Zoom Meeting တစ်ခု ဘယ်လို Join ရမလဲ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာလေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ အွန်လိုင်းကနေ အစည်းအဝေးတက်တဲ့အခါ (သို့မဟုတ်) စိုက်ပျိုးရေးသင်တန်းတွေ တက်တဲ့အခါ မိုဘိုင်းဖုန်းထဲက Zoom ဆိုတဲ့ ဆော့ဝဲလ်ကို အသုံးပြုပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ ဒီဆော့ဝဲလ်လေး အသုံးပြုဖို့အတွက် Gmail (ဂျီမေးလ်) အကောင့်ရှိဖို့လိုပြီး Gmail (ဂျီမေးလ်) အကောင့်ဘယ်လိုဖွင့်ရမလဲဆိုတာ ယခင်ကမျှဝေပေးခဲ့ပြီး ဖြစ်ပါတယ် ခင်ဗျ။
အဆင့် ၁
ပထမဦးစွာ Zoom ဆော့ဝဲလ်အား မိမိအသုံးပြုသော ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Android (အန်းဒရွိုက်) ဆိုလျှင် Google Play Store (ပလေးစတိုး) iOS (အိုင်ဖုန်း/ပန်းသီးဖုန်း) ဆိုလျှင် App Store မှ Download (ဒေါင်းလုဒ်) ဆွဲထားရန် လိုအပ်ပါတယ်။
အဆင့် ၂
Zoom ဆော့ဝဲလ်အား ဒေါင်းလုဒ်ဆွဲပြီးပါက ဆော့ဝဲလ်အတွင်းသို့ ဝင်ရောက်ပြီး လုပ်ဆောင်ချက်များအားအသုံးပြုနိုင်ရန် Sign in ပြုလုပ်ရန် လိုအပ်ပါတယ်။ Sign in ဝင်ရာတွင် အစည်းအဝေး (သို့မဟုတ်) သင်တန်း အတွက်အသုံးပြုမည့် မိမိ၏ Gmail (ဂျီမေးလ်) လိပ်စာနှင့် Password (လျှို့ဝှက်ကုဒ်) တို့ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
အဆင့် ၃
မိမိတွင် Meeting Link (အစည်းအဝေး၊ သင်တန်းတက်ရောက်ရန် တိုက်ရိုက် ချိတ်ဆက်နိုင်သည့်နေရာ) အဆင်သင့် ရှိပါက အစည်းအဝေး (သို့မဟုတ်) သင်တန်း ပြုလုပ်သည့်နေ့တွင် ၎င်း Link (လင့်ခ်) ပေါ်နှိပ်ပြီး တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ အစည်းအဝေး၊ သင်တန်း တက်ရောက်ရန် ဖိတ်ကြားထားသော ဖိတ်စာ (သို့မဟုတ်) email (အီးမေးလ်) တွင်လည်း Meeting Link ပါဝင်မှာ ဖြစ်ပါတယ်။ ၎င်းဖိတ်စာတွင် Meeting Link (လင့်ခ်) အပြင် Meeting ID (အိုင်ဒီ) နှင့် Password (လျှို့ဝှက်ကုဒ်) တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
အဆင့် ၄
အစည်းအဝေး (သို့မဟုတ်) သင်တန်း အားတက်ရောက်နိုင်ရန် Zoom ဆော့ဝဲလ်ထဲသို့ဝင်ရောက်ပြီး Join (ချိတ်ဆက်မည်) ဆိုသည့်နေရာကို နှိပ်ပေးရပါမယ်။ ထို့နောက် အစည်းအဝေး (သို့မဟုတ်) သင်တန်း သို့ဝင်ရောက်နိုင်ရန် လိုအပ်သော Meeting ID (အိုင်ဒီ) (သို့မဟုတ်) Meeting Link (အစည်းအဝေးတက်ရောက်ရန် လင့်) အားထည့်သွင်းကာ Join (ချိတ်ဆက်မည်) ကိုနှိပ်ပေးခြင်းဖြင့် ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်။
အဆင့် ၅
အထက်ဖော်ပြပါ အဆင့်များ ပြီးဆုံးပါက မိမိအနေဖြင့် အစည်းအဝေး (သို့မဟုတ်) သင်တန်း ပြုလုပ်နေသော နေရာသို့ရောက်ရှိမှာ ဖြစ်ပါတယ်။ အစည်းအဝေး (သို့မဟုတ်) သင်တန်းတွင် မိမိအနေဖြင့် စကားပြောလိုပါက အောက်ခြေရှိ Audio (အသံပိုင်းဆိုင်ရာ) နှင့် Video (ဗီဒီယိုပိုင်းဆိုင်ရာ) ဆိုသည့် ခလုတ်များကို အပိတ်အဖွင့်ပြုလုပ်ကာ ပါဝင်ဆွေးနွေးပြောကြားနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....