မြန်မာ၊ မလေးရှား၊ လာအိုနှင့် ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ဂိတ်အားလုံး ပြန်ဖွင့်ရန် ထိုင်းစီစဉ်
လာမယ့် ၂၀၂၃ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော်စီးပွားရေးမြှင့်တင်သွားနိုင်ဖို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၄ နိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဂိတ်အားလုံးကို ပြန်ဖွင့်ဖို့စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံခြား ကုန်သွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

နယ်စပ်ဖြတ်ကျော်ကုန်စည်သယ်ယူပို့ဆောင်မှုတွေ အဆင်ပြေချောမွေ့စေဖို့ မလေးရှား၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဂိတ် ၉၇ ခုလုံး ပြန်ဖွင့်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ရွန်နာရောင်းဖူးပီပက်က ပြောလိုက်တာပါ။
ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့မှာ ကုန်စည်ပြပွဲတွေ ပြုလုပ် သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
ကုန်စည်စီးဆင်းမှုလွယ်ကူအဆင်ပြေစေဖို့ သက်ဆိုင်ရာဥပဒေတွေကို ခေတ်နဲ့ညီဖို့လုပ်တာ၊ ပို့ကုန် တင်ပို့သူတွေရဲ့မှတ်ပုံတင်ခြင်း၊ ပါမစ်သက်တမ်းတိုးခြင်း စတဲ့ ဌာနဆိုင်ရာဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်တာတွေကို လုပ်ဆောင်သွားမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ရွန်နာရောင်းဖူးပီပက်က ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကနေ ထိုင်းဘတ် ၁ ထရီလျံ လောက် အကျိုးအမြတ်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ တရုတ်၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဆီ ပို့ကုန်တင်ပို့သူတွေကတော့ သင်္ဘော၊ လေကြောင်း တင်ပို့မှုတွေကို ပိုမိုရွေးချယ် လာကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာနအနေနဲ့ ထိုင်းလယ်ယာထွက်ကုန်တွေကို ဈေးကွက်မြှင့်တင်ဖို့ ရှိပြီးသား နိုင်ငံတကာဈေးကွက်တွေအပြင် ဈေးကွက်အသစ်တွေမှာပါ ပြပွဲတွေပြုလုပ်သွားဖို့ရှိပြီး အထူးသဖြင့် ထိုင်းဆန်ကို ပရိုမိုးရှင်းဆင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း ထိုင်းဆန်ကို ပြည်ပ တင်ပို့မှုအနေနဲ့ တန်ချိန် ၇.၅ သန်း ပစ်မှတ်ထားဆောင်ရွက်ခဲ့ပေမဲ့ ပစ်မှတ်ကိုကျော်လွန်ပြီး တန်ချိန် ၈.၅ သန်းထိ တင်ပို့နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Ref; https://bit.ly/3Wz0n59
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
ဆက်စပ်မေးခွန်းများ
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 0 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 0 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....