မြေဆွေးပြုလုပ်ရာတွင် အသုံးပြုသင့်၊ သတိထားသုံးသင့်၊ အသုံးမပြုသင့်သော ပစ္စည်းများ

21/08/2022 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိအချိန်မှာ ဓာတ်မြေဩဇာဈေးနှုန်းတွေဟာ ကြောက်စရာကောင်းလောက်အောင် တက်နေတာမို့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေဟာ စွန့်ပစ်ပစ္စည်းတွေကို အသုံးချပြီး သဘာဝမြေဩဇာတွေကို ကိုယ်တိုင်ပြုလုပ် သုံးစွဲကြဖို့ စိတ်ဝင်စားလာကြတာတွေ့ရပါတယ်။

ဒါပေမဲ့ စွန့်ပစ်ပစ္စည်းတိုင်းက သဘာဝမြေဩဇာလုပ်ဖို့သင့်နေတာတော့မဟုတ်ပါဘူး။ အသုံးပြုသင့်တာရှိသလို သတိထားသုံးသင့်တာ၊ အသုံးမပြုသင့်တာမျိုးတွေလည်း ရှိပါသေးတယ်။ 

အသုံးပြုသင့်သောပစ္စည်းများ

  • (၁) သီးနှံပင်အကြွင်းအကျန်များ (ကောက်ရိုး၊ ပြောင်းရိုး၊ စပါးခွံ စသည်)
  • (၂) တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ (နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ အမွေးအမှင်များ)
  • (၃) ကုန်စိမ်းဈေးမှ အမှိုက်များ (ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းများ)
  • (၄) သစ်ရွက်ခြောက်များ၊ ပေါင်းမြက်ခြောက်များ
  • (၅) စက်ရုံများမှ စွန့်ပစ်ပစ္စည်းများ (လွှစာမှုန့်၊ ကော်ဖီ၊ လက်ဖက်ခြောက်ကြိတ်ဖတ်)
  • (၆) အုန်းဆံဖတ်များ၊ ဆီအုန်းခိုင်များ
  • (၇) မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ (ကြက်ဥခွံ၊ ပြာများ၊ သီးနှံအခွံများ၊ ဟင်းသီး/ရွက်များ)
  • (၈) ဗေဒါများ၊ ရေမှော်များ၊ ဒိုက်များ၊ ကျွန်းမျောအပျက်များ
  • (၉) သစ်ရွက်စိမ်းများ၊ ပေါင်းမြက်စိမ်းများ

သတိထားသုံးသင့်သောပစ္စည်းများ

  • (၁) အချို့သောလွှစာများ (ဥပမာ - ပျဉ်းကတိုးလွှစာ) (အချို့သော သစ်အမျိုးအစားများသည် အပင်ကိုအဆိပ်ဖြစ်စေသော ပစ္စည်းများ ထုတ်ပါသည်)
  • (၂) သား၊ ငါးနှင့် နို့ထွက်ပစ္စည်းစက်ရုံများမှ ပိုလျှံသော စွန့်ပစ်ပစ္စည်းများ (အာဟာရဓာတ်ပါဝင်မှုများသော်လည်း ကြွက်များ၊ ယင်များ ပေါများပြီး ဘေးဖြစ်စေနိုင်ပါသည်)
  • (၃) ပိုးသတ်ဆေး၊ မှိုသတ်ဆေး အသုံးများထားသော သီးနှံပင် အကြွင်းအကျန်များသည် အကျိုးပြုအဏုဇီဝများ၏ မြေဆွေးမှုဖြစ်စဉ်ကို နှောင့်နှေးစေပါသည်။
  • (၄) ကျောက်မီးသွေးပြာ (အများအပြားမသုံးသင့်ပါ)။ အပင်အတွက် အန္တရာယ်ရှိသော ပစ္စည်းများ ပါနိုင်ပါသည်။ အချို့မှာ အပင်အာဟာရဓာတ်များ လွန်ကဲနိုင်သည်။
  • (၅) ဓာတုဆေးများ ထည့်သွင်းထားသောကဒ် စက္ကူများ၊ ကတ္ထူစများ (ဓာတုဆေးဓာတ်ကြွင်းများ ပါလာနိုင်ပါသည်)

အသုံးမပြုသင့်သော ပစ္စည်းများ 

  • (၁) ပလတ်စတစ်နှင့် ဓာတုပစ္စည်းပါသောအမှိုက်များ
  • (၂) ရောဂါနှင့်ပိုးမွှားကျနေသော သီးနှံပင်အကြွင်းအကျန်များ ( စိုက်ခင်းတွင် ရောဂါနှင့် ပိုးမွှားများ ပြန့်ပွားနိုင်ပါသည်)
  • (၃) လူ၏အညစ်အကြေးများ ( လူတို့အတွက် ရောဂါပိုး ပြန့်ပွားနိုင်ပါသည်)
  • (၄) သစ်ကြားသီးပင်အရွက်များ (အပင်အတွက် အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများ ထွက်တတ်သည်)

( Food Security Working Group မှ ထုတ်သည့် ‘ အရည်အသွေးကောင်းသောမြေဆွေးများ ပြုလုပ်သုံးစွဲခြင်း’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

(မြေဆွေးပြုလုပ်နည်းများနှင့်ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်သော ‘ အရည်အသွေးကောင်းသောမြေဆွေးများ ပြုလုပ်သုံးစွဲခြင်း’ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့  ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် )

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်