မြေပိုင်ခွင့်မရှိပေမဲ့ သန်းကြွယ်သူဌေးတောင်သူဖြစ်လာတဲ့ ကင်ညာအမျိုးသမီး

09/06/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စဉ်လာထုံးတမ်းတွေအရဆို မိန်းမသားတစ်ဦးဟာ ကင်ညာနိုင်ငံမှာ မြေယာပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမြေယာပိုင်ဆိုင်ခွင့်မရနိုင်တဲ့အခြေအနေတစ်ခုဟာ ကင်ညာအနောက်ပိုင်း ဟိုမာဘေးကောင်တီနယ်မြေက မာသာအော်တီရင်နို ဆိုတဲ့ အမျိုးသမီးတစ်ဦးကိုတော့ သန်းကြွယ်သူဌေးတောင်သူတစ်ဦး ဖြစ်မလာအောင် တားဆီးမထားနိုင်ခဲ့ပါဘူး။

“ တချို့လတွေဆို ကျမ ဝင်ငွေ ၅ သိန်းကျော်(အမေရိကန်ဒေါ်လာ ၃၆၀၀ ခန့်) ရတယ်” လို့ မာသာက လက်ရှိအခြေအနေကို ဂုဏ်ယူစွာပြောပြနေပါတယ်။

တကယ်တော့ မာသာဖြစ်ချင်ခဲ့တာက ဂျာနယ်လစ်တစ်ဦးဘဝပါ။ ဒါပေမဲ့ နေရာရဖို့ခက်ခဲတဲ့ဒီအလုပ်ကို ရဖို့ မလွယ်တာကြောင့် ၂၀၁၁ မှာတော့ သူ့စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး တောင်သူတစ်ဦးလုပ်ဖို့ စတင် ခဲ့ပါတယ်။ သူအလုပ်စလုပ်တော့ ကင်ညာငွေ ၄၀၀၀၀ သျှီလင် (ဒေါ်လာ ၃၀၀ ခန့်) ပဲ ရှိတာပါ။

“ သိတဲ့အတိုင်းပဲ။ အလုပ်မရှိတဲ့သူတစ်ဦးအတွက် ၄ သောင်းရင်းရတယ်ဆိုတာလည်း မနည်းလှ ဘူးလေ။ ဒါပေမဲ့ ကံဆိုးချင်တော့ အကုန်ပြောင်တာပဲ” လို့ သူမက ပြန်ပြောင်းပြောပြပါတယ်။

ဒါပေမဲ့ သူမ လက်မလျှော့ခဲ့ပါဘူး။ ချေးငွေရယူပြီး မြေငှားဆက်လုပ်ခဲ့ပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုချဲ့ထွင်လုပ်ကိုင်သင့်တယ်ဆိုတဲ့ စိုက်ပျိုးရေးပညာရှင်တွေရဲ့အကြံပြုချက်တွေကိုလည်း လက်ခံရယူပါတယ်။ ပြီးတော့ ငရုတ်၊ မြေပဲ၊ ပြောင်း၊ ဖရဲ တွေ အလှည့်ကျစိုက်ပါတယ်။ ငါးပါ မွေးလိုက်ပါသေးတယ်။

“ ကျွန်မတို့မှာ ဖောက်သည်သုံးမျိုးရှိတယ်။ နံပါတ်တစ်က အနီးအနားအသိုင်းအဝိုင်း၊ ဒုတိယက ဒီမြို့ပေါ်မှာနေတဲ့သူတွေ၊ တတိယကတော့ ဖရဲသီးတွေအများကြီးဖြုန်းပေးတဲ့ နိုင်ရိုဘီ (ကင်ညာ နိုင်ငံမြို့တော်) ဈေးကွက်ပေါ့” လို့ မာသာက ရှင်းပြပါတယ်။

အခုတော့ မာသာတစ်ယောက် ခရမ်းချဉ်တွေ ဖရဲတွေ အများကြီးစိုက်ထားပြီး ဝန်ထမ်း ၁၀၀ ကျော်ထိ အလုပ်ပေးထားနိုင်တဲ့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့ပါပြီ။ ဟိုမာဘေးကောင်တီနယ်မြေမှာတော့ သူမဟာ အတုယူရမယ့် Role Model အမျိုးသမီးတစ်ယောက်တောင် ဖြစ်နေပါပေါ့။

တကယ်တော့ ကင်ညာနိုင်ငံမှာက အမျိုးသမီးဆိုတာ အိမ်မှာနေရင်း မိသားစုဗာဟီရ အလုပ်မျိုးပဲ လုပ်ရမှာဆိုတဲ့ ထုံးတမ်းဓလေ့က အရိုးစွဲနေတာပါ။ ဒီဓလေ့ကို မာသာအနေနဲ့ ကျော်ဖြတ်နိုင်ခဲ့ရုံမက အမျိုးသမီးတွေလည်း ဝင်ငွေရှိသင့်တယ်ဆိုတဲ့အမြင်ကိုပါ အမျိုးသားတချို့ထံ ချပြနိုင်ခဲ့ပါတယ်။

“ အမျိုးသားအများစုက အမျိုးသမီးတွေ ပိုင်ဆိုင်မှုများတာကို မလိုချင်ကြဘူး။ သူတို့ မနာလိုကြ တာလေ။ ဒါပေမဲ့ ဒီမြေပေါ်မှာတော့ သူတို့က အားကိုးရပါတယ်။ သူတို့ ပိုက်ဆံရတယ်လေ” လို့ မာသာက သူ့မြေပေါ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတွေကို ညွှန်ပြရင်း ပြောပြပါတယ်။

အလုပ်သမားအမျိုးသားတွေကတော့ သူမဟာအရမ်းကောင်းတဲ့အလုပ်ရှင်တစ်ဦးပါလို့ ပြောပြပါတယ်။ သူတို့အမြင်တွေ ပြောင်းသွားတဲ့သဘောပေါ့။ 

“ ဓလေ့ထုံးတမ်းတွေက သူတို့(အမျိုးသမီး) ကို အလုပ်လုပ်ကိုင်စားခွင့်မပြုဘူး။ ဒီစိန်ခေါ်မှုက ကြီးတယ်။ သူတို့က အမျိုးသမီးဆိုရင် အိမ်ပြန် ကလေးထိန်း၊ မိသားစုဗာဟီရလုပ် ဒါမျိုးပဲ လုပ်စေချင်နေတုန်း။ ဒါပေမဲ့ အထွေထွေလိုအပ်ချက်တွေက သူတို့ရဲ့အမြင်အတွေးတွေကို ပြောင်းပစ်ဖို့ တွန်းအားပေးနေပြီ။ ဓလေ့ထုံးတမ်းတွေနဲ့ အထွေထွေလိုအပ်ချက်မြင့်လာမှုတွေက ဖီလာဆန့်ကျင်ဖြစ်နေကြပြီလေ” လို့ မာသာရဲ့ စိုက်ခင်းမှာ အလုပ်လုပ်တဲ့အမျိုးသားတစ်ဦးက ဆိုပါတယ်။

အခုတော့ သန်းကြွယ်သူဌေးဖြစ်လာသူ မာသာအတွက် ကိုယ်ပိုင်မြေယာကိုဝယ်နိုင်တဲ့ ငွေကြေး ရှိနေပါပြီ။ ဒီမြေသာဝယ်လို့ရခဲ့မယ်ဆိုရင် ဒီပေါ်မှာ သူမရဲ့ ခြေရာကိုနင်းနိုင်မယ့်တခြားအမျိုးသမီးတွေအတွက် သင်ကြားပေးမယ့်ကျောင်းတစ်ကျောင်းကိုပါ မာသာက ဖွင့်ချင်တာပါ။

“ဒီလိုသာဆို ဒီဒေသမှာ ကျမဟာ မြေပိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာမှာပဲ။ တခြားအလုပ်တွေက ထွက်ပြီး ကျမဆီမှာ အလုပ်လာလုပ်နေသူတွေအများကြီးရှိတယ်။ ဒီမှာက သူတို့အတွက် ပိုကိုက်ကြတယ်လေ” လို့ မာသာက ဆိုလိုက်ပါတယ်။

Ref: https://deeply.thenewhumanitarian.org/womensadvancement/community

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်