ဈေးနှုန်းစိုးရိမ်လွန်ဝယ်ယူမှုတွေကြောင့် ယခုနှစ်ထိုင်းဆန်တင်ပို့မှု လေးနှစ်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့

28/12/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးအဖြစ် အိန္ဒိယနောက်မှာ ရပ်တည်နေတဲ့ ထိုင်းနိုင်ငံဟာ ဒီနှစ်ထဲမှာတော့ လေးနှစ်အတွင်း အများဆုံးသောဆန်တန်ချိန် တင်ပို့နိုင်မဲ့လမ်းကြောင်းပေါ် ရောက်ရှိနေပါတယ်။ ဆန်တင်သွင်းနိုင်ငံတွေအနေနဲ့ ဆန်လက်ကျန်စာရင်း ဖြည့်တင်းရေးနဲ့ စားသောက် ကုန်ဈေးကို ထိန်းချုပ်ရေးအတွက် ဆန်ဝယ်ယူမှု တိုးမြှင့်လာကြလို့ ဖြစ်ပါတယ်။

ဘတ်ငွေဈေး အားပျော့တာကြောင့် ထိန်းဆန်ရဲ့ ဈေးကွက်ယှဉ်ပြိုင်စွမ်း မြင့်တက်လာတဲ့အပြင် တရုတ်လို နိုင်ငံတွေဟာ တရုတ်နှစ်သစ်ကူးကာလမတိုင်ခင် ဆန်လက်ကျန်စာရင်း ဖြည့်တင်းဖို့ကြိုးစားနေတာကြောင့် ထိုင်းဆန်ပို့ကုန်ပမာဏဟာ ဒီနှစ်ထဲမှာ တန်ချိန် ၈ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောပါတယ်။ ဆန်တင်ပို့မှုဟာ လာမယ့်နှစ်သစ်မှာလည်း အလားတူပမာဏလောက်မှာ ရှိနေမယ်လို့ ၎င်းက ပြောပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလထဲမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ပင်လယ်နက်ဒေသက သီးနှံရောင်းအားတွေ ပိတ်ဆို့ခံခဲ့ရတာကြောင့် ဂျုံနဲ့ ဟင်းချက်ဆီ စတဲ့ အခြေခံစားသောက်ကုန်စည်ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဆန်ဟာ ကမ္ဘာ့လူဦးရေထက်ဝက်ရဲ့ အခြေခံစားသောက်ကုန်စည် ဖြစ်ပါတယ်။ ဒါပေမဲ့ မတ်လအတွင်းက ဂျုံဈေးတွေ စံချိန်တင် ထောင်တက်ခဲ့ချိန်မှာ ဆန်ဈေးက နှိုင်းယှဉ်ချက်အရ သက်သာနေခဲ့တာကြောင့် အာရှတိုက်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စားသောက်ကုန်ဈေးကြီးမြင့်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ပေးခဲ့ပါတယ်။ အင်ဒိုနီးရှားလို နိုင်ငံအချို့က ပြည်သူတွေဟာ စားသောက်ကုန်စရိတ်စကတွေကို လျှော့ချနိုင်အောင် ဈေးကြီးတဲ့ဂျုံအစား ဆန်ကို ပြောင်းလဲစားသုံးခဲ့ကြနိုင်ပါတယ်။

ဒီနှစ်အတွင်း အာရှတိုက်ရဲ့ဆန်ဈေးတွေဟာ မေလထဲမှာ အမြင့်ဆုံးအဖြစ် တစ်တန်ကို ၄၆၈ ဒေါ်လာထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လထဲမှာ အနိမ့်ဆုံးအနေနဲ့ တစ်တန်ကို ၄၁၀ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ဒါဟာ စားသောက်ကုန်အကျပ်အတည်း ကြုံခဲ့ရစဉ် ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့နှုန်း တစ်တန်ကို ဒေါ်လာ ၁၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် များစွာ နိမ့်ကျနေတယ်လို့ ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဈေးနှုန်းမှတ်တမ်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ဒီနှစ်ထဲမှာ အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်ခဲ့တာနဲ့ ဈေးကွက်အတွင်း အီရတ်နိုင်ငံ ပြန်ဝင်လာတာကနေ အကျိုးအမြတ်တွေ ထွက်ပေါ်ခဲ့တယ်လို့ Mr Chookiat က အင်တာဗျူးတစ်ခုမှာ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု မြင့်တက်လာတာဟာ ကမ္ဘာတစ်ဝန်းမှာ စားနပ်ရိက္ခာဖူလုံရေးစိုးရိမ်ချက်တွေ မြင့်တက်လာတာကြောင့်ပါသလို့ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးကို ရောင်းချပေးနေတဲ့ အိန္ဒိယလို ဆန်ထုတ်လုပ်မှု မြင့်မားတဲ့နိုင်ငံတွေမှာ ထွက်နှုန်းကျဆင်းလာတာကြောင့်လည်း ပါပါတယ်။

"နိုင်ငံတွေဟာ ဆန်လက်ကျန် ဖြည့်တင်းရေးနဲ့ ပြည်တွင်းဆန်ဈေး ထိန်းချုပ်ရေးအတွက် ဆန် တင်သွင်းမှု ပိုမိုပြုလုပ်ခဲ့ကြပါတယ်။ ဘတ်ငွေတန်ဖိုး နိမ့်ကျနေတာကလည်း ထိုင်းဆန်ကို ဈေးကျစေပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်ခဲ့ပါတယ်" လို့ Mr Chookiat က ပြောပါတယ်။

ယခုနှစ်အတွင်း တင်ပို့နိုင်ဖွယ်ရှိတဲ့ တန်ချိန် ရှစ်သန်းဟာ လျာထားပမာဏ တန်ချိန် ၇ ဒသမ ၅ သန်းထက် ပိုများပါတယ်။ ဒီလျာထားပမာဏကပဲ ၂၀၂၁ ခုနှစ် တင်ပို့မှုထက် ၂၀ ရာခိုင်နှုန်း ပိုများနေပြီး ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ထိုင်းဆန်ဝယ်ယူမှုအများဆုံးက အီရတ်ဖြစ်ပြီး တစ်နိုင်ငံတည်း တန်ချိန် ၁ ဒသမ ၅ သန်း ဝယ်ယူခဲ့တယ်လို့ Mr Chookiat က ပြောပါတယ်။ အီရတ်ဟာ ဆန်အရည်အသွေးပိုင်း ပြဿနာကြောင့် ထိုင်းဆန်ဝယ်ယူမှုကို ၂၀၁၃ ခုနှစ်က စတင်ရပ်နားခဲ့ပြီး မနှစ်ကမှ ဝယ်ယူမှု ပြန်စခဲ့တာပါ။

အင်ဒိုနီးရှားဟာ အရန်ဆန်မြှင့်တင်ရေးနဲ့ စားသောက်ကုန်ဈေးထိန်းချုပ်ရေးအတွက် ပြည်ပကနေ ဆန်တင်သွင်းလေ့ရှိတဲ့နိုင်ငံတစ်နိုင်ငံပါ။ နိုင်ငံတော်ကောက်ပဲသီးနှံဝယ်ယူရေးအဖွဲ့ Bulog ဟာ ၂၀၁၈ ကစလို့ ပထမဆုံးအကြိမ် သီးနှံတင်သွင်းခဲ့ပြီး အဲဒီနှစ်က ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ မြန်မာတို့ဆီကနေ တန်ချိန် နှစ်သိန်း ဝယ်ယူခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ နောက်နှစ်ထဲမှာ ထိုင်းဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၅ သန်းရောက်အောင် ကူညီပေးနိုင်ကြောင်းနဲ့ ဒီနှစ် ထိုင်းဆန်တင်ပို့မှုဟာလည်း အီရတ်ရဲ့ ဝယ်အားကြောင့် တန်ချိန် ၇ ဒသမ ၉ သန်း ရှိနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

အီရတ်ရဲ့ ဝယ်ယူမှုဟာ နောက်နှစ်ထဲအထိ ဆက်ကောင်းနိုင်ပြီး အင်ဒိုနီးရှားဆီ တင်ပို့မှုလည်း မြင့်တက်လာနိုင်တယ်လို့ Mr Chookiat က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ယခုနှစ် အဓိက ဆန်စပါးရာသီ ထုတ်လုပ်မှုဟာ မိုးလေဝသအခြေအနေပေးတာကြောင့် ကောင်းမွန်ခဲ့သလို နောက်နှစ်ထဲလည်း နွေစပါး အထွက်ကောင်းနိုင်တာကြောင့် ရောင်းအား အလျှံပယ် ရှိနေလိမ့်မယ်လို့ Mr Chookiat က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Food Inflation Fears Send Thai Rice Exports to Four-Year High - Bloomberg 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်