- ဒီနေ့ မနက် ၁၁ နာရီမှာ ညောင်တုန်းနဲ့ ထန်းတပင်မြို့ကြားကိုဖြတ်
- ဒီနေ့ ညနေ ၅ နာရီမှာတော့ ဟင်္သာတမြို့ပေါ်က ဖြတ်မယ်
- ပြီးရင် အနောက်မြောက်ဘက်ကို ကွေ့ပြီးတော့ ဩဂုတ်လ ၁၈ ရက် မနက် ၂ နာရီမှာ တောင်ကုတ်မြို့မြောက်ဘက်၊ ကျောက်ဖြူမြို့တောင်ဘက်က ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲကို ရောက်သွားမယ်
- ဩဂုတ်လ ၁၉ ရက် မနက်ပိုင်းမှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ရောက်လာနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းချက်မှာတွေ့ရ
- UACC ဖြတ်သွားရာလမ်းကြောင်းတစ်လျှောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်မယ့်အခြေအနေက ဩဂုတ်လ ၂၀ ရက်အထိ ဆက်ပြီးဖြစ်နေနိုင်
- UACC ဟာ ဒီနေ့မနက်အစောပိုင်းမှာ မြန်မာနိုင်ငံထဲကို စတင်ဝင်ရောက်လာတာ ဖြစ်ပြီး အဲ့ဒီအရှိန်ကြောင့် ရန်ကုန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
(အပြည်ပြည်ဆိုင်ရာမိုးလေဝသ Model ဖော်ပြချက်များအရ မိုးလေဝသစောင့် ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်၏ ကြိုတင်ခန့်မှန်းချက်ကိုဖော်ပြခြင်းဖြစ်ပါသည်။)
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာ့နှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
Photos Crd_U Win Naing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။