သူက သရေစာလိုမျိုးတောင် စားသုံးနိုင်တယ်လို့ Miami အခြေစိုက် WLRN ရေဒီယို အသံလွှင့်ဌာနကနေ ၂၀၁၃ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။ တချို့တွေကတော့ သူတို့ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့လည်း မွေးကြသေးတယ်လို့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ပြောပါတယ်။
ယနေ့အချိန်မှာတော့ ဖလော်ရီဒါ၊ ဟာဝိုင်ရီနဲ့ ကာရေဘီယံဒေသတွေမှာ ဒီအာဖရိကခရုကြီးတွေဟာ တောရိုင်းသတ္တဝါတွေလိုမျိုး ရှိနေနိုင်တယ်လို့ ယုံကြည်ရကြောင်းလည်း (USDA) က ဆိုပါတယ်။
တကယ်လို့ အဆိုပါခရုတွေကို တွေ့ရှိမိတယ်ဆိုရင် ဒေသဆိုင်ရာ ပြည်နယ်စိုက်ပျိုးရေးဌာန (သို့မဟုတ်) USDA တိရစ္ဆာန်နဲ့ အပင်ကျန်းမာရေး စစ်ဆေးရေးဝန်ဆောင်မှု ဒေသဆိုင်ရာဌာနခွဲတွေကို ဆက်သွယ်ပေးကြဖို့ ဗဟိုအစိုးရအာဏာပိုင်တွေက အကြံပြုထားပါတယ်။
ဇင်ထူးနိုင်
Ref: https://n.pr/3ZZ2yBg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ
htike thu • ဖြေကြားချက် 1 ခု
မတ်ပဲ ရေလိုက်ကြဲမလို့ ပေါင်းသက်ဆေး ထိုးပီ ကြဲလိုက်လို့ အဆင်ပြေမလား ခုတ်ဖုံးလုပ်ဖို့ကျ မြတ်ရမ်းခတွေနဲ့ အဖိုးအခတွေပိုများသွားမလာလို့ အကြံပြုပါ
ကိုကောင်းကြီး • ဖြေကြားချက် 1 ခု
ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်ပိူင်း အမိုင်နို ကယ်စီပလပ် မင်းသား ရှယ်ပီကေ တစ်လှည့်စီဖျန်းနေတာ အပွင့်လေးတွေတော့ထပ်လိုက်လာတယ်ဗျ
U Yan • ဖြေကြားချက် 10 ခု
ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....