မှတ်ပုံတင်ခြင်း (Registration) လမ်းညွှန်

24/05/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ် 

မှတ်ပုံတင်ခြင်း (Registration) လမ်းညွှန်

အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ် အသုံးပြုတဲ့အခါ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ထည့်သွင်းပြီး မှတ်ပုံတင်ခြင်း ဘယ်လိုလုပ်ရလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

အဆင့်(၁) ပထမဦးစွာ Green Way ဖုန်းဆော့ဝဲလ်ကို  Play Store မှ Download ရယူပါ။ သို့မဟုတ် Green Way ဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ် အသုံးပြုရန်အတွက် အင်တာနက် လိုင်းဖွင့်ထားရန် လိုအပ်ပါတယ်။

 

ပုံ  ( ၁ )

အဆင့်(၂) အစိမ်းရောင်လမ်း ဆော့ဝဲလ်ကို သုံးရန်အတွက် မှတ်ပုံတင်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ အင်တာနက်လိုင်းဖွင့်ပြီးပါက  ဆော့ဝဲလ်ထဲဝင်၍ မိမိဖုန်းနံပတ်ကို ၀၉- ခံပြီး ရိုက်ထည့်ပေးပါ။ ပြီးလျှင် “စသုံးမည်” ကို နှိပ်ပါ။

 

ပုံ ( ၂ )



အဆင့်(၃) ထို့နောက် မိမိ ဖုန်းနံပါတ် မတ်ဆေ့ချ်ထဲသို့ ပေးပို့လာသော တစ်ခါသုံးလျှို့ဝှက်ကုဒ်ကို သတ်မှတ်ထားသည့် နေရာ၌ ဖြည့်ပေးပြီးလျှင်  “အတည်ပြု” ဟူသော ခလုတ်ကို နှိပ်ပေးပါ။

 

ပုံ ( ၃ )

အဆင့်(၄) ဖုန်းဆော့ဝဲလ် အသုံးပြုမည့်သူသည် ပုံတွင် ပြထားသည့်အတိုင်း မိမိ၏ လက်ရှိအလုပ်အကိုင်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမည်၊ အသက်ကို ဖြည့်ပေးပါ။ ကျား/မ ရွေးချယ်ပေးပါ။ ပုံထည့်လိုပါက ထိပ်ဆုံးမှ အဝိုင်းကွက်ထဲရှိ ကင်မရာပုံလေးကို နှိပ်၍ မိမိဓာတ်ပုံကို ထည့်သွင်းနိုင်ပါတယ်။ 

 

ပုံ ( ၄ ) (က) (ခ)


အဆင့်(၅) ထို့နောက် မိမိ၏ နေရပ်လိပ်စာကို ပုံတွင်ပြထားသည့်အတိုင်း ထည့်သွင်းပေးပါ။ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ၊ ကျေးရွာအုပ်စု စသည်ဖြင့် ရွေးချယ်ရန် လိုအပ်ပါတယ်။ 

 

ပုံ ( ၅ )

အဆင့်(၆) အလုပ်အကိုင်တွင် တောင်သူလယ်သမားအား ရွေးချယ်ခဲ့ပါက ပုံပါအတိုင်း မိမိစိုက်ပျိုးသော သီးနှံများကို ရွေးချယ်ပေးပါ။ ထို့အပြင် မွေးမြူရေးလုပ်ပါက မိမိမွေးမြူသော အကောင်ကို ရွေးချယ်ပေးပါ။

 

  ပုံ (၆)(က)                                         ပုံ (၆)(ခ)

 

ဆော့ဝဲလ် အသုံးပြုရန် မှတ်ပုံတင်ခြင်း ပြုလုပ်ရာတွင် အသုံးပြုသူ၏ အလုပ်အကိုင်ရွေးချယ်သော နေရာတွင်သာ ကွာခြားမည် ဖြစ်ပြီး ကျန်သော အဆင့်အားလုံးမှာ အတူတူပင် ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်ပြီးပါက အစိမ်းရောင်လမ်းဆော့ဝဲလ်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်