တစ်ချက်လေး စောင်းငဲ့ကြည့်အုံး

25/05/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အပတ်စဥ် တင်ဆက်ပေးနေတဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေး တို့အတွက် မျှဝေခဲ့ပေးခဲ့တာ မှတ်မိမယ် ထင်ပါတယ်ခင်ဗျ။  ဒါနဲ့ ဖေ့စ်ဘုတ်သုံးတဲ့ တောင်သူတွေ ရှိကြလားခင်ဗျ။ ဒီတစ်ပတ်မှာတော့ အိုင်စီတီကို အခြေခံပြီးပြုလုပ်ထားတဲ့ ဖေ့စ်ဘုတ်အသုံးပြုရာမှာ သတင်းမှန် မမှန် စစ်ဆေးနိုင်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျ။    

    မြန်မာနိုင်ငံဟာ ဖေ့စ်ဘုတ်အသုံးပြုမှုများတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာ သတင်းအတုတွေ မကြာခဏထွက်သလို လူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး စိုးရိမ်ထိတ်လန့်စေတတ်ပါတယ်။ တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သတင်းတွေ့တိုင်း မယုံကြဘဲ ပြန်လည်မမျှဝေခင်မှာ သတင်းမှန်/ မမှန် စစ်ဆေးနိုင်ဖို့ နည်းလမ်းလေးတွေကို တောင်သူဦးလေး ဒေါ်လေးတို့အတွက်  မျှဝေပေးလိုက်ပါတယ်။ 

၁။ ပို့စ် (Post) အကြောင်းအရာကို သုံးသပ်ပါ 

    သတင်းခေါင်းစဥ်ကို လေ့လာပါ။ စာဖတ်သူစိတ်ဝင်စားလာအောင် စာလုံးကြီးတွေ၊ သာသာထိုးထိုးရေးထားတဲ့ ခေါင်းစဥ်တွေဆိုရင်တော့ လေ့လာဆန်းစစ်ဖို့လိုပြီပဲ ဖြစ်ပါတယ်ခင်ဗျ ။ 

၂။ ဝက်ဘ်ဆိုက်ကို လေ့လာဆန်းစစ်ပါ

     ပိုစ့်မှာပါလာတဲ့ လင့်ခ် (Link) ကိုနှိပ်ပြီး သတင်းတင်ထားတဲ့စာမျက်နှာကို အရင်စစ်ဆေးပါ။ စာရေးသူရယ်၊ ဘယ်လိုအကြောင်းအရာတွေ အများဆုံးရေးသားထားလဲ စစ်ဆေးပါ။

၃။ အကြောင်းအရာထဲမှာပါတဲ့ လူတွေရဲ့ ပြောစကားကို လေ့လာကြည့်ပါ

    သတင်းထဲမှာ ကျွမ်းကျင်သူကို ရည်ညွှန်းထားတဲ့အပြင် သူတို့ပြောစကားဆိုပြီး ထည့်ရေးထားမယ်။ နာမည်တော့ မပါဘူး။ ဥပမာ – “နာမည်ကြီး ကျွမ်းကျင်သူတစ်ဦးက ပြောသည်” ဆိုတာမျိုးပါ။ ဒါက သတင်းအမှားတွေမှာ တွေ့ရတတ်ပါတယ် ခင်ဗျ။

၄။ သတင်းတင်တဲ့ အချိန်နဲ့ ရက်စွဲကို စစ်ပါ

    မိမိတွေ့ရတဲ့သတင်းဟာ လက်ရှိဖြစ်ပျက်နေတာလား၊ ယခင်က ဖြစ်ပြီးသားသတင်းအဟောင်းကို ပြန်တင်ထားတာလားဆိုတာ သိရဖို့ သတင်းတင်ထားတဲ့ရက်စွဲကို စစ်ဆေးပေးပါခင်ဗျ။ 

၅။ တခြားမှာတင်ထားတဲ့ သတင်းခေါင်းစဉ်၊ အကြောင်းအရာတွေနဲ့ တိုက်စစ်ပါ

    တခြားသတင်းရင်းမြစ်တွေကို ထည့်သွင်းဖော်ပြထားလား၊ အချက်အလက်တွေက ယုံကြည်စိတ်ချရတဲ့ တရားဝင် ထုတ်ပြန်တဲ့ သတင်းတွေလားဆိုတာ လေ့လာပါ ခင်ဗျ။  

    ဒါကြောင့် တောင်သူဦးလေး ဒေါ်လေးတို့လည်း ဖေ့စ်ဘုတ်သုံးပြီး အကြောင်းအရာတစ်ခုခုကို share နှိပ်ပြီး ပြန်လည်မမျှဝေခင် အပေါ်မှာဖော်ပြထားတဲ့ အချက်လေးတွေကို အခြေခံပြီး သတင်းကို တစ်ချက်လေး စောင်းငဲ့ကြည့်ပေးပါအုံးနော်။ 

    တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးခင်ဗျ။ ယခင်တစ်ပတ်က အင်တာနက်ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

အင်တာနက်ဆိုတာ ဘာလဲဗျ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်