ကျိုက္ခမီကျောက်ပွင့်

30/03/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီပင်လယ်ကမ်းခြေဒေသထွက် ကျောက်ပွင့်(ခေါ်)ပင်လယ်ရေမှော်ဟာ လူကြိုက်များသလို ဆေးဖက်လည်းဝင်လို့ အခုလို ပွင့်လင်းရာသီမျိုးဆိုရင် အထူးရောင်းအားကောင်းတဲ့ ဒေသထွက်ကုန်တစ်မျိုးဖြစ်ပါတယ်။ မွန်တိုင်းရင်းသားများ အထူးကြိုက်နှစ်သက်ကြပါတယ်။

ပင်လယ်ရေမှော်(Seaweed) တစ်မျိုးဖြစ်တဲ့ ပင်လယ်ကျောက်ပွင့်ကို မွန်ပြည်နယ်၊ ကျိုက္ခမီကမ်းခြေရှိ ကျောက်တုံး၊ ကျောက်ဆောင်ကြားမှာ တွေ့ရများပါတယ်။

ဒီရေမှော်ဟာ Catenella မျိုးစိတ်ဖြစ်ပြီး Rhodophyta အုပ်စုဝင် Red Algae တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ အမျှင်ကလေးတွေသွယ်တန်းနေတဲ့ပုံစံမျိုးရှိကာ နီညိုရောင်သန်းပြီး အခြောက်လှန်းလိုက်ရင်တော့ အညိုရောင်ပုံစံမျိုး ရှိကြပါတယ်။

ကျိုက္ခမီပင်လယ်ကမ်းခြေရှိ ကျောက်တုံး၊ ကျောက်ဆောင်ကြားတွေကနေ ကျောက်ပွင့်အမျှင်လေးတွေကို ခြစ်ယူပြီး နေလှန်းရပါတယ်။ ခြောက်သွေ့သွားရင်တော့ ပလတ် စတစ်အိတ်အကြည်နဲ့ အထုပ်လေးတွေထုပ်ပြီး ဒေသထွက်ကုန်အဖြစ် ရောင်းချကြတာဖြစ်ပါတယ်။        

လက်ရှိအချိန်မှာ ကျိုက္ခမီပင်လယ်ကမ်းခြေဒေသထွက် ကျောက်ပွင့်အခြောက် ၁ ပိဿာကို (၃၅၀၀၀-၃၇၀၀၀) ကျပ်ထိ စျေးနှုန်းရှိပြီး အထုပ်ငယ်လေးတွေအနေဖြင့်တော့ တစ်ဆယ်ကျပ်သားကို(၄၀၀၀-၅၀၀၀)ကျပ်၊ ၅ ကျပ်သားကို (၂၀၀၀-၂၅ဝဝ)ကျပ် စျေးနှုန်းတွေနဲ့ ရောင်းချနေကြတယ်လို့ သိရပါတယ်။

" အခုက ပွင့်လင်းရာသီဆိုတော့ ဘုရားဖူးဧည့်သည်တွေ လာကြလို့ ကျောက်ပွင့်ရောင်းအား ကောင်းနေပါတယ်။ အရင်နှစ်တွေကတော့ကျောက်ပွင့်ခြောက်တစ်ပိဿာ (၂၀၀၀၀-၂၅၀၀၀) ဝန်းကျင်ပဲ ရှိပါတယ်။ ဒီနှစ်မှာတော့ ကုန်စျေးနှုန်းတွေမြင့်လာတာရော၊ ကျောက်ပွင့်နုတ်သူတွေကို နေ့တွက်ခပိုပေးရတာကြောင့်ရောဆိုတော့ တစ်ပိဿာကို ကျပ် ၃၀၀၀၀ ကျော်ထိစျေးတက်သွားတာပါ”လို့ ကျိုက္ခမီရေလယ်ဘုရားရှိ စျေးဆိုင်ခန်းတွေမှာ ကျောကျောက်ပွင့်ခြောက်ရောင်းချနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

၅ ကျပ်သား အထုပ်ကို သူ့ချည်းသက်သက်သုပ်စားမယ်ဆိုရင်တောင် လူ ၄၊ ၅ ယောက်စာ ၂ ခါ၊ ၃ ခါလောက် စားလို့ရပါတယ်။ ကျောက်ပွင့်ခြောက်ကို နည်းနည်းလေးရေစိမ်လိုက်ရုံနဲ့ ၄၊ ၅ ဆလောက် အများကြီးပွားတတ်တာကြောင့်ပါ။

ပင်လယ်ကျောက်ပွင့်ကို စားသုံးရာမှာ အသုပ်တွေထဲ အမည်တစ်မျိုးအနေနဲ့ထည့်စားလေ့ရှိကြတာဖြစ်ပါတယ်။ နာမည်ကြီးတဲ့ ကျိုက္ခမီကျောက်ပွင့်သုပ်က တော့ ပဲကြာဆံတို့၊ အာလူးတို့ မထည့်ဘဲ ကျောက်ပွင့်အရသာပေါ်အောင် သူ့ချည်းသက်သက်သုပ်စားကြတာ ဖြစ်ပါတယ်။

ပင်လယ်ကျောက်ပွင့်ခြောက်ကို ပွလာအောင် ရေစိမ်ထားပြီးမှ ဆီချက်၊ ကြက်သွန်ဖြူ/နီ ၊ ပုစွန်ခြောက်၊ ပဲမှုန့်၊ မရမ်းပြား(သို့)သံပုရာသီး ၊ငရုတ်သီးစိမ်း၊ ငံပြာရည်တို့ဖြင့် ချဉ်ငန်စပ် သုပ်စားကြတာ ဖြစ်ပါတယ်။

ဒီ Catenella မျိုးစိတ်ပင်လယ်ကျောက်ပွင့်တွေက အိုင်အိုဒင်းဓာတ်ကြွယ်ဝတာကြောင့် လည်ပင်းကြီးရောဂါရှိသူများအတွက် အထူးသင့်တော်တယ်လို့ ဆိုပါတယ်။

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်