မြန်မာနိုင်ငံကိုဖြတ်မယ့် လေပွေလှိုင်းများရဲ့ နောက်ဆုံးအခြေအနေ

30/09/2022 16:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အင်အားပြင်း နိုရူးမုန်တိုင်းရဲ့အကြွင်းအကျန်တွေကနေဖြစ်လာတဲ့ လေပွေလှိုင်းအရှိန်တွေက မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒါတွေက ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ပေါင်းသွားမှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။ 

ဒီအခြေအနေနဲ့ပတ်သက်လို့ လေပွေလှိုင်းတွေရဲ့နောက်ဆုံးအခြေအနေ၊ ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းအခြေအနေတွေနဲ့ လာမယ့် ၂၄ နာရီကနေ ၃ ရက်အတွင်း မိုးများနိုင်တဲ့ဒေသတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

လေပွေလှိုင်းတွေ အခုဘာဖြစ်သွားပြီလဲ

" လေပွေလှိုင်းက အခု အရင်လို ကျဉ်းကျဉ်းလေးမဟုတ်တော့ဘဲနဲ့ ကျယ်ထွက်သွားတယ်။ ဘယ်လောက်အထိတောင်ဖြစ်သွားလဲဆိုတော့ အခု ဒီနေ့မှာဆိုရင် ချင်းမိုင်နဲ့ ဇင်းမယ်နဲ့ မဲဆောက် ကြားထဲ ကရင်ပြည်နယ် နယ်စပ်မှာ ကပ်ပြီးတော့ ရှိနေတယ်။ ပြီးတော့မှ ဒီနေ့ည ရောက်သွားတဲ့အခါ ကျတော့ ဒီလေပွေလှိုင်းကြီးက ကျယ်သွားတဲ့ဟာက ထိုင်းနိုင်ငံဘက်အခြမ်းမှာကော၊ မြန်မာနိုင်ငံဘက် ခြမ်းက တောင်ငူ၊ ဟင်္သာတ အဲ့ဒီဘက်တွေအထိမှာပါ လေပွေလှိုင်း အကျယ်ကြီး ဖြစ်သွားတာပေါ့။ ပြောမယ်ဆိုရင် လေတိုက်တဲ့ဦးတည်ချက်တွေ အမျိုးမျိုးပြောင်းပြီးတော့ နယ်စပ်ကို ကျော်ပြီးသွားတာနဲ့ အကုန်လုံး မြန်မာနိုင်ငံရဲ့ နေပြည်တော်ကနေ ရန်ကုန်ကြားထဲမှာ လေပွေလှိုင်းက အကျယ်ကြီးဖြစ်သွားမယ်။ ပြီးရင် ကျွန်တော်တို့ ပထမ ခန့်မှန်းထားတဲ့လမ်းကြောင်းအတိုင်းပဲ မကွေးဘက်ကို ဆက်ရွေ့တယ်။ ပြီးတော့ အောက်တိုဘာ ၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ သူက ပြည်နဲ့ ကျောက်ဖြူနဲ့ ကြားထဲထိ ရောက်သွားပြီးတော့ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းက လေဖိအားနည်းရပ်ဝန်းနဲ့ ပေါင်းသွားမှာပေါ့" 

နှစ်ခုပေါင်းသွားပြီးရင် ဘာတွေဖြစ်သွားမှာလဲ

" လေပွေလှိုင်းတွေက အထက်ကို သိပ်မတက်ဘဲ ဂွလောက်ကနေဖြတ်ပြီးတော့ အခုဘာဖြစ်သွားလဲ ဆိုတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်း ပေါ့နော်။ သူက ပင်လယ်မှာဖြစ်နေတဲ့ လေပွေလှိုင်း အကြီးကြီးပေါ့။ အဲ့ဒါကြီးနဲ့ ပေါင်းသွားမှာ" 

" ဆိုတော့ ဘာဖြစ်သွားလဲဆိုတော့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်းက အောက်တိုဘာ ၄ ရက်နေ့ကျရင် လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်ကို ရောက်လာမယ်။ သူ့ကို အားဖြည့်ပေးလိုက်တာက နိုရူးရဲ့အကြွင်းအကျန်တိမ်တိုက်တွေပေါ့။ ဒီတော့ ဘင်္ဂလားပင် လယ်အော်တစ်ခုလုံး၊ ကပ္ပလီပင်လယ်ပြင်ကြီးတစ်ခုလုံးမှာ တိမ်တိုက်တွေက လည်ပြီးတော့ တဖြည်းဖြည်းနဲ့ ထုထည်ကော၊ လေစီးကြောင်းအားကော နှစ်ခုလုံးအားကောင်းလာမှာ" 

"အဲ့ဒီအားကောင်းလာတဲ့အခြေအနေအရ ကျွန်တော်အခုခန့်မှန်းတာက အောက်တိုဘာ ၄ ရက်နေ့ ကျရင်တော့ လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်အဆင့်ကို ရောက်လာနိုင်တယ်" 

မုန်တိုင်းငယ်အဆင့်ရောက်သွားရင် ဘာတွေဖြစ်လာနိုင်လဲ 

" ဆိုတော့ လေတိုက်နှုန်းတွေဆိုရင်လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် ဟိုး စစ်တွေအထိပေါ့နော်။ တစ်နာရီကို ၁၂ မိုင်ကနေ ၂၅ မိုင်လောက် အထိကို လေတိုက်နှုန်းတွေ တက်လာမှာပေါ့။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုခုဖြစ်တယ်ဆိုရင် ညာဘက်ခြမ်းမှာရှိတဲ့ကျွန်တော်တို့ နိုင်ငံရဲ့ ခုနပြောလိုက်တဲ့ ဒေသတွေမှာ လေတိုက်တဲ့အရပ်က အရှေ့တောင်ဘက်ကနေ တိုက်တယ်။ ပုံမှန် ဆိုရင်တော့ မုတ်သုံလေအားကောင်းတယ်ဆိုရင် အနောက်တောင်ဘက်ကနေ လေပြင်းပြင်း တိုက်တာ ပေါ့။ အခုလိုမျိုး လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်း တစ်ခုခု အနောက်အလယ်ပိုင်းမှာဖြစ်တယ်ဆိုရင် လက်ဝဲရစ်လည်နေတဲ့ လေဝဲစီးကြောင်းကြီးက တနင်္သာရီတိုင်းမှာဆိုရင် သူက တောင်ဘက်ကနေ ထောင်ပြီးတော့တိုက်တယ်။ ပြီးတော့မှ သူက ဘယ်ဘက်ကို ချိုးသွားပြီးတော့ ခုနကပြောတဲ့ ဧရာဝတီ၊ ရခိုင်၊ ပဲခူး အဲ့လိုဒေသတွေကျရင် အရှေ့တောင်ဘက်ကနေပြီးတော့ လေတိုက် Direction ပြောင်းသွားတာပေါ့" 

လက်ရှိမိုးလေဝသအနေအထားတွေအရ လာမယ့် ၂၄ နာရီအတွင်းနဲ့ ၃ ရက်အတွင်း မိုးများနိုင်မယ့် ဒေသတွေကိုတော့ ပုံတွေထဲမှာ ကြည့်ရှုနိုင်ပါတယ်။

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်