စိုက်ပျိုးမွေးမြူရေးနှင့်ကမ္ဘာကြီးကို ပြောင်းလဲခဲ့သောအမျိုးသမီးများ(၁)

03/04/2023 11:00 AM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

အပင်ပိုးမွှားဗေဒကို ဆန်းသစ်လမ်းဖွင့်ပေးခဲ့သူအမျိုးသမီး မာရီယန်

တိရစ္ဆာန်ချစ်သူများမှသည် အပင်ချစ်သူများအထိ ဒီအမျိုးသမီးကြီးတွေဟာ ဓလေ့ထုံးတမ်းစဉ်လာတွေကို ဖြတ်ကျော်နိုင်ခဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ဘဝဇာတ်ကြောင်းတွေကတဆင့် သူတို့ရဲ့ စွမ်းဆောင်မှုတွေနဲ့ စနက်ပျိုးမှုတွေကို ကျွန်တော်တို့ အမှတ်တရ ရှိနေလိုကြပါတယ်။ ဒီဆောင်းပါးထဲမှာပါတဲ့အမျိုးသမီးတွေဟာ သိပ္ပံနဲ့ လူ့အဖွဲ့အစည်းအတွင်း လူသိနည်းကြပေမဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာတော့ တကယ့်ကို သက်ရောက်မှုကြီးကြီးတွေဖြစ်စေခဲ့တဲ့ အရမ်းအရေးပါတဲ့အမျိုးသမီးကြီးတွေ ဖြစ်ခဲ့တာပါ။

ပထမဆုံးအနေနဲ့ အပင်ပိုးမွှားတွေ လေ့လာတဲ့ပညာရပ်ကို အပြောင်းလဲကြီးပြောင်းလဲအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဂျာမန်အမျိုးသမီးကြီး မာရီယာဆီဗီးလားမာရီယန် အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မာရီယာဆီဗီးလားမာရီယန် (၁၆၁၄ - ၁၇၁၇) , ကိမိလဗေဒ(အပင်ပိုးမွှားဗေဒ)ပညာရှင်, ဂျာမန်လူမျိုး)

ငယ်ငယ်ကလေးဘဝတည်းက မာရီယန်ဟာ အင်းဆက်တွေကို စိတ်ဝင်တစားရှိခဲ့တာပါ။ ဒါပေမဲ့ သူမ ကလေးဘဝတုန်းကဆိုရင် သိပ္ပံပညာရှင်တွေဟာ ပိုးကောင်ဆိုတာမျိုးတွေကို သိပ်တောင်စိတ်ဝင်တစား မရှိကြသေးပါဘူး။ အင်းဆက်တွေဟာ ဘယ်လိုမျိုးပွားကြသလဲဆိုတာတောင် မှန်မှန်ကန်ကန် မသိကြသေးတဲ့ အချိန်ပေါ့။ 

ဒီအကောင်လေးတွေကို စိတ်ဝင်စားတဲ့ မာရီယန်ကတော့ လက်ထဲမှာစုတ်တံတစ်ချောင်းကိုင်ပြီး ဒီကောင်လေးတွေရဲ့ လှုပ်ရှားမှုတွေ၊ ဘဝစက်ဝန်းတွေကို ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ အချိန်ယူလို့ ပုံတွေဆွဲ၊ မှတ်တမ်းမှတ်ရာတွေမှတ် စတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဒါမျိုးတွေ အတော်များများ ပြီးစီးသွားချိန်မှာတော့ မာရီယန်ဟာ အပြင်ကိုထွက်ပြီး ဂေဟဗေဒစနစ် တစ်ခုတည်းက တူရာတူရာအင်းဆက်တွေရဲ့ သဘောသဘာဝတွေကို ပထမဆုံးလေ့လာစူးစမ်းမှုတွေ ပြုလုပ်ပါတော့တယ်။

ဆိုတော့ သူမဟာ ပထမဆုံး ဂေဟဗေဒပညာရှင်လို့တောင် ပြောမယ်ဆို ပြောလို့ရပါတယ်။ ၁၆၇၉ ခုနှစ်မှာတော့ မာရီယန်ဟာ ရုပ်သွင်ပြင်ပြောင်းလဲမှု (Metamorphosis) သဘောကို အခြေခံတဲ့ ‘ ခူကောင်များရဲ့  အံ့ဩစရာအသွင်ပြောင်းလဲခြင်း’ (The Wondrous Transformation of Caterpillars) ဆိုတဲ့ နှစ်အုပ်တွဲစာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။

မာရီယန်ဟာ ဒီအကောင်လေးရဲ့ ဆက်တိုက်ပြောင်းလဲလာတဲ့ ဘဝစက်ဝန်းကို ပုံတွေနဲ့ဖော်ပြထားပြီး တိရစ္ဆာန်တွေနဲ့ အပင်တွေကြား ဂေဟဗေဒဆက်နွှယ်မှုတွေကိုလည်း ရှာဖွေဖော်ပြထားပါတယ်။ သူ့ရဲ့ပုံတွေဟာ တခြားစာအုပ်တွေနဲ့ လုံးဝမတူကွဲပြားတဲ့ အလန်းစားတွေ ဖြစ်ပါတယ်။

ယောကျ်ားနဲ့ကွာရှင်းပြီး အမ်စတာဒမ်ကို သွားရောက်အခြေချစဉ်အချိန်ထိ မာရီယန်ဟာ သူ့ရဲ့ပုံတွေရောင်းချခြင်းကနေရရှိတဲ့ ကော်မရှင်ခတွေနဲ့တင် သူ့ရဲ့ကလေးနှစ်ယောက်ကို လုံလုံလောက်လောက် ပျိုးထောင်ကျွေးမွေးနိုင်ခဲ့ပါတယ်တဲ့။

မာရီယန် အသက် ၅၂ နှစ်အရွယ် ၁၆၉၉ ခုနှစ်မှာတော့ သူ့ရဲ့အငယ်ဆုံးသမီးနဲ့အတူ ကာရစ်ဘီယံဒေသက ဆူရီနမ်းဆိုတဲ့နိုင်ငံလေးကို သင်္ဘာနဲ့ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်း မာရီယန်တစ်ယောက် အကောင်သစ်ပေါင်းများစွာကို အကြောက်အလန့်မရှိ စူးစမ်းရှာဖွေရင်း ပုံတွေဆွဲယူခဲ့ပါတယ်။ ဒီကနေ ‘ ဆူရီနမ်းအင်းဆက်များရဲ့ ရုပ်သွင်ပြင်ပြောင်းလဲခြင်း’( The Metamorphosis of the Insects of Suriname ) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ပြုစုနိုင်ခဲ့ပြီး ဒါဟာ သူမဘဝရဲ့ မဟာစွမ်းဆောင်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာတော့ ပိုးကောင် ၆၀ ရဲ့ ဘဝစက်ဝန်းကို အသေးစိတ် ကွက်ကွက်ကွင်းကွင်းရေးဆွဲ ထားတဲ့ပုံတွေနဲ့အတူ မှတ်တမ်းတင်မှုတွေ ပြုလုပ်ထားတာပါ။ သူမရဲ့ စွမ်းဆောင်မှုဟာ ဆွီဒင်သဘာဝဗေဒပညာရှင် ကားလ်လင်းနီးယပ်စ်လိုမျိုးပဲ အနုပညာနဲ့သိပ္ပံနယ်ပယ်ကြား လှိုင်းအသစ်တစ်ခုနဲ့ သိပ္ပံပညာရှင်တွေ ရွေ့နိုင်သွားမဲ့နည်းလမ်းလေးတစ်ခု ဖြစ်လာပါတော့တယ်။

Ref: https://www.womeninagscience.org/post/women-who-revolutionized-agriculture-1

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်