စိုက်ပျိုးမွေးမြူရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံများ (၁)
Agriculture လို့ဆိုလိုက်ရင် စိုက်ပျိုးရေးလို့ပဲ သိကြသူများပါတယ်။ တကယ်တော့ Agriculture ရဲ့ အဓိပ္ပါယ်အောက်မှာ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးကော တိရစ္ဆာန်မွေးမြူရေးကော ရေလုပ်ငန်းကော ပါတာပါ။ လူသားတွေဖြစ်တည်မှုအတွက် အသက်သွေးကြောအလုပ်လို့ဆိုရလောက်အောင်ထိ အရေးအပါဆုံး စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ လူသားတွေအတွက် စား၊ ဝတ်၊ နေရေးဆိုတဲ့ မရှိမဖြစ်အရာကြီးကို ဖန်တီးပေးထားလို့ပါ။ သမိုင်းအရဆိုရင်လည်း လူသားတွေအတွက် ပထမဆုံးအလုပ်အကိုင်ဟာ စိုက်ပျိုးမွေးမြူရေးပါပဲ။ ဆိုတော့ ဘယ်နိုင်ငံကမှ ဒီအလုပ်ကို ပေါ့ပေါ့တန်တန် သဘောမထားကြပါဘူး။
စီးပွားရေးအရဆိုရင်လည်း မှီခိုရပ်တည်လို့ရတဲ့အလုပ်အကိုင်မျိုးဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ ကမ္ဘာပေါ်မှာ စိုက်ပျိုးမွေးမြူရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံ ၇ နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တရုတ်

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဆင့်မှာ အမေရိကန်နိုင်ငံကိုတောင် ခြိမ်းခြောက်နိုင်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၁၂ ရာခိုင်နှုန်းကျော်ဟာ စိုက်ပျိုးမွေးမြူ ရေးနယ်ပယ်က ရတာပါ။ နိုင်ငံ့မြေထုစုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းနီးပါးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင် ကြတာဖြစ်ပြီး လုပ်သားအင်အား ၅၀ ရာခိုင်နှုန်းကျော်ကို ဒီနယ်ပယ်က အလုပ်ပေးထားနိုင်တာပါ။ စိုက်ပျိုးရေးအနေနဲ့တော့ စပါး၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်၊ အာလူး၊ ဝါ နဲ့ အခြားသီးနှံတွေကို စိုက်ပျိုး ထုတ်လုပ်ပါတယ်။
အချက်အလက်တွေအရတော့ တရုတ်နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို တင်ပို့မှု တတိယ အများဆုံးနိုင်ငံဖြစ်ပြီး တင်သွင်းမှုမှာတော့ အများဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ငါးထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကိုလည်း တရုတ်နိုင်ငံကပဲ ထုတ်လုပ်နေတာဖြစ်ပါတယ်။
ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံးနိုင်ငံ (ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆ ပုံ ၁ ပုံခန့်ထိရှိဟုဆို) လည်းဖြစ်လို့ ပြည်တွင်းစားသုံးမှုလည်း မြင့်မားပုံရပါတယ်။
(၂) အိန္ဒိယ

ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ သတ္တမမြောက်ကုန်းမြေဧရိယာအကျယ်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိမှာ မကြာသေးခင်ကာလမှာပဲ တရုတ်နိုင်ငံကိုကျော်ဖြတ်ပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေပါပြီ။
အိန္ဒိယဟာ နိုင်ငံရဲ့ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၁၈ ရာခိုင်နှုန်းကျော်ထိ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကနေ ရနေတာဖြစ်ပြီး ကျေးလက်နေအိမ်ထောင်စု ၅၈ ရာခိုင်နှုန်းကျော်ထိ ဒီအပေါ်မှာ မှီခိုနေရတာပါ။ ဟင်းခတ်အမွှေး အကြိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို အဓိကထုတ်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါရဲ့နောက်မှာတော့ အများဆုံးအဖြစ် သစ်သီးဝလံ၊ စပါးနဲ့ ဂျုံတွေကို စိုက်ပျိုးထုတ်လုပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံလည်းဖြစ်ပြီး ကမ္ဘာ့ဆန်ဈေးကွက်ဟာ အိန္ဒိယအပေါ် မှီခိုနေရတဲ့အထိပါ။
နောက်ထပ်အိန္ဒိယရဲ့စိုက်ပျိုးမွေးမြူရေးနယ်ပယ်ထွက်ထုတ်ကုန်တွေကတော့ နှံစားသီးနှံတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အသားတွေ၊ အေးခဲအစားအသောက်တွေ စသဖြင့် ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်ထံ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် စတုတ္ထမြောက်အများဆုံးတင်ပို့နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေအများဆုံးနိုင်ငံဖြစ်ပေမဲ့ ပြည်တွင်းထုတ်လုပ်နိုင်စွမ်းမြင့်လို့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် တင်သွင်းမှုမှာတော့ တရုတ်နိုင်ငံနဲ့မတူဘဲ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာတောင် ပါဝင်ခြင်းမရှိပါဘူး။
ဆိုတော့ စိုက်ပျိုးမွေးမြူရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးထိပ်ဆုံး ၂ နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီးတွေချည်းဖြစ်နေပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနိုင်ငံတွေထဲမှာ ပါဝင် နေတဲ့ နိုင်ငံတွေပါပဲ။
အပိုင်း(၂) မှာတော့ နောက်ထပ် ၅ နိုင်ငံအကြောင်း ဖော်ပြပေးသွားပါမယ်။ ကမ္ဘာ့တိုက်ကြီးများအလိုက် ပြောရရင်တော့ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်က နိုင်ငံတစ်နိုင်ငံစီ၊ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံနဲ့ အာဖရိကတိုက်က နိုင်ငံနှစ်နိုင်ငံပဲဖြစ်ပါတယ်။
Ref: https://www.afterschoolafrica.com/47413/top-seven-countries-that-developed-with-agriculture/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးချစ်ကိုဦး
လွန်ခဲ့သော ၃ နှစ် ကမြန်မာနိုင်ငံကဒီနှစ်နိုင်ငံကြားမှာရှိရဲ့သားနဲ့စိုက်ပျိုးမွေးမြူရေးမှာနောက်ကျကျန်ခဲ့ရတာအကြောင်းရှိရမယ်။
ဇင်ဘိုလွင်
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကဲ့ပါ အကြံပြုတာကို ကျေးဇူးတင်ပါတယ်ဗျ။ Agriculture is the art and science of cultivating the soil, growing crops, and raising livestock. It includes the preparation of plant and animal products for people to use and their distribution to markets. Agriculture လို့ဆိုလိုက်ရင် စိုက်ပျိုးရေးလို့ပဲ ဖြတ်ပြီး နားလည်ထားကြ သင်ကြားခံလာရသူတွေအတွက် ဆိုလိုတာပါဗျာ။ သူ့နယ်ပယ်နဲ့သူ သီးသန့် ပညာရပ်ဆိုင်ရာအသုံးအနှုန်းတွေထပ်ရှိတာကို သဘောပေါက်ပါတယ်ဗျ။
MR FISH
လွန်ခဲ့သော ၃ နှစ် ကတိရစ္ဆာန်မွေးမြူရေးက ရေလုပ်ငန်း တနည်းအားဖြင့် ရေသတ္တဝါမွေးမြူရေးဆိုရင် Aquaculture လို့ဆိုရမည်ဖြစ်ပြီး ဒီနေရာမှာ ရေချိုဆိုရင် Freshwater Aquaculture and ရေငန်ဆိုရင် Mariculture လို့ အသုံးပြုရမည်ဟု အကြံပြုပါတယ်။ မွေးမြူရေးမှာ ကုန်းသတ္တဝါအတွက်တေ့ာ Livestock farm ဒီနေရာမှာလဲ ကြက်ဆိုရင် layer farm and boiler farm အသားစား ဉစားဆိုပြီးကွဲပြားပြန်ပါတယ်။ Poultry farm ကတေ့ာ ကုန်းသတ္တဝါအကောင်ကြီးတွေကို အသုံးပြုကြောင်း သံုးသပ်အကြုံပြုပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
ဆရာတစ်ချက်ကြည့်ပေးပါအူး ဒိုင်ဇီရလားဆရာ အတာလေးပေးလိုက်လိူ့
U Yan • ဖြေကြားချက် 0 ခု
မဂ်လာပါပန်းအညွန့်တွေက ပုံစံပျက်နေတယ်အထဲမှာပိုးလာခဗျာ ဖြေကြားပေပါဉီး။
bominthu • ဖြေကြားချက် 2 ခု
မူန်ညှင်းအပင်ပုတ်နေတာဘာဆေးသုံးရမလဲဗျ
U Min Lna • ဖြေကြားချက် 1 ခု
ဆရာ သီးလုံးဖောက်ပိုးအတွက် ဒီကောင်လေးပေးလိုက်လို့ဆျာ အဆင်ပြေပါ့မလားဆရာ ဝိစာရက ဘီတာစီပါဆရာ
U Yan • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026