ကမ္ဘာနှင့် မြန်မာ့အဓိကဆန်ဝယ်လက် ဖိလစ်ပိုင်၂၀၂၇ တွင် ပြည်တွင်းဆန်ဖူလုံရန် ရည်မှန်း
ကမ္ဘာ့ဆန်ဝယ်ယူမှုဒုတိယအများဆုံးအဖြစ် ပထမနေရာက တရုတ်နောက်မှာ ရပ်တည်နေသလို မြန်မာနိုင်ငံအတွက်လည်း အဓိကဆန်ဝယ်လက်ဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၇ ခုနှစ်အရောက်မှာ ပြည်တွင်းဆန်ဖူလုံမှု အပြည့်အဝရရှိဖို့ ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖိလစ်ပိုင်ရဲ့ ယခင်အစိုးရအဆက်ဆက် လက်ထက်မှာလည်း ပြည်တွင်းဆန်ဖူလုံမှုရရှိရေး ချိန်ရွယ်ခဲ့ကြပေမဲ့ မူဝါဒလွဲမှားမှုတွေ၊ မိုးလေဝသကြောင့် ဆန်ထုတ်လုပ်မှုကျဆင်းခဲ့တာတွေကြောင့် ရည်မှန်းချက်တော့ မပြည့်မီ ဖြစ်ခဲ့ရပါတယ်။
အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ ဖိလစ်ပိုင်ဟာ လက်ရှိမှာ နှစ်စဉ် ဆန်တန်ချိန် သုံးသန်းကျော် တင်သွင်းပြီး ပြည်တွင်းဆန်ရောင်းအား ပြည့်မီအောင်နဲ့ ဆန်ဈေးတည်ငြိမ်စေအောင် လုပ်ဆောင်နေရပါတယ်။ အဓိကအားဖြင့်တော့ ဗီယက်နမ်ဆီက ဆန်ဝယ်ယူနေတာပါ။
အသစ်ပြင်ဆင်မွမ်းမံလိုက်တဲ့ ငါးနှစ်စီမံကိန်းထဲမှာ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အစိုးရအဖွဲ့က ဆန်အထွက်မြှင့်တင်ရေး "အဓိကမဟာဗျူဟာတွေ" ကို ရေးဆွဲဖော်ထုတ်ထားပြီး အဲဒီဗျူဟာတွေထဲမှာ ဖောက်ပြန်တဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်စေရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုတို့ ပါဝင်ကြောင်းသိရပါတယ်။
စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၇ ခုနှစ်မှာ တနည်းအားဖြင့် မားကို့စ်ရဲ့ သမ္မတသက်တမ်းခြောက်နှစ်ပြည့်ဖို့ တစ်နှစ်အလိုမှာ ပြည်တွင်းဆန်ဖူလုံမှုအပြည့်အဝရရှိအောင် လုပ်ဆောင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ လက်ရှိမှာ သမ္မတမားကို့စ်ကိုယ်တိုင် စိုက်ပျိုးရေးအတွင်းဝန်တာဝန်ကို ရယူထားတာဖြစ်ပါတယ်။
စီမံကိန်းကာလအတွင်း နှစ်စဉ်ပြည်တွင်းဆန်ထုတ်မှုဟာ တန်ချိန် ၂၄ ဒသမ ၉၉ သန်းနဲ့ တန်ချိန် ၂၆ ဒသမ ၈၆ သန်းကြား တည်ငြိမ်စွာရှိနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
စီမံကိန်းမှာ နှစ်စဉ်ဆန်ဈေးတက်နှုန်း တစ်ရာခိုင်နှုန်းအောက်မှာ ကန့်သတ်ထားရှိရေး၊ တောင်သူဝင်ငွေ ၅၄ ရာခိုင်နှုန်းတိုးတက်ရေးနဲ့ အရန်ဆန်အလုံအလောက်ထားရှိနိုင်ရေးတို့ပါ ပါဝင်ပါတယ်။
လက်ရှိပြည်တွင်းဆန်ရောင်းလိုအားဟာ လုံလောက်နေပြီး အယ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့် သီးနှံထုတ်လုပ်မှုစိုးရိမ်သောကတွေကို ဖြေဖျောက်ပေးနိုင်လိမ့်မယ် ဆိုပါတယ်။
ဖိလစ်ပိုင်မှာ ကုန်ဈေးနှုန်းမြင့်တက်အောင် စားသောက်ကုန်ဈေးက အဓိက တွန်းအားပေးနေတာကြောင့် အစိုးရဟာ အထူးသဖြင့် ဆန်ရောင်းအားကို မထိခိုက်စေဖို့ ကြိုးစားနေပါတယ်။
ပြည်ပကနေ ကောက်ပဲသီးနှံတင်သွင်းနေတဲ့ ဖိလစ်ပိုင်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ကတော့ နိုင်ငံအရန်ဆန်လိုအပ်ချက် ဖြစ်ပေါ်လာနိုင်တာကို အစားဖြည့်ပေးနိုင်ဖို့အတွက် ဆန်တန်ချိန် ၃၃၀၀၀၀ တင်သွင်းရေး အဆိုပြုထားပါတယ်။ သမ္မတမားကို့စ်အနေနဲ့ ဒီအဆိုပြုချက်ကို ခွင့်ပြုမပြု မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။
ဖိလစ်ပိုင်ဟာ အခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အဓိကဆန်ဝယ်လက်နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်သလို ပြီးခဲ့တဲ့မတ်လမှာတုန်းကတော့ မြန်မာ့ဆန်တင်ပို့ရာအများဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Major rice buyer Philippines targets self-sufficiency by 2027 - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
ဆက်စပ်မေးခွန်းများ
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 0 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 0 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
TBL9 မျိုး ခြံမြေ၁ဧကခွဲအတွက် ခုတ်ဖုံးလုပ်မှာပါ လုပ်နည်းများပြောပြကြပါ ခြံမြေက မြက်တေကိုပေါင်းသက်ဆေးဖြန်းထားပါတယ်ခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023