မိုခါမုန်တိုင်း နောက်ဆုံးအခြေအနေများ (မေ ၁၄ ရက် ၀၀:၀၀ နာရီ)

13/05/2023 23:46 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့သည့်နာရီပိုင်းမှစကာ ပင်လယ်ပြင်တွင် မုန်တိုင်းရွေ့နှုန်းပိုမြန်လာမှုကြောင့် မနက်ဖြန် မုန်တိုင်း ကုန်းတွင်းကိုဖြတ်မည့်အချိန် ပိုမိုစောသွားနိုင်ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်တွင် ဖြစ်သွားနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောကြားသည်။ JTWC နောက်ဆုံးထုတ်ပြန်ချက်အရဆိုပါက မေလ ၁၄ ရက် ယနေ့မနက် ၄ နာရီခန့်တွင် မုန်တိုင်းအရှေ့ပိုင်းစတင်ဖြတ်ကျော်ပြီး နေ့လယ် ၁၁ နာရီခန့် မုန်တိုင်းဗဟိုဖြတ်ကျော်ဝင်ရောက်ပြီး ဖြစ်နိုင်သည်ဟု ဆိုသည်။

လက်ရှိ(ယနေ့ မေ ၁၃ ရက်ည ၁၁ နာရီခွဲခန့်) တွင် စစ်တွေမြို့အနောက်တောင်ဘက် မိုင် ၁၈၀ အကွာကို ရောက်ရှိလာပြီဖြစ်သည်။

ယခုနောက်ဆုံး (မေ ၁၃ ရက်ည ၁၁ နာရီခွဲကျော်အချိန်) ထွက်လာသည့် JTWC warning 11 အရဆိုပါက မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့်နေရာမှာ စစ်တွေမြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မကျည်းချောင်း ရွာပေါ်မှဖြစ်နေသည်ဟု ဦးဝင်းနိုင်က ဆိုသည်။ ကမ်းခြေကိုဖြတ်ချိန် တစ်နာရီ ၁၁၅ မိုင်နှုန်းခန့် ရှိနိုင်မည်ဖြစ်ပြီး စစ်တွေဝန်းကျင် မည်သည့်နေရာမှဖြတ်သည်ဖြစ်စေ မုန်တိုင်းဗဟိုစက်ဝန်း မိုင် ၁၆၀ ကြားရှိနေသည့်ဒေသအားလုံး ပြင်းအားအတူတူ ခံရနိုင်သည်ဟုလည်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၁၃ ရက် ည ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်တွင်လည်း ‘ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့တို့ကြားစစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်’ ဟု ထုတ်ပြန်ထားသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်