ကက်တက်စ်နဲ့ ဆကူးလန့်စ် အပင်လေးတွေ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ

23/07/2022 12:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကန္တာရဆူးပင်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ကက်တက်စ် (Cactus) ပင်တွေနဲ့ ပုံစံ၊ အရောင်အသွေး မျိုးစုံရှိတဲ့ ဆကူးလန့်စ် (Succulent) အပင်လေးတွေ စိုက်ပျိုးရတာကို ကြိုက်နှစ်သက်ကြတဲ့ ဝါသနာရှင်တွေ ရှိကြပါလိမ့်မယ်။

ကက်တက်စ် (Cactus) နဲ့ ဆကူးလန့်စ် (Succulent) အပင်တွေကို မြန်မာနိုင်ငံမှာလည်း အတော်အသင့် စိုက်ပျိုးနေကြတယ်ဆိုပေမယ့် အခြားသောနိုင်ငံတွေနဲ့ ယှဥ်ကြည့်မယ်ဆိုရင်တော့ နည်းနေသေးတယ်လို့ ပြောရမှာပါ။ 

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် ကက်တက်စ် (Cactus) နဲ့ ဆကူးလန့်စ် (Succulent) အပင်တွေကို ရောင်းဝယ်ဖောက်ကားနိုင်ဖို့အတွက် အပတ်စဥ်၊ နှစ်စဥ် ဈေးရောင်းပွဲတော်တွေ လုပ်ပြီးတော့ကို တသီးတသန့် ကျင်းပတာ ဖြစ်ပါတယ်။ အဲ့ဒီ ဈေးရောင်းပွဲတော်တွေမှာ အပင်အမျိုးအစား စုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်သလို တစ်နှစ်ပတ်လုံး မိမိစိုက်ပျိုးပြုစုထားတဲ့ အပင်လေးတွေကို အခြားသောအပင်တွေနဲ့ ယှဥ်ပြိုင်လို့ရတဲ့ ပြိုင်ပွဲတွေတောင် ရှိပါတယ်။ အချို့သော ရှားပါးမျိုးစိတ်တွေဆိုရင် လေလံဆွဲပြီးတော့ကို ဝယ်ယူရတာမျိုးအထိ ရှိပါတယ်။

ဒါ့အပြင် အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း ဒီအပင်တွေရဲ့ ဈေးကွက်က အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး နှစ်စဥ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ရောင်းဝယ်ဖောက်ကားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးသူအများစုကတော့ ထိုင်းဘက်ကနေ တင်သွင်းတဲ့ အပင်တွေကို ပိုပြီးကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ 

ကက်တက်စ် (Cactus) ပင်လေးတွေဟာ ရှားစောင်းမျိုးနွယ်ဝင် အပင်ဖြစ်ပြီးတော့ မျိုးစိတ်ပေါင်း ၂၀၀၀ နီးပါးလောက်ရှိပါတယ်။ အရည်ရွှမ်းတဲ့ပင်စည် ပါရှိပြီးတော့ တခြားသောအပင်တွေနဲ့ မတူတဲ့အချက်က ကက်တက်စ်ပင်တွေဟာ အရွက်တွေအစား ဆူးချွန်တွေနဲ့ မာကျောတဲ့အခွံတွေ ပါရှိနေတာ ဖြစ်ပါတယ်။ ဒီအပင်တွေကိုတော့ အများအားဖြင့် ခြောက်သွေ့တဲ့ ကန္တာရလိုနေရာတွေမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။ 

ဆကူးလန့်စ် (Succulent) အပင်လေးတွေကတော့ ၎င်းတို့ရဲ့အရွက်၊ ပင်စည်နဲ့ အမြစ်တွေထဲမှာ ရေကိုသိုလှောင်ထားတဲ့ အပင်တွေဖြစ်ပြီး ရေငတ်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ အပင်ငယ်လေးတွေ ဖြစ်ပါတယ်။ အရွက်တွေဟာ ထူထဲပြီး အရည်ရွှမ်းကာ ခြောက်သွေ့တဲ့အခြေအနေမှာ ကောင်းစွာရှင်သန်နိုင်ပေမယ့် စိုထိုင်းဆများနေခြင်းကိုတော့ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ ဒီအပင်လေးတွေဟာလည်း အာဖရိကနဲ့ အမေရိကရဲ့ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေကနေ ပြန့်ပွားလာတာဖြစ်ပြီး တချို့မျိုးစိတ်တွေကိုတော့ တောင်ထူထပ်တဲ့ ဒေသတွေနဲ့ မိုးသစ်တောကြီးတွေထဲမှာပါ တွေ့ရတတ်ပါတယ်။ 

ဒီအပင်လေးတွေ စိုက်ပျိုးတဲ့အတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာကို ယခုဆောင်းပါးမှာ လေ့လာရမှာပါ။

လေကို သန့်စင်ပေးနိုင်ခြင်း 

ဒီအပင်လေးတွေဟာလည်း အခြားသော အိမ်တွင်းအလှစိုက်အပင်တွေလိုပဲ လေသန့်စင်ပေးနိုင်တာကြောင့် လူသိများပါတယ်။ လေထုထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေနဲ့ ညစ်ညမ်းမှုတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်ပါတယ်။ ဒီအပင်လေးတွေဟာ လေထုထဲမှာရှိနေတဲ့ formaldehyde၊ benzene၊ toluene၊ xylene စတဲ့ ဓာတ်ငွေ့တွေရဲ့ ပါဝင်မှုကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ရေနဲ့ အာဟာရဓာတ်တွေကို သိုလှောင်ထားကာ နေ့ဘက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး ညအချိန်မှာ အောက်စီဂျင်ကို ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။ 

စိုထိုင်းဆ မြင့်စေခြင်း 

စိုထိုင်းဆဆိုတာ လေထုထဲမှာရှိနေတဲ့ ရေငွေ့ပမာဏကို ဆိုလိုတာဖြစ်ပြီး အိမ်အတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်အတွင်းမှာရှိတဲ့ စိုထိုင်းဆ ပမာဏနည်းခြင်း/ များခြင်းဟာ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အိမ်အတွင်းမှာရှိသင့်တဲ့ သင့်တော်တဲ့ စိုထိုင်းဆပမာဏက ၄၀ - ၆၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အိမ်အတွင်းမှာ စိုထိုင်းဆနည်းတဲ့အခါ အရေပြားတွေကို ခြောက်သွေ့ယားယံစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အအေးမိခြင်း၊ တုတ်ကွေးနဲ့ အခြားသော ကူးစက်ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကက်တက်စ် နဲ့ ဆကူးလန့်စ် အပင်လေးတွေဟာ ၎င်းတို့ရဲ့ အရွက်၊ ပင်စည်နဲ့ အမြစ်တွေထဲမှာ ရေသိုလှောင်နိုင်ဖို့တွက် သဘာဝအလျောက် လိုက်လျောညီထွေဖြစ်နေတာကြောင့် ရေငွေ့ပျံခြင်းကိုလျှော့ချနိုင်ပြီး နေအိမ်နဲ့ အခန်းအတွင်းမှာ စိုထိုင်းဆရှိနေအောင် ကူညီပေးနိုင်တာဖြစ်ပါတယ်။ ဒီအပင်လေးတွေ စိုက်ပျိုးထားခြင်းအားဖြင့် ဆောင်းရာသီလို စိုထိုင်းဆနည်းတဲ့ ကာလတွေမှာ များစွာအထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။ 

အာရုံစူးစိုက်မှု ကောင်းစေခြင်း 

ကက်တက်စ် နဲ့ ဆကူးလန့်စ် အပင်လေးတွေ စိုက်ပျိုးထားခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။ အလုပ်လုပ်တဲ့နေရာ အနီးအနားမှာ ဒီအပင်လေးတွေ စိုက်ပျိုးထားရှိခြင်းဖြင့် စိတ်ကြည်လင်မှု၊ အာရုံစူးစိုက်မှု၊ တီထွင်ဖန်တီးမှုနဲ့ အကျိုးဖြစ်ထွန်းမှု ပိုများကြောင်း တွေ့ရပါတယ်။ အမေရိကန်နိုင်ငံ Utah တက္ကသိုလ်ရဲ့ အချို့သော လေ့လာချက်တွေကတော့ ဒီလိုအရည်ရွှမ်းတဲ့ အပင်လေးတွေစိုက်ပျိုးထားခြင်းဟာ အရွယ်ရောက်ပြီးသား လူကြီးတွေသာမက ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း သိရပါတယ်။ အထူးသဖြင့် အပင်လေးတွေကို တစ်ကြိမ်ကြည့်ရှုပြီးပါက ၁၅ မိနစ်ကျော်အထိ အာရုံစူးစိုက်မှု မြှင့််တင်ပေးနိုင်ကြောင်း သိရပါတယ်။ 

ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကူညီပေးနိုင်ခြင်း

ကက်တက်စ် နဲ့ ဆကူးလန့်စ် အပင်လေးတွေစိုက်ပျိုးခြင်းဖြင့် အဖြစ်များတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့ကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ကက်တက်စ် နဲ့ ဆကူးလန့်စ် မျိုးနွယ်ဝင်အပင်တွေကို သဘာဝဆေးတွေဖော်စပ်ရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။  ဥပမာ ရှားစောင်းလက်ပက် အပင်ဆိုရင် မီးလောင်ဒဏ်ရာနဲ့ အခြားသော ထိခိုက်ဒဏ်ရာတွေ ဖြစ်ပေါ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ အလှစိုက်ပျိုးရာမှာ လူကြိုက်များတဲ့ ကျောက်စိမ်းပင် (Jade Plant) ဆိုရင်လည်း ပန်းနာရင်ကျပ်နဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာစေနိုင်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ ကူညီပေးနိုင်ပါတယ်။ အမေရိကန်နိုင်ငံ Kansas ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆေးရုံ၊ ဆေးခန်းတွေမှာ ကက်တက်စ် နဲ့ ဆကူးလန့်စ် အပင်လေးတွေ စိုက်ပျိုးထားရှိခြင်းဖြင့် လူနာတွေရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်မှု၊ သွေးဖိအားနဲ့ နှလုံးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်မှုကို နည်းပါးစေနိုင်ကြောင်း သိရပါတယ်။ 

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိခြင်း 

ကက်တက်စ် နဲ့ ဆကူးလန့်စ် အပင်လေးတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး နေရာဒေသ အတော်များများမှာ ရှင်သန်ပေါက်ရောက်နိုင်ပါတယ်။ သဲကန္တာရလို နေရာတွေကနေ မိုးသစ်တောကြီးတွေထဲမှာပါ ရှင်သန်ပေါက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အပူပိုင်းဒေသတွေမှာရော အအေးပိုင်းဒေသတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ အိမ်အတွင်းရော အပြင်မှာပါ အလွယ်တကူစိုက်ပျိုးနိုင်ပြီး ပြုစုစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ နေအိမ်၊ ရုံးခန်း၊ စားသောက်ဆိုင်တွေမှာ အလှဆင်စိုက်ပျိုးခြင်းဖြင့် မျက်စိပသာဒဖြစ်သလို ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုနိုင်တာကြောင့် အကျိုးရှိစေတဲ့ အပင်တွေဖြစ်ပါတယ်။ စိုက်ပျိုးတဲ့သူတွေ ရေလောင်းမမှားသရွေ့ ပြဿနာမရှိနိုင်ပါဘူး။ ရာသီဥတု အမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး အပူချိန်နဲ့ နေရောင်အနည်းငယ်ပဲ ရရှိတဲ့ နေရာတွေမှာတောင် ရှင်သန်နိုင်ကြတာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://gardenwhisper.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်