ရုရှားက ယူကရိန်းဂျုံ ဒေါ်လာတစ်ဘီလျံဖိုး ရိတ်သိမ်းရယူသွားဟု နာဆာ ဆို

09/12/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ရုရှားတွေဟာ ယူကရိန်းနိုင်ငံထဲက သူတို့ထိန်းချုပ်နယ်မြေတွေထဲမှာ ယူကရိန်းလူမျိုးတွေစိုက်ထားတဲ့ ဂျုံတွေကို အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်ဘီလျံဖိုး ရိတ်သိမ်းရယူခဲ့တယ်လို့ နာဆာရဲ့ စာနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေးအစီအစဉ်က ဂြိုဟ်တုဓာတ်ပုံတွေအပေါ် အခြေခံပြုလုပ်တဲ့ သုတေသနအရ သိရှိရပါတယ်။

ဒီလေ့လာဆန်းစစ်ချက်က သတင်းအချက်အလက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ခံထားရတဲ့ ထိန်းသိမ်းခံနယ်မြေတွေအတွင်း ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သိခွင့်ရစေပါတယ်။ ဒီလေ့လာမှုဟာ အချိန်ကာလတစ်ဆက်တည်း ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်များစွာကို အခြေခံကာ မြေမျက်နှာသွင်ပြင်ရဲ့ အရောင်အသွေးအပြောင်းအလဲကို ဆန်းစစ်ပြီး သီးနှံရိတ်သိမ်းထားတဲ့ နေရာနဲ့ မရိတ်သိမ်းရသေးတဲ့နေရာတွေကို ခွဲခြားဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဒေသတွေထဲကနေ ဂျုံတန်ချိန် ခြောက်သန်းနီးပါးလောက် ရိတ်သိမ်းခံထားရတယ်လို့ NASA Harvest အစီအစဉ်က ထုတ်ပြန်ပါတယ်။ ထိန်းသိမ်းခံဧရိယာတွေထဲမှာ ယူကရိန်းတို့ စိုက်ပျိုးထားတဲ့ ဆောင်းဂျုံတွေ ၈၈ ရာခိုင်နှုန်း ရိတ်သိမ်းခံထားရပြီး မရိတ်သိမ်းရသေးတာဆိုလို့ ရှေ့တန်းစစ်မြေပြင်နေရာတွေမှာသာ ကျန်နေတယ်လို့ ဆိုပါတယ်။

ဒီသုတေသနဟာ အဲဒီရိတ်သိမ်းထားတဲ့ သီးနှံတွေ အခုဘယ်ရောက်နေသလဲဆိုတဲ့ မေးခွန်းကို ထွက်ပေါ်လာစေပါတယ်။ ရုရှားသင်္ဘောတွေဟာ သိမ်းပိုက်နယ်မြေတွေထဲက ရိတ်သိမ်းရရှိတဲ့ ဂျုံတွေကို လစ်ဗျား၊ အီရန်တို့လို နိုင်ငံတွေဆီ တင်ပို့နေပုံရပါတယ်။ ဒါပေမဲ့ သင်္ဘောလုပ်ငန်းတွေက သီးနှံရဲ့ ဇစ်မြစ်ကို ဖုံးကွယ်ထားတာကြောင့် သူတို့ တင်ပို့တဲ့အထဲ ယူကရိန်းဂျုံ ဘယ်လောက်ပါတယ်ဆိုတာ ခန့်မှန်းရခက်ခဲပါတယ်။ ရုရှားဘက်ကတော့ သီးနှံခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ရုရှားတာဝန်ရှိသူတွေကိုယ်တိုင် သိမ်းပိုက်ထားတဲ့ ဆိပ်ကမ်းတွေကနေ သီးနှံတင်ပို့မှု ပြန်လည်စတင်နိုင်ရေး လူသိရှင်ကြား စကားလမ်းကြောင်းထားကြပါတယ်။

ယူကရိန်းဟာ ဂျုံ အများအပြား တင်ပို့တဲ့နိုင်ငံဖြစ်ပြီး ရုရှား ကျူးကျော်လာပြီးနောက်ပိုင်း ယူကရိန်းဆိပ်ကမ်းတွေ ပိတ်ဆို့ခံရတာကြောင့် ကမ္ဘာ့ဂျုံဈေးတွေ ထောင်တက်သွားခဲ့ပါတယ်။ ဂျုံဈေးကတက်တော့ ယူကရိန်းဂျုံတွေဟာ သွားရည်ယိုစရာ ပိုဖြစ်ခဲ့ပုံရပါတယ်။

ယူကရိန်းကို သီးနှံတင်ပို့မှုပြန်ခွင့်ပြုတဲ့ သဘောတူညီချက်တစ်ခုကြောင့် ဂျုံဈေး ပြန်ကျလာပေမဲ့ မှတ်တမ်းတွေအရဆိုရင် မြင့်မားတဲ့နှုန်းတစ်ခုမှာ ဆက်ရှိနေပါသေးတယ်။

ယူကရိန်းဂျုံ လေးပုံတစ်ပုံနီးပါးဟာ ရုရှားတို့ တိုက်ခိုက်သိမ်းပိုက်ထားတယ်ဆိုတဲ့ မြေတွေပေါ်မှာ စိုက်ပျိုးထားတာပါ။ ဒါပေမဲ့ အဲဒီနယ်မြေတွေထဲကတချို့ကို ယူကရိန်းက ပြန်လည်ထိန်းချုပ်ထားနိုင်ပါပြီ။ NASA Harvest အစီအစဉ်ရဲ့ ခန့်မှန်းချက်ဟာ ဂျုံသီးနှံတစ်မျိုးအတွက်သာ ဖြစ်ပြီး အခြားသီးနှံနဲ့ သိုလှောင်ထားတဲ့စားသောက်ကုန်တွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ လေ့လာတွေ့ရှိချက်မှာ ရိတ်သိမ်းထားတဲ့ ဂျုံသီးနှံတွေ ဘာဖြစ်သွားပြီလဲဆိုတာ ဖော်ပြထားခြင်းမရှိပါဘူး။

NASA Harvest အဖွဲ့က ယခုနှစ်အတွင်း ယူကရိန်းနိုင်ငံမှာ ဂျုံတန်ချိန် ၂၆ ဒသမ ၆ သန်း ရိတ်သိမ်းခဲ့ကြောင်း တွက်ချက်ဖော်ပြခဲ့ပါတယ်။ ဒီပမာဏဟာ အခြားအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်ထက် တန်ချိန်သန်းပေါင်းများစွာ ပိုနေပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ထိပ်တန်းရှေ့နေတစ်ယောက်က‌တော့ စစ်ပွဲအတွင်း တိုက်ခိုက်လုယူထားတဲ့ပစ္စည်းတွေကို စီးပွားဖြစ်ပြန်လည်ရောင်းချတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။

ယူကရိန်းစိုက်ပျိုးရေးလုပ်ငန်းကြီး HarvEast က ဒွန်းနက်ဒေသထဲ သူတို့ စိုက်ပျိုးထားသမျှ ဆောင်းဂျုံအားလုံးကို ရုရှားတပ်တွေက သိမ်းယူသွားတယ်လို့ ပြောပါတယ်။

"ဒီနှစ် အဲဒီဘက်မှာ ရာသီဥတုကကောင်းတော့ ဆောင်းဂျုံ ထွက်နှုန်း တော်တော်မြင့်ပါတယ်။ ကျွန်တော်တို့အခင်းတွေမှာ ရိတ်ထားသမျှတွေကို ခိုးယူသိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒါတွေကို ယူကရိန်းနိုင်ငံထဲကနေပဲ ပြည်ပကို တင်ပို့တာပါ" လို့ ကုမ္ပဏီ အမှုဆောင်ချုပ် Dmitry Skornyakov က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Russia Reaped $1 Billion of Wheat in Occupied Ukraine, NASA Says - Bloomberg 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်