အပြောင်းလဲကြီး ပြောင်းလဲလာနေတဲ့ မုတ်သုံရာသီ (၃)
တာဝန်ကြီးလေးတဲ့ ဆုံးဖြတ်ချက်
မုတ်သုံရာသီနဲ့ ပတ်သက်ရင် အမြဲပူပင်ကြောင့်ကြတတ်ကြတဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ မစ္စတာ ရာဂျန္ဒြာ ဂျီနာမာနီရဲ့ အခန်းကဏ္ဍက အလွန်တရာ အရေးပါလှပါတယ်။
ဒေါက်တာဂျီနာမာနီဟာ နယူးဒေလီမြို့ အိန္ဒိယမိုးလေဝသဌာနလက်အောက်က မိုးလေဝသခန့်မှန်းရေးစင်တာမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်းသိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ဝတာဝန်များစွာထဲက တစ်ခုက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး နှစ်တစ်နှစ်ရဲ့ မုတ်သုံရာသီ ဘယ်တော့ စတင်ပြီဆိုတဲ့အချိန်ကို အဆုံးအဖြတ်ပေးရတာပါ။

ဒါဟာ တစ်နိုင်ငံလုံးကနေ မျက်ခြေမပြတ် စောင့်ကြည့်နားစွင့်နေတဲ့အရာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်ထဲကို မုတ်သုံဖြတ်ကျော်ဝင်ရောက်လာပြီဆိုတာက အဲဒီရက်ပိုင်းတွေမှာတော့ သတင်းစာမျက်နှာဖုံးသတင်းပါပဲ။ ရုပ်သံတင်ဆက်သူတွေကလည်း ဒေါက်တာဂျီနာမာနီကို တစ်မေးတည်း မေးတတ်ကြပါတယ်။ ဒီနှစ် မုတ်သုံအဝင်စောမှာလား။ နောက်ကျမှာလား။ ဘယ်အချိန် သိခွင့်ရမလဲဆိုတာကို။
ဒေါက်တာဂျီနာမာနီနဲ့ လုပ်ဖော်ကိုင်ဖက်တတွေဟာ အခန်းတစ်ခန်းထဲမှာ ဒီကြီးလေးလှတဲ့ အဆုံးအဖြတ်ကို ပေးအပ်နိုင်ဖို့ ကြိုးစားကြရတယ်။ အခန်းက မသိရင် ကုမ္ပဏီတစ်ခုရဲ့ အိုင်တီဌာနလို့တောင် အထင်မှားစရာပါ။ ကြမ်းခင်းဖြူ တပြောင်ပြောင်၊ မျက်နှာကျက်မီး တထိန်ထိန်နဲ့။ ကွန်ပျူတာစခရင်တွေက အစီအရီ။ နယူးဒေလီမြို့ရဲ့ အပူအအိုက်ကို တိုက်ထုတ်ပေးနေတဲ့ ပန်ကာအချို့ကလည်း ထောင်လျက်သား။
မုတ်သုံဝင်ရောက်ကြောင်းကို ကြေညာနိုင်ဖို့အတွက် အရင်ဆုံး အိန္ဒိယအနောက်တာင်ကမ်းရိုးတန်းဒေသ၊ ကီရာလာပြည်နယ်ထဲက မိုးလေဝသဌာနတွေမှာ တိုင်းတာချက်သတ်မှတ်စံနှုန်းတွေ ကိုက်ညီမှရတယ်။ အဲဒီတိုင်းတာချက်တွေထဲမှာ မိုးရွာသွန်းမှု၊ မိုးတိမ်ဖြစ်ထွန်းမှု၊ လေတိုက်နှုန်းနဲ့ လေတိုက်ရာအရပ်တို့ ပါဝင်တယ်။
ဒီအချက်တွေထဲမှာ နံပါတ်တစ်အရေးကြီးဆုံးက မိုးရွာသွန်းမှု ဖြစ်တယ်လို့ ဒေါက်တာဂျီနာမာနီ ပြောပြတယ်။ လေ ဘယ်လောက်တိုက်တိုက်၊ မိုးတိမ် ဘယ်လောက်ဖြစ်ထွန်းဖြစ်ထွန်း၊ မိုးတစ်ပေါက်မှ မကျသေးဘဲ တောင်သူလယ်သမားတွေကို မုတ်သုံဝင်ပြီ ဘယ်လိုသွားပြောမှာလဲလို့ သူ ပြောပြတယ်။
ဒါပေမဲ့ တိုင်းတာချက်တွေ အကုန်ကိုက်ညီပြီဆိုရင်တော့ ဒေါက်တာဂျီနာမာနီက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထပ်တိုင်ပင်တယ်။ နောက်ပြီးတော့ ကီရာလာပြည်နယ်က ခန့်မှန်းရေးပညာရှင်တွေကိုလည်း မေးခွန်းတစ်ခု မေးတယ်။ ဒီနေ့ဒီရက် မုတ်သုံဝင်မယ်ဆိုတဲ့အပေါ် သံသယရှိကြသလားဆိုတာ။ သူတို့က "မရှိပါဘူး အဲဒီရက်က သင့်တော်တဲ့အချိန်ပါ" လို့ ပြန်ဖြေမှ သူ စိတ်ချတယ်။
အဲဒီတော့မှ ဒေါက်တာဂျီနာမာနီဟာ အပေါ်ထပ်ကို တက်သွားပြီး ဌာနလူကြီးဆီ အစီရင်ခံတယ်။ ဒီနောက် သတင်းမီဒီယာတွေ စုဝေးစောင့်ဆိုင်းနေတဲ့ ဧည့်တွေ့ခန်းကို သွားပြီး မုတ်သုံဝင်ရောက်ကြောင်းနဲ့ ပတ်သက်တဲ့ တရားဝင်ကြေညာချက်ကို ထုတ်ပြန်တယ်။
နောက်ပိုင်းရက်တွေမှာ မုတ်သုံတိုးတက်ဖြစ်ထွန်းမှုအခြေအနေနဲ့ ပတ်သက်ပြီး နေ့စဉ် နံနက် ၁၀ နာရီခွဲတိုင်း စုဝေးတိုင်ပင်ကြတယ်။ ဒေါက်တာဂျီနာမာနီက သူ့ရုံခန်းမှာ လုပ်ဖော်ကိုင်ဖက် ပညာရှင်တွေကို ဦးဆောင်စည်းဝေးတယ်။ ဒေသဆိုင်ရာ မိုးလေဝသပညာရှင်တွေလည်း နံရံကပ် ရုပ်သံဖန်သားပြင်ပေါ်ကတစ်ဆင့် လာရောက်ပူးပေါင်း ဆွေးနွေးကြပြီး အဲဒီနေ့အတွက် မိုးလေဝသခန့်မှန်းချက်ကို တွက်ချက်ကြတယ်။
ဒီနှစ်အတွက် မုတ်သုံဝင်ရောက်ကြောင်းကိုတော့ မေလ ၂၉ ရက်နေ့မှာ ကြေညာခဲ့တာကြောင့် ပုံမှန်ထက် ရက်အနည်းငယ် စောခဲ့တယ်။ ဇူလိုင်လ ပထမပတ်ရောက်တော့ တစ်နိုင်ငံလုံးမှာ မုတ်သုံမိုး လွှမ်းခြုံရွာသွန်းပြီးပါပြီ။ မုတ်သုံဆုတ်ခွာချိန်က စက်တင်ဘာလယ်လောက်မှာ စခဲ့ပါတယ်။
မုတ်သုံရာသီရဲ့ တောင်ကနေ မြောက် ရွေ့လျားတဲ့ သဘာဝအရ အိန္ဒိယအနောက်မြောက်ပိုင်းအကျဆုံးဒေသတွေမှာ မိုးရာသီက နှစ်လလောက်ပဲ ကြာမြင့်ပါတယ်။ မွန်ဘိုင်းတို့ ချန်နိုင်းတို့လို့ တောင်ပိုင်းပိုကျတဲ့ မြို့တွေရဲ့ တစ်ဝက်သာကာလပေါ့။ ဒါပေမဲ့ နိုင်ငံဘယ်အပိုင်းမှာမဆို ၂၀၂၂ ခုနှစ်အတွင်း ရရှိမဲ့ မိုးရေချိန်ရဲ့ ၈၀ ရာခိုင်နှုန်းကို မုတ်သုံရာသီကသာ ပေးစွမ်းပါတယ်။
"ဒါတွေဟာ ကျွန်တော်တို့ရဲ့ အသက်ဘဝတွေ၊ ကျွန်တော်တို့ရဲ့ရေတွေပါ" လို့ ဒေါက်တာဂျီနာမာနီ က ပြောတယ်။
'မိုးရေမိုးပေါက် ဖြည်းဖြည်းလျှောက်'
မစ္စတာဂါဂရီရဲ့ လယ်ကွက်အနီးက တောင်ခြေတစ်ကြောမှာ လူအားနဲ့ တူးထားတဲ့ ရေမြောင်းတွေက သူတို့ရွာကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။
မိုးရေနဲ့ ပတ်သက်လာရင် ခံယူချက်က ရှင်းရှင်းလေးပါ။ "ရနိုင်သရွေ့ စုဆောင်း" ဆိုတာပါပဲ လို့ ဂါဂရီတို့ရွာနီးချုပ်စပ်က မိုးကောင်းသောက်တောင်သူတွေကို အကူအညီပေးနေတဲ့ Watershed Organization Trust ရေဝေရေလဲဒေသထိန်းသိမ်းရေးအဖွဲ့ပူးတွဲတည်ထောင်သူ ခရစ္စပီနို လိုဘိုက ပြောပါတယ်။ သူတို့ဟာ တောင်ခြေရေမြောင်းတူးတာအပြင် အခြားမိုးရေထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့အတူ ယုံကြည်ကိုးစားရမှုနည်းနည်းလာတဲ့ မိုးရေကို ကောင်းကောင်း အသုံးချနိုင်အောင် ကူညီပေးနေတဲ့အဖွဲ့ပါ။
ကမ္ဘာကြီးပူနွေးလာမှုက မိုးကြီးပေါက်ဆိန်တွေ ပိုမိုရွာသွန်းလာစေတာကြောင့် မိုးရေအများစုကို မြစ်ချောင်းအင်းအိုင်တွေဆီ စီးဆင်း မသွားစေဘဲ ကုန်းမြေပေါ် ခြေကုတ်မြဲအောင်လုပ်ဖို့ ပိုပြီး ခက်ခဲလာပါတယ်။
တောင်ခြေကတုတ်မြောင်းတွေကတော့ အဖိုးတန်ရေတွေ လွယ်လင့်တကူ စီးဆင်းပြေးမသွားအောင် ဟန့်တားပေးတယ်လို့ မစ္စတာလိုဘိုက ပြောပါတယ်။ "ရေစီးနှေးသွားအောင် လုပ်လိုက်တာ၊ ရေတွေကို မပြေးစေဘဲ ဖြည်းဖြည်းချင်းလျှောက်အောင် လုပ်လိုက်တာ" လို့ သူ ပြောတယ်။ ဒီနည်းနဲ့ ရေကို မြေအောက်ရေပြင်ထဲ စိမ့်ဝင်စေပြီး ပူပြင်းခြောက်သွေ့လတွေမှာ တွင်းရေအတွက် ရေရစေပါတယ်။
သဘာဝနည်းဖြစ်တဲ့ ဒီလက်လုပ်တူးမြောင်းတွေက ရေကို ထိန်းသိမ်းပေးတာသက်သက်ထက် ပိုမိုပြီး အကျိုးပြုလျက်ရှိပါတယ်။ မုတ်သုံမိုးက တစ်စထက်တစ်စ ဗွေဖောက်လာချိန်မှာ ဒီမြောင်းတွေက မစ္စတာဂါဂရီတို့ရွာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး အထောက်အကူ ပြုခဲ့ပါတယ်။
သူတို့ရွာမှာ မြောင်းတွေ မတူးခင်တုန်းကဆိုရင် မိုးကောင်းတဲ့နှစ်မှာတောင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီနောက်ပိုင်း ရေမရတော့ဘူးလို့ မစ္စတာဂါဂရီက ပြောပြတယ်။ နှစ်စဉ်နှစ်တိုင်း အဲဒီလိုလတွေရောက်ရင် ရွာကလူတွေ နေရပ်ကို စွန့်ခွာပြီး အလုပ်ရှာထွက်ကြရတော့တယ်လို့ သူ ပြောပြတယ်။
[ဆက်လက်ဖော်ပြပါမည်...]
ဝေယံဟိန်း (B.Ag)
Ref: The Monsoon Is Becoming More Extreme - The New York Times
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုရဲ၀င်းဇော်
လွန်ခဲ့သော ၃ နှစ် ကနိူ၀င်းဘာလ မိုးလေ၀သခ၃့်မှန်းချက် တွက်ချက်ပါအုန်း
ဆက်စပ်ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....