ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..

19/01/2023 11:00 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

ချဉ်စော်ကားသီးက မြန်မာပြည်မှာ ကချင်ပြည်နယ်ကထွက်တဲ့ အချဉ်သီးတစ်မျိုးဖြစ်ပါတယ်။ ချဉ်တဲ့အရသာရှိပြီး အသီးပုံကလုံးဝိုင်းကာ တချို့အသီးတွေကတော့ သစ်တော်သီးပုံစံရှိကြပါတယ်။ မူရင်းဒေသက အီရန်၊ တူရကီနဲ့ ဂရိလို့ ဆိုကြပါတယ်။

ကချင်ပြည်နယ်ဘက်မှာ ပေါပေါများများထွက်တဲ့ချဉ်စော်ကားသီးကို ဝိုင်လုပ်တာတော့ လူတိုင်းလိုလို သိကြမယ်ထင်ပါတယ်။ အသီးလှိုင်လှိုင်ထွက်တဲ့ အောက်တိုဘာနဲ့နို၀င်ဘာမှာ ပေါများနေတဲ့အသီးတွေကို ဝိုင်နဲ့ယိုအပြင် ချဉ်စော်ကားသီးအသားခြောက်ပြုလုပ်ပုံလေးကို ဝေမျှပေးသွားပါ့မယ်။

အသားခြောက်လုပ်ပုံအဆင့်ဆင့်

  • ပထမဦးစွာ အပင်ကခူးလာတဲ့ အသီးတွေကို အခွံခွာပါ။ အသီးအနေအထားသည် မပျော့လွန်း မမာလွန်းဘဲ အခွံက ရွှေရောင်သန်းချိန်ကို အသုံးပြုရပါမယ်။
  • ခွာထားသောအသီးများကို အလယ်အူတိုင်နှင့်အစေ့များဖယ်ပစ်ကာ တစ်လက်မအရွယ်ခန့် အစိတ်များလှီးရပါမည်။
  • ထို့နောက် သံပယိုရည်အနည်းငယ် ဆားအနည်းငယ်နှင့် သကြားအနည်းငယ်ထည့်ကာ ဖျော်ထားသောရေဇလုံတွင် အနည်းဆုံးရှစ်နာရီစိမ်ပေးရပါမည်။
  • သံပယိုရည်ထည့်ခြင်းသည် အသီးများ‌ခြောက်သောအခါ အရောင်မညိုသွားစေရန်ဖြစ်ပြီးဆားနှင့်သကြားကိုမူ အရသာအတွက် ထည့်ရပါသည်။
  • အချိုကြိုက်ပါက သကြားပိုထည့်နိုင်ပြီး အသီးသဘာ၀အရသာ မပျောက်လိုပါက သကြားလျှော့ထည့်နိုင်ပါသည်။
  • သံပယိုရည်ကို အသီးပမာဏပေါ်မူတည်ပြီး ချိန်ဆထည့်ရပါမည်။ ဖျော်ရည်တစ်လီတာတွင် သံပယိုရည်စတီးဇွန်းနှစ်ဇွန်းခန့်နှုန်းဖြင့် ထည့်နိုင်ပါသည်။
  • သံပယိုရည်အစား Sodawater (ဆိုဒါရည်)ကိုလည်း ထည့်နိုင်ပါသည်။ မြန်မာနိုင်ငံတွင်မူ Sodawater ကို ready-made drink (အသင့်သုံးသောက်စရာ) အနေဖြင့် Pop Soda ဟူသောအမည်အဖြစ် ၀ယ်ယူနိုင်ပါသည်။
  • ရှစ်နာရီစိမ်ပြီးနောက် အသီးဖတ်များကို ဇကာတွင်ရေစစ်ကာ နေပူလှန်းနိုင်ပါသည်။
  • နေလှန်းရာတွင် စီးပွားဖြစ်ရောင်းချမည်ဆိုပါက နေရောင်ခြည်သုံးအခြောက်ခံရုံ(solar dome) ထဲတွင် ဆန်ကာများနှင့်စီထည့်ကာ အစိုဓာတ်ငါးဆယ်ရာခိုင်နှုန်းခန့်ချန်ကာ မစိုမခြောက် ခပ်တင်းတင်းအနေထားတွင် ပြန်ထုတ်ယူရပါမည်။ သို့မဟုတ် အခြောက်ခံစက် dehydrator တွင်ထည့်ကာ အခြောက်ခံနိုင်ပါသည်။
  • စားကြည့်သောအခါအသီး၏အသားမှာမာကြွပ်နေခြင်းမျိုးမဟုတ်ဘဲတင်းတင်းအိအိနှင့်ချိုချိုချဥ်ချဉ်အရသာပေးစွမ်းပါသည်။အသီးခြောက်များကိုရောင်းချမည်ဆိုလျှင်လည်းလေလုံအိတ်များကိုလေစုပ်ထုတ်ကာ လှပစွာထုပ်ပိုး၍ရောင်းချနိုင်ပါသည်။

ချဉ်စော်ကားသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ချဉ်စော်ကားသီးစားသုံးခြင်းဖြင့်...

  • အမျှင်များစွာပါသောကြောင့် ဝိတ်ကျစေခြင်း၊
  • antioxidant များ ပါခြင်းကြောင့် အရွယ်တင်စေခြင်း၊
  • အူလမ်‌းကြောင်းရောင်ရမ်းမှုကို သက်သာစေခြင်း၊
  • အစာအိမ်ပြည်တည်နာကို သက်သာစေခြင်းများအပြင် ကိုယ်၀န်‌ဆောင်များတွင်ဖြစ်တတ်သောအော့အန်ခြင်းကိုသက်သာစေခြင်း

စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

အဲ့ဒီလိုမျိုး ကျန်းမာရေးအကျိုးများလှတဲ့ ချဉ်စော်ကားသီးတွေကို အခုလိုချိုချဉ်အရသာ အသားခြောက်ပြုလုပ်ပြီး တန်ဖိုးမြင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်အသုံးချနိုင်ဖို့ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးသားလိုက်တာဖြစ်ပါတယ်နော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်