လူသားတွေရဲ့အနာဂတ်နဲ့ထပ်တူကျနေတဲ့ ပျား၊ ပိတုန်းလေးတွေရဲ့ရှင်သန်ခွင့်..

30/05/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပျား၊ ပိတုန်းလေးတွေ ဥရောပတစ်ခွင် လွတ်လပ်လုံခြုံစွာ ပျံသန်းသွားလာနိုင်ရေး ထောက်ပံ့အားပေးမှုတွေ လုပ်သွားမယ်ဆိုပြီး ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂေဟစနစ်ကြီးရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဒီအကောင်လေးတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ထိန်းသိမ်းမှုပုံစံအသစ်တစ်ခုကို ဥရောပသမဂ္ဂက စတင်လိုက်တာပါ။

ဘာလို့လဲဆိုတော့ လက်ရှိဥရောပဒေသတွေမှာ ပျားပိတုန်းမျိုးစိတ် သုံးကောင်မှာတစ်ကောင်နှုန်း (သုံးပုံတစ်ပုံ) ပျောက်ပျက်နေလို့ပါတဲ့။ ဒီအခြေအနေကို ၂၀၃၀ ခုနှစ်နောက်ဆုံးထား ကျွမ်းသန္တာလှန်ပစ်ဖို့ ဥရောပသမဂ္ဂက ကြိုးစားလာတာပါ။

ဆိုတော့ ဒီ ပျား၊ ပိတုန်း မျိုးစိတ်တွေဟာ ဘာလို့များ ဒီလောက်အရေးကြီးနေရတာလဲ..?

သိပ်ကိုအရေးကြီးတဲ့သတ္တဝါလေးတွေပါတဲ့... 

သူတို့သာမရှိခဲ့ရင်..ကမ္ဘာကြီးရဲ့ရှင်သန်ရေးကို ဖန်တီးပေးထားတဲ့ ဂေဟစနစ်ကြီး ပျက်သွားနိုင်ပြီး လူသားတွေလည်း ပျောက်သွားနိုင်တယ်လို့ အဆိုပြုမှုမျိုးတွေတောင် ရှိကြပါတယ်။ 

ဂေဟစနစ်ဆိုတာကတော့ အပင်တွေအပါအဝင် သက်ရှိသတ္တဝါတွေအားလုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်ရှင်သန် နေရတဲ့ ကွန်ရက်ကြီးတစ်ခုပါ။ ဒီကွန်ရက်ကြီးထဲက အရေးအပါဆုံး ထောက်တိုက်မျိုးစိတ်တွေ ပျက်သုဉ်းသွားပြီဆိုတာနဲ့ တခြားအရာတွေပါ ဝရုန်းသုန်းကားဖြစ်သွားနိုင်တယ်ဆိုတာမျိုးပေါ့။ 

ဒီအရေးကြီးထောက်တိုင်အကောင်လေးတွေထဲမှာ ပျားလေးတွေတင်မကပါဘူး။ လိပ်ပြာလေးတွေ၊ နကျယ်ကောင်တွေ၊ ကျိုင်းကောင်းတွေ၊ ယင်ကောင်တွေနဲ့ ပုရွက်ဆိတ်လေးတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

အပင်တွေဟာ လူသားတွေအသက်ရှူနေတဲ့ အောက်ဆီဂျင်ကိုထုတ်ပေးနေတဲ့ အရင်းအမြစ်တစ်ခုဆိုတာတော့ လူ အတော်များများ သိကြမှာပါ။

ကမ္ဘာ့စားသုံးသီးနှံတွေနဲ့ တခြားပန်းပွင့်တဲ့အပင်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ သတ္တဝါတွေကြောင့် ဝတ်မှုန်ကူး ပွားများ ရှင်သန်နေကြတာပါ။ ဒါပေမဲ့ ကာလရှည်ကြာစိုက်ပျိုးထုတ်လုပ်ရေးမှာ ထိန်းညှိပေးနေတဲ့ ဒီကောင်လေးတွေ ဥရောပမှာ ပျောက်ပျက်လာပါပြီ။ ဒါဟာ ဥရောပရဲ့သဘာဝကြီး၊ လူသားဖြစ်တည်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးကို အကြီးမားဆုံး ခြိမ်း ခြောက်မှုကြီးပဲဖြစ်တယ်လို့ ဥရောပသမဂ္ဂကော်မရှင်က ဆိုလိုက်ပါတယ်။

ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?

ဥရောပသမဂ္ဂကတော့ အောက်ပါအချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပစ်မှတ်ထားထားပါတယ်။ အဲ့ဒါတွေကတော့..

  • (၁) ပိုးသတ်ဆေးများသုံးစွဲမှု
  • (၂) သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု
  • (၃) ရန်သူပိုးကောင်များ ကျူးကျော်ဝင်ရောက်လာမှု
  • (၄) မြေအသုံးချရေးပုံစံတွေပြောင်းလဲလာမှု
  • (၅) ရာသီဥတုပြောင်းလဲလာမှု 

စတာတွေပဲ ဖြစ်ပါတယ်။

“ အကြောင်းအရာ သေးသေးလေးတွေက ကမ္ဘာကြီးကို အကြီးကြီးပြောင်းပစ်လိုက်နိုင်ပါတယ်။ ဝတ်မှုန်ကူးအင်းဆက်လေး တွေဟာ သဘာဝရဲ့အနာဂတ်နဲ့ ရေရှည်စားနပ်ရိက္ခာဖူလုံမှုကို ကိုင်တွယ်ဆုံးဖြတ်သွားမှာပါ” လို့ သဘာဝပတ်ဝန်းကျင်၊ သမုဒ္ဒရာများနဲ့ရေလုပ်ငန်းများအတွက် ဥရောပသမဂ္ဂကော်မရှင်နာ Virginijus Sinkevičius က မှတ်ချက်ပြုပါတယ်။

“ ဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဂေဟစနစ်၊ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒီအကောင် လေးတွေကို ကယ်တင်ဖို့ ချက်ချင်းလုပ်ကြရမယ်” လို့ သူက ဆက်ပြောပါတယ်။

ဥရောပသမဂ္ဂကကိုင်တွယ်သွားမယ့်အချက်တွေထဲမှာ အရေးအပါဆုံးတစ်ခုကတော့ ပိုးသတ်ဆေးသုံးစွဲမှုအပိုင်းပဲ ဖြစ်ပါတယ်။

ဝတ်မှုန်ကူးအင်းဆက်မျိုးစိတ်တွေကို အဓိကခြိမ်းခြောက်နေတာက အဲ့ဒီပိုးသတ်ဆေးတွေပါတဲ့။ ဒါကြောင့် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ်နဲ့ပတ်သက်တဲ့ဥပဒေတွေကို ပိုမိုတင်းကြပ်ဖို့၊ ဓာတုပစ္စည်းတွေရဲ့အဆိပ်သင့်မှုနှုန်းကို ပြန်လည်စစ်ဆေးမှုတွေပြုလုပ်သွားဖို့၊ ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချသွားဖို့ ကိုင်တွယ်မှုတွေ ပြုလုပ်သွားမှာပါ။

နောက်ထပ်အနေနဲ့ ပိုးမွှားတွေကို သဘာဝအတိုင်း စားသောက်နှိမ်နင်းမယ့် သားရဲကောင်တွေ လျော့ကျနေမှုကိုလည်း ၂၀၃၀ နောက်ဆုံးထား ပြောင်းပြန်လှန်ပစ်ဖို့လည်း ဥပဒေတွေထုတ်ပြန်ကိုင်တွယ်သွားဖို့ရှိနေပါတယ်။

“ ဝတ်မှုန်ကူးအင်းဆက်လေးတွေအတွက် ဒီလိုမျိုး ကိုင်တွယ်ထိန်းသိမ်းမှုအသစ်တွေလုပ်တာဟာ ဥရောပရဲ့အကျိုးတစ်ခု တည်းအတွက် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း အခုလို အလားတူလုပ်ဆောင်မှုတွေလုပ်ကြဖို့ စေ့ဆော်တိုက်တွန်းချင် လို့ပါ။ အရမ်းကြီးနောက်ကျမသွားခင် ကျွန်တော်တို့ ဒါကိုလုပ်လိုက်ကြစို့ဗျာ” လို့ Virginijus Sinkevičius က တိုက်တွန်းလိုက်ပါတယ်။

Ref: https://www.euronews.com/green/2023/01/25/1-in-3-bees-butterflies-and-hoverflies-are-disappearing-can-a-new-eu-deal-save-our-pollina

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်