ယနေ့ညပိုင်းမှစကာ နေပြည်တော်နယ်မြေမှ အလယ်ပိုင်းဒေသများအထိ လေနှင့်မိုးများ လာမည်

22/07/2022 15:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိဖြစ်ပေါ်နေတဲ့ အထက်လေဝဲစီးကြောင်းရဲ့သက်ရောက်မှုတွေကြောင့် လေပြင်းကျ၊ မိုးရွာမှုတွေဟာ ဒီနေ့ ညပိုင်းကစပြီး နေပြည်တော်ကနေ အလယ်ပိုင်းဒေသတွေ အထိ ဆက်တိုက်ရောက်ရှိသွားမှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီကျော် အခြေအနေတွေအရ လေဝဲစီးကြောင်းဟာ ဧရာဝတီမြစ်ပေါ် မြန်အောင်အထက်မှာ ရောက်ရှိနေပြီး လေတိုက်နှုန်းလည်း တက်လာတယ်လို့ သိရပါတယ်။

“ အောက်ဘက်က ကျုံပျော်၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ တိုက်ကြီး အဲ့ဒီကနေတဆင့် ပဲခူးတိုင်းဘက်ကို ဆက်သွားတယ်။ ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ကညွတ်ကွင်း၊ ဖြူး၊ တောင်ငူ အဲ့ဒီနေရာတွေအကုန်လုံးက တနာရီ မိုင် ၃၀ တွေချည်းပဲ။ အခုလက်ရှိဖြစ်နေတဲ့အခြေအနေပေါ့နော်” လို့ ဦးဝင်းနိုင်က ဒီနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပြောပါတယ်။

အဲ့ဒီကနေ လေတိုက်နှုန်းထပ်တက်လာဖို့ရှိပြီး ညနေ ၅ နာရီနောက်ပိုင်းမှာ နေပြည်တော်၊ ပျဉ်းမနားမြို့တွေဘက်ကို ရောက်ရှိသွားမယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ နေပြည်တော်ကို တနာရီကို ၃၁ မိုင်နှုန်းလောက်ရှိတယ်။ ပျဉ်းမနားဘက်မှာဆို ညနေ ၅ နာရီကစလို့ တနာရီ ၂၃ မိုင်၊ ၂၄ မိုင်နှုန်းလောက်ထိရှိတယ်။ လေပြင်းက တော့ ကျမှာပဲ။ နေပြည်တော်ဒေသအနေနဲ့ဆို တနာရီ ၁၄ မိုင်နှုန်းကနေ ၂၆ မိုင်နှုန်းလောက်ရှိတယ်။ ညနေ ၆ နာရီကနေ နောက်နေ့မနက်စောစော ၁ နာရီလောက်ထိ လေပြင်း တိုက်နေမယ်” 

အဲ့ဒီကနေ လေဝဲစီးကြောင်းက အနောက်မြောက်ဘက်ယွန်းယွန်းကို ဆက်ရွေ့ပြီး ည ၈ နာရီမှာ မင်းတုန်း၊ သရက်နဲ့ ကံမ သုံးခုရဲ့ကြားထဲကိုရောက်သွားမယ်လို့ သိရပါတယ်။

“ ည ၁၀ နာရီလောက်ဆို မင်းတုန်းပေါ်ကိုရောက်တယ်။ မနက် ၂ နာရီမှာ မကွေးနဲ့ ငဖဲ အောက်ဖက်နားလောက်ကို ရောက်ပြီ။ မကွေး၊ မင်းလှ၊ ငဖဲ အာ့ကြားထဲရောက်နိုင်တယ်။ ရောက်ပြီးရင်တော့ သူ့ရဲ့ ညာဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းက တောက်လျှောက်လေပြင်းကျမယ်။ မိုးရွာမယ်။ မနက် ၃ နာရီ ဝန်းကျင်လောက်ဆို မကွေးနဲ့ ငဖဲကြားရောက်မှာ။ အဲ့ဒီကနေ အပေါ်ကတွေပါလာပြီ။ မိတ္ထီလာ၊ မြင်းမူ၊ မုံရွာအထိ တိုက်မယ်။ အခုအချိန်ကနေ ၂၄ နာရီအတွင်း ကြိုတင်ခန့်မှန်းချက်ဆိုတော့ သေချာသလောက်တော့ရှိတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အဲ့ဒီကနေ မကွေးဘက်ဆက်သွားပြီးရင် အလယ်ပိုင်းမိုးနည်းဒေသတွေမှာလည်း မိုးရွာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ ၂၃ ရက် ၂ နာရီဆို မကွေးဘက်ရောက်နေပြီး မနက် ၇ နာရီလောက်ဆို ရေနံချောင်း၊ ချောက်တို့ဘက်ရောက်မှာ။ ညောင်ဦးဘက်လည်း နီးသွားပြီပေါ့။ အဲ့ဒီကျရင် နတ်မောက်တို့ ဘာတို့ဘက်လည်း လေပြင်းမှာပဲ။ ၁ နာရီ ၁၃ မိုင်ကနေ ၂၈ မိုင်လောက်ထိ တိုက်နိုင်တယ်။ လေကော မိုးကော ကျနိုင်တဲ့အနေအထားပေါ့” 

ဇူလိုင် ၂၃ ရက် မနက်ဖြန်မနက်၂ နာရီ မကွေးနားရောက်မယ့်အချိန်မှာ မကွေး-အမ်း ကားလမ်းတစ်လျှောက်လေပြင်း တစ်နာရီ မိုင် ၄၀ ကျော်ထိ တိုက်နိုင်တဲ့အတွက် အထူးသတိထားဖို့ လိုမယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။ 

အခုဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်းဟာ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဆောနဲ့ ထီးလင်းကြားမှာ ပျက်သွားမှာဖြစ်ပြီး လေတိုက်နှုန်းတွေ ပြန်ကျသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd_U Win Naing

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်