အိန္ဒိယဆန် ဈေးသက်သာလာချိန် ဘင်္ဂလားဒေ့ရှ်က ဆန်တင်သွင်းခွန်ကို ထက်ဝက်ကျော် လျှော့ချ

06/07/2022 14:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယ ရူပီးငွေဈေး ပိုအားပျော့လာတာကြောင့် အိန္ဒိယဆန်ဟာ ထိုင်း၊ ဗီယက်နမ်ဆန်တို့ထက် ပိုမိုဈေးသက်သာလာကာ ယခုအပတ်အတွင်း အိန္ဒိယဆန်အပေါ် ဝယ်လိုအား ကောင်းမွန်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြီးမြင့်လာတဲ့ ပြည်တွင်းဆန်ဈေးကို ထိန်းချုပ်ဖို့ ဆန်တင်သွင်းခွန်ကို သိသိသာသာ လျှော့ချလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်အပေါ် စည်းကြပ်ကောက်ခံတဲ့ သွင်းကုန်ခွန်ကို ယခင် ၆၂ ဒသမ ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တာပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံဆီကနေ ဆန်ပမာဏ အများအပြား ဝင်ရောက်လာတော့မယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ကုန်သည်တွေက ခန့်မှန်းပြောဆိုကြပါတယ်။

ဆိုးရွားလှတဲ့ ရေကြီးရေးလျှံမှုတွေဟာ သီးနှံဧရိယာများစွာကို ပျက်စီးစေခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကစပါးရာသီ ကောက်လှိုင်လှိုင်ပေါ်ချိန် ရောက်နေတာတောင် ပြည်တွင်းဆန်ဈေးတွေ မြင့်တက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာမှာ ဆန်စပါးထုတ်လုပ်မှု တတိယအများဆုံး ဖြစ်ပေမဲ့ ဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီးရေလျှံ စတဲ့ သဘာဝဘေးတွေကြောင့် ပြည်တွင်းမှာ ဆန်လိုအပ်လေ့ရှိပြီး သွင်းကုန်နဲ့ ဖြေရှင်းရတတ်ပါတယ်။

ဆန်တင်ပို့မှု ထိပ်သီးနိုင်ငံ အိန္ဒိယရဲ့ ငါးမှတ်ပေါင်းဆန်ဈေးဟာ ယခင်အပတ်ကအတိုင်း မပြောင်းမလဲ ရှိခဲ့ပြီး တစ်တန်ကို ၃၅၅ ဒေါ်လာနဲ့ ၃၆၀ ဒေါ်လာကြား ရပ်တည်နေပါတယ်။

"ဝယ်လက်ဖောက်သည်တွေဟာ ဈေးပိုသက်သာတဲ့ အိန္ဒိယဆန်ကို ပိုမိုသဘောတွေ့နေကြပါတယ်။ ၂၅ မှတ်ဆန်နဲ့ ဆန်ကွဲအပေါ် ဝယ်လိုအား ကောင်းနေတာပါ" လို့ အိန္ဒိယတောင်ပိုင်း အန္ဓရဒေသပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်စ်ယောက်က ပြောပါတယ်။

ထိုင်း ငါးမှတ်ဆန်ဈေးကတော့ ယခင်အပတ်တုန်းက တစ်တန်ကို ၄၂၀-၄၂၅ ဒေါ်လာကြား ရှိခဲ့ရာကနေ ယခုအပတ်မှာ ၄၁၂-၄၁၅ ဒေါ်လာကြားကို ကျဆင်းလာပါတယ်။

"ဝယ်လိုအားတွေ ဝင်လာနေပါတယ်။ ဒါပေမဲ့ ပမာဏအများကြီးတော့ မဟုတ်ပါဘူး။ ဈေးကွက် ငြိမ်နေပါတယ်။ အိန္ဒိယဆန်ဈေးဟာ ထိုင်းဆန်ထက် ပိုနိမ့်နေတာကြောင့်ပါ" လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။

လယ်သမားတွေဟာ ယခုနှစ် စပါးအထွက်ကောင်းမယ်လို့ မျှော်လင့်ထားပေမဲ့ ဓာတ်မြေသြဇာဈေး ကြီးမြင့်နေတဲ့အတွက် သူတို့ဟာ ဖိအားတွေအောက် ကျရောက်နေတယ်လို့ ၎င်းကုန်သည်က ပြောပါတယ်။

ဗီယက်နမ် ငါးမှတ်ဆန်ဟာ ယခင်တစ်ပတ်အကြာက တစ်တန်ကို ၄၁၈-၁၂၃ ဒေါ်လာကြား ရပ်တည်ခဲ့ရာကနေ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ၄၁၅-၄၂၀ ဒေါ်လာ ဈေးပေါက်ခဲ့ပါတယ်။

"ရိတ်သိမ်းဆဲ နွေစပါးတွေလည်း ‌ပေါ်နေတာကြောင့် ဗီယက်နမ် ပြည်တွင်းဆန်ရောင်းလိုအား တက်နေပါတယ်" လို့ ဟိုချီမင်းစီးတီးမြို့ အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။

ဗီယက်နမ်ရဲ့ ဇန်နဝါရီ-ဇွန် ကာလအတွင်း ဆန်တင်ပို့မှုဟာ ယခင်နှစ် တင်ပို့ပမာဏ တန်ချိန် ၃ ဒသမ ၅ သန်းကနေ ၁၆ ဒသမ ၂ ရာခိုင်နှုန်း မြင်တက်နိုင်ပြီး ပို့ကုန်ဝင်ငွေဟာ ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ဒေတာအချက်အလက်များအရ သိရပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: BUYERS TURN TO CHEAPER INDIA GRAINS, BANGLADESH CUTS IMPORT DUTY - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်