စားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်နိုင်ဖို့ စင်္ကာပူမှာ အင်းဆက်စားသုံးမှုကို မကြာမီ ခွင့်ပြုပေးဖွယ်ရှိ

17/10/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နှံကောင်ကြော် ဒါမှမဟုတ် ပုရစ်အမှုန့်နဲ့ ပြုလုပ်ထားတဲ့ ကွတ်ကီးမုန့်တွေကို စင်္ကာပူနိုင်ငံရဲ့ အစားအသောက် မီနူးစာရင်းတွေမှာ မကြာခင်တွေ့လာရတော့မယ့် အနေအထားရှိနေပါတယ်။ 

စင်္ကာပူအစားအစာအေဂျင်စီ (SFA) ဟာ အင်းဆက်တွေကို လူတွေစားသုံးဖို့နဲ့ တိရစ္ဆာန်အစာအဖြစ် ခွင့်ပြုနိုင်ဖို့ စားသောက်ကုန်နဲ့ တိရစ္ဆာန်အစာထုတ်လုပ်တဲ့ လုပ်ငန်းတွေဆီကနေ အကြံပြုချက်တောင်းခံနေပြီး စင်္ကာပူ နိုင်ငံသားတွေအနေနဲ့ မကြာခင်မှာပဲ အင်းဆက်များကို စားသုံးနိုင်တော့မှာလည်း ဖြစ်ပါတယ်။ 

စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် စင်ကာပူနိုင်ငံသားတွေဟာ ပုရစ်၊ ကျိုင်းကောင်၊ ဖလံနဲ့ ပျားကဲ့သို့ အင်းဆက်မျိုးစိတ်တွေကို စားသုံးနိုင်တော့မယ့် အလားအလာတွေရှိနေတာ ဖြစ်ပါတယ်။

၎င်းတို့ကို တိုက်ရိုက်စားသုံးနိုင်မှာဖြစ်သလို အင်းဆက်ကြော် မုန့်ပဲသရေစာအနေနဲ့ရော ပရိုတင်း အတုံး၊ အတောင့်များကဲ့သို့ပါ ပြုလုပ်စားသုံးနိုင်မှာ ဖြစ်ပါတယ်။

အင်းဆက်ထုတ်ကုန်ပစ္စည်းတွေဟာ ပြည်ပမှတင်သွင်းသည်ဖြစ်စေ ပြည်တွင်းမှာ မွေးမြူထုတ်လုပ်သည်ဖြစ်စေ  စည်းမျဉ်းစည်းကမ်းတွေကတော့ အစားအသောက် ဘေးကင်းရေးလုံခြုံမှု လိုအပ်ချက်တွေနဲ့ အခြေအနေတွေပေါ်မှာ မူတည်နေမှာလည်း ဖြစ်ပါတယ်။ 

ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လို့တော့ အင်းဆက်မျိုးစိတ်အချို့ကို စားသုံးခွင့်ပြုထားတဲ့ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ထိုင်းကဲ့သို့ နိုင်ငံတွေကနေ အင်းဆက်နဲ့သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းအချို့ကို ကိုးကားခဲ့ကြောင်း စင်္ကာပူအစားအစာအေဂျင်စီ (SFA)က The Straits Times ကို ပြောကြားခဲ့ပါတယ်။ 

ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ပိုးချည်မျှင်ထုတ်ပေးတဲ့ ပိုးတုံးလုံးတွေနဲ့ ထိုင်းနိုင်ငံမှာဆိုရင် ပုရစ်တွေကို စားခြင်းဟာ ရိုးရာဓလေ့အရ စားသုံးကြတာဆိုတာမျိုး ဖြစ်ပါတယ်။ 

စင်္ကာပူအစားအစာအေဂျင်စီ (SFA) ဟာ လူသားတွေရဲ့ အင်းဆက်စားသုံးမှုသမိုင်းမှာရှိခဲ့တဲ့ တိကျတဲ့ အင်းဆက် မျိုးစိတ်တွေကို သိပ္ပံနည်းကျ ပြန်လည်သုံးသပ်မှုတွေကို ပြုလုပ်ခဲ့ပြီး အစားအစာအဖြစ် အသုံးပြုခွင့်ရဖို့ အကဲဖြတ်ခဲ့ကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

မကြာသေးခင်နှစ်များအတွင်းမှာပဲ လူသားတွေစားသုံးဖို့နဲ့ တိရစ္ဆာန်အစာအဖြစ် အသုံးပြုဖို့ အင်းဆက်ပိုးမွှားတွေကို စီးပွားဖြစ်မွေးမြူခြင်းအား ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO) ကနေ အားပေးကူညီမှုတွေ မြှင့်တင်ခဲ့ပြီးတဲ့နောက် စီးပွားဖြစ်ပြုလုပ်ဖို့ စိတ်ဝင်စားမှုရရှိခဲ့ကြောင်း SFA ကနေ ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာကြီးရဲ့ တိုးပွားလာတဲ့လူဦးရေကို စဉ်ဆက်မပြတ်ကျွေးမွေးနိုင်ဖို့အတွက် စားသုံးလို့ရတဲ့ အင်းဆက်တွေဟာ အာဟာရဓာတ်ပါဝင်မှုမြင့်မားပြီး  မွေးမြူရေးတိရစ္ဆာန်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အစာကျွေးရတာလည်းနည်းပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလည်း နည်းပါးတယ် လို့ FAO ကနေ ပြောကြားခဲ့ပါတယ်။ 

"SFA ဟာ အစားအစာထုတ်လုပ်မှုနဲ့ တီထွင်ဆန်းသစ်မှုကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရင်ပေါင်တန်းလျက်ရှိပြီး အင်းဆက်ပိုးမွှားတွေကို အစားအစာ သို့မဟုတ် တိရစ္ဆာန်အစာအဖြစ် တင်သွင်းခြင်းနဲ့ပတ်သတ်လို့ လုပ်ငန်းပိုင်းဆိုင်ရာ စုံစမ်းမေးမြန်းချက်တွေကို လက်ခံရရှိထားပါတယ်" လို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

အင်းဆက်ကို အစားအစာအနေနဲ့တင်သွင်းဖို့ သို့မဟုတ် မွေးမြူရေးလုပ်ဖို့အတွက် လက်ရှိမှာ စိတ်ဝင်စားမှုရှိနေတဲ့ကုမ္ပဏီ ၁၀ ခုနဲ့အထက်မှာ ရှိနေတယ်လို့ ၎င်းကဆိုပါတယ်။ 

ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် ကုမ္ပဏီတွေအနေနဲ့ တင်သွင်းလာတဲ့ အင်းဆက်တွေမှာ ရောဂါပိုးမွှားနဲ့ အန္တရာယ်ရှိတဲ့ ညစ်ညမ်းပစ္စည်းတွေ မပါဝင်စေဖို့အတွက် အင်းဆက်တွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မွေးမြူထားကြောင်းတော့ သက်သေပြရမှာ ဖြစ်ပါတယ်။ 

လူသားတွေရဲ့ အင်းဆက်စားသုံးမှုသမိုင်းမှာ မရှိခဲ့တဲ့ အင်းဆက်မျိုးစိတ်တွေကတော့ ဆန်းသစ်တဲ့ အစား အစာတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ကုမ္ပဏီတွေအနေနဲ့ကတော့ SFA ရဲ့ ပြန်လည်သုံးသပ်မှုတွေအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကဲဖြတ်မှုတွေကို လုပ်ဆောင်ပြီးတင်ပြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ 

စားသောက်ကုန်လုပ်ငန်းတွေကတော့ အဆိုပါ အင်းဆက်ထုတ်ကုန်တွေနဲ့ ပတ်သတ်တဲ့ အပြောင်းအလဲကို ကြိုဆိုနေကြတာလည်း ဖြစ်ပါတယ်။ 

အင်းဆက်ပိုးမွှားတွေဟာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အလားအလာကောင်းတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာနေပြီး ၎င်းအခြေအနေကြောင့်ပဲ စင်္ကာပူနိုင်ငံဟာ ၎င်းရဲ့စားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်နိုင်ဖို့ အစားထိုးအသုံးပြုနိုင်မယ့် ပရိုတင်းအရင်းမြစ်တွေကို စိတ်ဝင်စားမှုတိုးလာနေတာလည်း ဖြစ်ပါတယ်။

Asia Insect Farm Solutions ရဲ့ ပူးတွဲတည်ထောင်သူ Yuvanesh T.S. က ဒီမှာ ခွင့်ပြုချက်ရဖို့ကို သုံးနှစ်ကနေ လေးနှစ်လောက်အထိ စောင့်ခဲ့ရတယ်လို့ ပြောပါတယ်။ SFA ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်တွင်းမှာ သူ့ရဲ့ လုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါတယ်။ 

ကုမ္ပဏီဟာ အမေရိကန်နဲ့ ဗြိတိန်မှာရှိတဲ့ စားသုံးသူတွေထံကို လက်ရှိရောင်းချမှုတွေနဲ့အတူ အဆိုပါအစား အစာတွေရဲ့ ပရိုတင်းဓာတ်ပါဝင်မှုကို မြှင့်တင်ဖို့အတွက် ဂျုံမှုန့်နဲ့ ကွတ်ကီးတွေမှာ အသုံးပြုဖို့ ပုရစ်အမှုန့်ကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။ 

Republic Polytechnic ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Altimate Nutrition ရဲ့ ပူးတွဲတည်ထောင်သူ Mr Gavriel Tan က SFA ကနေ အဆိုပါအစီစဉ်ကို ရှေ့ဆက်လုပ်ဖို့ ၂ နှစ်ကျော်စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲတွေကြောင့် ကုမ္ပဏီကြီးတွေရဲ့ အမှာစာအများအပြားကို “နာကျင်စွာနဲ့ ငြင်းပယ်ခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။ 

အရသာရှိတဲ့ ပုရစ် ပရိုတင်းအတုံးတွေကို ထုတ်လုပ်နေတဲ့ Mr Tan ရဲ့ ကုမ္ပဏီဟာ ထုတ်ကုန်တွေကို မကြာခင် စီးပွားဖြစ်ရောင်းချနိုင်ဖို့ စည်းမျဉ်းစည်းကမ်း မူဘောင်တွေကို အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း သူက ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ကုမ္ပဏီနှစ်ခုလုံးမှာရှိနေတဲ့ ပုရစ် အရင်းအမြစ်တွေကိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မွေးမြူရေးခြံတွေကနေ ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ 

SFA ဟာ သွင်းကုန်ဆိုင်ရာ အခြေအနေတွေအပြင် အင်းဆက်နဲ့ အင်းဆက်ထုတ်ကုန်တွေအတွက် အပိုထပ်ဆောင်း အကြိုလိုင်စင်လိုအပ်ချက်တွေအပေါ်မှာ စားသောက်ကုန်လုပ်ငန်းတွေနဲ့ စိတ်ပါဝင်စားသူတွေထံကနေ တုံ့ပြန်ချက်တွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။ 

အဆိုပါ ကိစ္စနဲ့ ပတ်သက်တဲ့ လူထုညှိနှိုင်းဆွေးနွေးပွဲကိုတော့ အောက်တိုဘာ ၅ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ 

“အင်းဆက်ထုတ်ကုန်လုပ်ငန်းတွေ အခြေကျလာတာနဲ့အမျှ သိပ္ပံနည်းကျ တိုးတက်မှုအသစ်တွေအပေါ် အခြေခံပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာ ချဉ်းကပ်မှုတွေကို ကျွန်တော်တို့ ပုံမှန်သုံးသပ်သွားမှာပါ” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

SFA ဟာ ဒီလုပ်ငန်းနယ်ပယ်အတွက် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေဖို့ ကုန်ကြမ်းအရင်းမြစ်မျိုးစုံကို အသုံးပြုပြီး အင်းဆက်ပိုးမွှားတွေကို လုံခြုံတဲ့နည်းလမ်းတွေနဲ့ အစာကျွေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

ယခင်ကဆိုရင် အဓိကအားဖြင့် စပါးနဲ့ ရုံးပတီသီးကဲ့သို့ တစ်သားတည်းကျတဲ့ အပင်အခြေခံရင်းမြစ်တွေကို ကန့်သတ်ထားတာကြောင့် ကုမ္ပဏီတွေဟာ ၎င်းတို့အသုံးပြုနိုင်တဲ့ ကုန်ကြမ်းအရင်းမြစ်တွေအတွက် ခွင့်ပြုချက်တွေ ရယူခဲ့ရတာဖြစ်ပါတယ်။  

လက်ရှိချဉ်းကပ်မှုအသစ်မှာတော့ SFA ရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ကိုက်ညီတယ်ဆိုရင် ငါးရဲ့ကိုယ်တွင်းအင်္ဂါများကဲ့သို့ပင် ဘယ်ကုန်ကြမ်းအရင်းမြစ်ကိုမဆို အသုံးပြုခွင့်ပေးတော့မှာလည်း ဖြစ်ပါတယ်။ 

အစားအသောက် စွန့်ပစ်ပစ္စည်းတွေရဲ့ အရင်းအမြစ်အသစ်တွေကို အဆက်မပြတ်ရှာဖွေပြီး ပြန်လည်အသုံးပြုနေရတာကြောင့် ဒီလိုခွင့်ပြုပေးခြင်းဟာ အင်းဆက်ထုတ်ကုန်လုပ်ငန်းတွေကို အထောက်အကူပြုနိုင်မှာဖြစ်တယ် လို့ SFA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဇင်ထူးနိုင် 

Ref: https://bit.ly/3g26PBM

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်