ကမ္ဘာ့ကုလားပဲအထွက်လျော့နည်းနေ၍ ရောင်းလိုအားကျပြီး ဝယ်လိုအားက ပိုများနေ
စားသောက်ကုန် အဓိကအမယ်တစ်မျိုးဖြစ်တဲ့ ကုလားပဲရဲ့ ကမ္ဘာ့ရောင်းလိုအားဟာ ဒီနှစ်ထဲမှာ ၂၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းလာနိုင်တယ်လို့ Global Pulse Confederation က ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။
မိုးလေဝသအခြေအနေနဲ့ စစ်မက်ဖြစ်ပွားမှုတို့ဟာ ပရိုတိန်းကြွယ်ဝတဲ့ ကုလားပဲ ရောင်းအားကို ထိခိုက်စေခဲ့ကာ စားသောက်ကုန်ဈေးနှုန်းတွေကို တွန်းတင်ပေးခဲ့သလို အစားအသောက် ထုတ်လုပ်သူတွေအတွက်လည်း ခေါင်းခဲစရာ ဖြစ်ခဲ့ရပါတယ်။

ကုလားပဲကို အာရပ်ပဲထောင်း၊ ပဲမှုန့်၊ ပဲဟင်း၊ ပဲပြုတ်နဲ့ ပဲနှပ်တို့ ချက်လုပ်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကုလားပဲစားသုံးမှု ခုနောက်ပိုင်းမှသာ ပိုများလာခဲ့ပေမဲ့ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းဒေသက လူတွေအတွက်တော့ အဓိကအစားအသောက်အဖြစ် ရှိနေခဲ့တာ ကြာပြီဖြစ်ပါတယ်။
ကုလားပဲတင်ပို့မှု စတုတ္ထအများဆုံး အမေရိကန်ပြည်ထောင်စုမှာ ရာသီဥတုကြောင့် ကုလားပဲစိုက်ပျိုးမှု အဆင်မပြေ ဖြစ်ခဲ့ရပြီး လယ်သမားတွေဟာ အမြတ်ပိုကျန်မယ့် ဂျုံ၊ ပြောင်းတို့လို သီးနှံတွေ ဦးစားပေးခဲ့တဲ့အတွက် ယခုနှစ် အမေရိကန်ကုလားပဲ စိုက်ဧက ကျဆင်းနိုင်တယ်လို့ အစိုးရထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တစ်ချိန်တည်းမှာ တောင်အာရှနဲ့ မြေထဲပင်လယ်ဒေသရဲ့ ထိပ်သီးဝယ်လက်တွေဟာ ကျဆင်းလာနေတဲ့ အမေရိကန်ကုလားပဲလက်ကျန်ကို တွန်းထိုးဝယ်ယူဖို့ ကြိုးစားနေကြပါတယ်။ ကမ္ဘာ့ကုလားပဲ ရောင်းအားကလည်းကျနေချိန် ကုလားပဲထုတ်လုပ်တဲ့ ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲဟာလည်း ကမ္ဘာ့ကုန်စည်ရောင်းဝယ်ရေးကွင်းဆက်ပြတ်တောက်မှုကို ပိုဆိုးရွားလာနေစေလို့ ကုန်သည်တွေ ယခုလို အလုအယက် ဝယ်ယူနေကြတာပါ။
“ရုရှား-ယူကရိန်း စစ်မီး စတောက်လာတော့ ဝယ်လိုအားက ထိုးတက်သွားတယ်" လို့ အမေရိကန်ပြည်ထောင်စု၊ အိုရီဂွန်ပြည်နယ်၊ ပေါ့လန်းမြို့အခြေစိုက် ကောက်ပဲသီးနှံနဲ့ ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်း Columbia Grain International ရဲ့ အမှုဆောင်အရာရှိချုပ် Jeff Van Pevenage က ပြောပါတယ်။ "တရုတ်ဘက်က ဝယ်လိုအား ကောင်းလာတာကို တွေ့ရတယ်။ ဒါ့အပြင် ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဘက်က ဝယ်လက်တွေဆီက မှာယူလာတာတွေလည်း ရှိတယ်" လို့ သူက ပြောပါတယ်။
ယူကရိန်းဟာ စစ်ပွဲကြောင့် ကုလားပဲသီးနှံ လုံးလုံး စိုက်ပျိုးနိုင်ဖို့ မရှိတာကြောင့် သူတို့ ဥရောပတိုက်ကို တင်ပို့နေကျ တန်ချိန် ၅၀၀၀၀ ကို စာရင်းထဲကနေ ဖယ်ထုတ်ပစ်ရတော့မယ်လို့ ကမ္ဘာ့နဲ့ချီပြီး ကုလားပဲ ရောင်းဝယ်ဖောက်ကားနေတဲ့ Shree Sheela International ရဲ့ ဒါရိုက်တာ Navneet Singh Chhabra က ပြောပါတယ်။
ရုရှားကို ကမ္ဘာ့ဘဏ္ဍာရေးစနစ် မသုံးစွဲနိုင်အောင် ဖြတ်တောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကလည်း ရုရှားဆီက ကောက်ပဲသီးနှံဝယ်ယူရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။ ဝယ်လက်အချို့ကလည်း ငွေပေးချေမှု အရှုပ်အထွေးတွေကနေ ရှောင်ရှားလိုနေကြတာပါ။ ကုလားပဲတင်ပို့မှု ထိပ်သီးဖြစ်တဲ့ ရုရှားဟာ ပုံမှန်အားဖြင့် ကမ္ဘာ့ရောင်းဝယ်ဖောက်ကားမှုရဲ့ ၂၅ ရာခိုင်နှုန်းကို ရောင်းချပေးနေတာလို့ သူက ပြောပါတယ်။
"ရုရှားဟာ တစ်နှစ်ကို ကုလားပဲတန်ချိန် နှစ်သိန်းကနေ နှစ်သိန်းခွဲ အနည်းဆုံး တင်ပို့နေတာပါ။ ဖေဖော်ဝါရီလမှာ စစ်ပွဲ စဖြစ်လိုက်တော့ ရုရှားရောင်းအားဟာ လုံးလုံးလျားလျား ပျက်စီးသွားပါတယ်" လို့ သူက ပြောပါတယ်။
သယ်ယူပို့ဆောင်ရေးပြဿနာတွေဟာ ရောင်းအားအကန့်အသတ် ဖြစ်နေတာတွေကို ပိုဆိုးစေပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ကုလားပဲဈေးတွေကို မြင့်တက်လာစေခဲ့ပါတယ်။
ပစိဖိတ်အနောက်မြောက်ဆိပ်ကမ်းတွေမှာ ကုန်သင်္ဘောတွေ ကျပ်နေတာကြောင့် အချို့ရောင်းဝယ်ရေးလုပ်ငန်းတွေက မိုင်ထောင်ချီဝေးတဲ့ ရထားလမ်းကြောင်းတွေကနေ ကုလားပဲ တင်ပို့နေကြရကာ တစ်ကွေ့တစ်ပတ်နဲ့ အကုန်အကျ ပိုများနေကြရပါတယ်။
Columbia Grain International ဟာ ပုံမှန်ဆို ကုလားပဲကို ပစိဖိတ်အနောက်မြောက်ဆိပ်ကမ်း ကုန်သင်္ဘောတွေနဲ့ တင်ပို့နေကျ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိပ်ကမ်းတွေ ပြည့်ကျပ်နေတာကြောင့် တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့ထိရောက်အောင် ရထားလမ်းကနေ ပို့ပြီး အဲဒီမှာ သင်္ဘောတင်ဖို့ ရှာဖွေရကာ ပို့ဆောင်စရိတ် နှစ်ဆနီးပါး ကုန်ကျနေတယ်လို့ Van Pevenage က ပြောပါတယ်။
မနိုင်ဝန်ထမ်းနေရတဲ့ ရထားလိုင်းတွေကလည်း ကုန်ဝန်ပိနေပြီး တင်ပို့လိုက်တဲ့ ကုလားပဲတွေဟာ ဆိပ်ကမ်းကနေ သင်္ဘောတွေ ထွက်ခွာသွားပြီး အတန်ကြာမှ ရောက်ရှိလာကြပါတယ်။
"ကုန်တွေဟာ ဟူစတန်မှာ ရှစ်ပတ်လောက် သောင်တင်နေပြီး နောက်သင်္ဘောအထွက်ကို စောင့်နေကြရပါတယ်" လို့ Van Pevenage က ပြောပါတယ်။
ကမ္ဘာ့ကုလားပဲ ဝယ်လိုအားဟာ ရောင်းလိုအားထက် ကျော်လွန်နေတယ်လို့ ကုန်သွယ်ရေးစာရင်းတွေနဲ့ Shree Sheela International ရဲ့ သုတေသနပြုချက်အရ သိရပါတယ်။ တူကရီနိုင်ငံဟာ ကုလားပဲတင်ပို့မှု တားမြစ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံမှာတော့ ရာသီဥတုဆိုးရွားမှုကြောင့် ကုလားပဲအထွက်တွေ ကျဆင်းခဲ့ပါတယ်။
ကုလားပဲတင်ပို့မှု ထိပ်သီးတစ်နိုင်ငံဖြစ်တဲ့ သြစတြေးလျမှာ လယ်သမားတွေဟာ စိုက်ခင်းရေကြီးရေလျှံမှု ရင်ဆိုင်နေရပြီး ပို့ကုန်လုပ်ငန်းတွေကလည်း သင်္ဘောကွန်တိန်နာ နေရာရရေး အသည်းအသန် လုံးပမ်းနေကြရပါတယ်။
တချို့တောင်သူတွေကတော့ ပျက်စီးသွားတဲ့ ပဲကို ပြန်စိုက်ကောင်း စိုက်နိုင်တယ်လို့ ဆစ်ဒနီမြို့ရှိ IKON Commodities လယ်ယာကုန်စည်လုပ်ငန်းရဲ့ ဒါရိုက်တာ Ole Houe က ပြောပါတယ်။
"စိုက်ထားပြီး ကုလားပဲသီးနှံများစွာ ရေနစ်မြုပ်နေတယ်" လို့ Houe က ပြောပြီး သြစတြေးလျက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတို့လို ပဲစားများတဲ့ ဈေးကွက်တွေဆီ အဓိကထား တင်ပို့တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လယ်သမားတွေဟာ ယခုနှစ်အတွင်း ကုလားပဲ စိုက်ဧက ငါးရာခိုင်နှုန်း လျှော့ချစိုက်ပျိုးခဲ့တယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က အစီရင်ခံပါတယ်။
အမေရိကားမှာ ပြီးခဲ့တဲ့နှစ်တုန်းက မြောက်ဒါကိုတာကနေ ဝါရှင်တန်ပြည်နယ်အထိ မိုးခေါင်ပြီး ကုလားပဲ ထုတ်လုပ်မှု သုံးပုံတစ်ပုံ လျော့ကျခဲ့တဲ့နောက် ကုန်လက်ကျန်နည်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းရောင်းကုန်စုစုပေါင်းဟာ ဇွန်လ ၁ ရက်စာရင်းအရ ပြီးခဲ့တဲ့ နှစ်ထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ USDA ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီတိုင်အောင် မွန်တားနားပြည်နယ်က တောင်သူ Ryan Bogar ကတော့ ဒီလို ကုန်ပြတ်လပ်မှုဟာ သူတို့မိသားစု စိုက်ထားတဲ့ ကုလားပဲ ဧက ၁၅၀၀ အောင်မြင်ဖို့ အကြောင်းဖြစ်စေမယ်လို့ အလောင်းအစားလုပ်ထားပါတယ်။ ကုလားပဲဟာ ပြောင်းသီးနှံထက် ဓာတ်မြေသြဇာ လိုအပ်ချက်နည်းပြီး ရောင်းတဲအခါ ဂျုံထက် ဈေးနှစ်ဆ ရတယ်လို့ သူက ပြောပါတယ်။
ဂျုံဈေးတွေဟာ မတ်လအတွင်းက စံချိန်တင်နှုန်းအနီးထိ မြင့်တက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ကမ္ဘာတစ်ဝန်း စီးပွားရေးပျက်ကပ် ဖြစ်ရင် ဆိုတဲ့ စိုးရိမ်ချက်တွေက ကုန်စည်ဈေးကွက်အပေါ်ရိုက်ခတ်ပြီး ဂျုံဈေးဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင်နှုန်းဆီ ပြန်ကျသွားပါတယ်။
"ဂျုံကတော့ အမြတ်ကျန်စေမှာပါ။ ဒါပေမဲ့ စက်ပစ္စည်းသစ်တစ်ခု ဝယ်ချင်တာမျိုး၊ ငွေ ထပ်တိုးပွားချင်တာမျိုးဆိုရင်တော့ ကုလားပဲလေးပါ ရောစိုက်ပေးတာကောင်းတယ်" လို့ Bogar က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Fewer chickpeas means cheap protein and hummus could be harder to find - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိုးသီဟ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးအများကြီးတင်ပါတယ် လယ်ယာသီးနှံသတင်းကို သိရှိခွင့်အတွက်
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023