ဗီယက်နမ်ဆန်ဈေး ၁၆ လအတွင်း အမြင့်ဆုံးရောက်
ယခုအပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့ဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ် ဇူလိုင် လနောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့ပါတယ်။
ကုန်သည်တွေက ဆန်ရောင်းလိုအား ကျဆင်းလာမယ်လို့ ခန့်မှန်းနေကြတာ၊ ဆန်ဝယ်လိုအား မြင့်တက်လာတာတွေကလည်း နှစ်ကုန်ပိုင်းမှာ ဆန်ဈေးနှုန်းတွေ ပိုကောင်းလာစေနိုင်တာကြောင့် အခုလို စျေးနှုန်းမြင့်တက်ခဲ့တာပါ။

ဗီယက်နမ် ငါးမှတ်ဆန် FOB စျေးနှုန်းဟာ အရင်အပတ်က တစ်တန်ကို ၄၂၅-၄၃၀ ဒေါ်လာကြား ရပ်တည်ခဲ့ရာကနေ အခုအပတ်မှာတော့ တစ်တန်ကို ၄၃၈ ဒေါ်လာအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
"ဒီအပတ်မှာ ဆန်စျေးတွေ တက်လာရတာကတော့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသထွက် ဆန်ရောင်းအား နည်းပါးလာလို့ဖြစ်ပါတယ်" လို့ မဲခေါင်မြစ်ဝကျွန်းပေါ် အန်ဂျင်းမြို့ အခြေစိုက် ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။
လက်ရှိစျေးနှုန်းအရဆိုရင် ဗီယက်နမ်ဆန်စျေးဟာ တခြားနိုင်ငံတွေထက် ပိုကြီးမြင့်နေကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဆန်လက်ကျန် နည်းပါးနေတာအပြင် တရုတ်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဝယ်လိုအား မြင့်တက်လာတာကြောင့် ဆန်စျေးတွေဟာ ဒီဇင်ဘာလကုန်ရောက်တဲ့အထိ တက်မြဲတက်နေဦးမယ်လို့ ကုန်သည်အချို့က ပြောပါတယ်။
ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ပေါင်းဆန်စျေးနှုန်းကတော့ တစ်တန်ကို ၃၇၃-၃၇၈ ဒေါ်လာအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ အိန္ဒိယဆန် တင်သွင်းနေကျ နိုင်ငံတွေရဲ့ ဝယ်လိုအားကတော့ ကောင်းမွန်လျက်ရှိပါတယ်။
"တခြားဆန်တင်ပို့နိုင်ငံတွေမှာ စျေးတွေမြင့်တက်နေပါတယ်။ ဒါကြောင့် အိန္ဒိယဆန်ဟာ ပို့ကုန်ခွန် ပေးချေပြီးချိန်မှာတောင် အခြားနိုင်ငံက ဆန်တွေထက် ဈေးပိုသက်သာနေပါတယ်" လို့ တောင်ပိုင်း အန္ဓရဒေသပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
အိန္ဒိယအစိုးရဟာ တောင်သူလယ်သမားတွေဆီက ကောက်သစ်ကို တွန်းတွန်းတိုက်တိုက် ဝယ်ယူလာတာကြောင့် ပို့ကုန်သမားတွေအတွက် ဝယ်ယူစရာကုန်စည် အကန့်အသတ်နဲ့သာ ရှိနေတယ်လို့ ၎င်းလုပ်ငန်းရှင်က ပြောပါတယ်။
အိန္ဒိယအစိုးရဟာ တောင်သူတွေဆီက ဝယ်ယူတဲ့ ကောက်သစ်စပါး အခြေခံဝယ်ဈေးကို ငါးနှစ်အတွင်း အကြီးဆုံးမြှင့်တင်မှုအဖြစ် ၅ ဒသမ ၂ ရာခိုင်နှုန်း မြှင့်တင်ပေးခဲ့ပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သွင်းကုန်ခွင့်ပြုတာ၊ အခွန်လျှော့ချတာတွေ လုပ်ဆောင်ထားပေမဲ့ ပြည်တွင်းဆန်ဈေးတွေ ဆက်လက်မြင့်တက်နေသေးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုကြောင့် ဆန်စပါးအထွက် အရင်နှစ်ထက် တစ်ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၃၅ ဒသမ ၆ သန်း လျော့နိုင်မယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာမှာ ဆန်စပါးထုတ်လုပ်မှု တတိယအများဆုံးဖြစ်ပေမဲ့ သဘာဝဘေးတွေ မကြာခဏ ကြုံတွေ့ရကာ ဆန်လိုအပ်ချက် ဖြစ်ပေါ်တတ်ပြီး သွင်းကုန်အပေါ် မှီခိုရလေ့ရှိပါတယ်။
ထိုင်း ငါးမှတ်ဆန်ဈေးကတော့ အရင်အပတ်က တစ်တန်ကို ၄၁၀-၄၂၅ ဒေါ်လာကြား ရှိခဲ့ရာကနေ ဒီအပတ်မှာ ၄၁၉-၄၂၅ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။
ထိုင်းဆန်ဈေးနှုန်းအပြောင်းအလဲဟာ ငွေလဲနှုန်းအပေါ် မူတည်ခဲ့တာဖြစ်ပြီး ပြည်ပဝယ်လိုအားက တည်ငြိမ်နေကာ အရောင်းအဝယ် ကြီးကြီးမားမား မဖြစ်ခဲ့ဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
"အရောင်းအဝယ် တချို့ ရှိခဲ့ပေမဲ့ ကုန်သည်တွေအများစုကတော့ အနာဂတ်မှာ တက်လာမဲ့ အော်ဒါတွေအတွက် သီးနှံ ကြိုစုနေကြပါတယ်" လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: ASIA RICE-Tight supplies lift Vietnam rates to 16-month high - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
ဆက်စပ်မေးခွန်းများ
ဆရာရေ ကျနော့်ကွမ်းပင်က စဖြစ်တာက ပင်ခြေကမဲပြီး အစိမ်းအတိုင်းညိုးပါတယ် နှုတ်လိုက်တဲ့အမြစ်ဆုံက ပုံပါအတိုင်းပါ နှုတ်လိုက်အပင်ရဲ့ဘေးတိုင်မှာစပြီး အရွက်ပုပ်ပါတယ် ကျနော့်ကွမ်းခြံနဲ့ ခန့်မှန်းခြေ ပေ50အကွာသူများခြံမှာ အဲ့လိုဖြစ်ပြီး တစ်ခြံလုံးသေကုန်ပါပြီ ကျနော့်ခြံက ခုမှစဖြစ်တာပါ လေကနေတဆင့် ကူးနိုင်တာလားကျနော့်ဆီမှာရှိတဲ့ဆေးတွေ ပုံပါအတိုင်းပါ ဘယ်ဆေးက ထိရောက်မှုရှိပြီး ဘယ်လိုဖျန်းရမလဲဆရာခင်ဗျ ကုသလို့ရနိုင်ပါသေးလားဗျ အိုဆိုလိုနစ်/ကော့ပါးအောက်ဆီကလိုရိုက်/ကာဆူကာမိုင်စင်/ဟိုင်မီဇာဇိုး/ဒိုင်ဖီနိုကိုနာဇိုး/အဇိုစီစထရိုဘင် စတဲ့ဆေးတွေဝယ်ထားတာရှိပါတယ်
Zaw Myo Win • ဖြေကြားချက် 0 ခု
တိုင်ထောင်ပဲစိုက်ခင်းမှာကြွက်တွေဆိုးဆိုးရွားရွားကျနေလို့ခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • ဖြေကြားချက် 1 ခု
မဂ်လာပါဗျကျွန်တော်ရဲ့ခရမ်းမျိုးပင်လေးတွေကပင်ခြေရိပီးသေတာတွေ့နေရတာဘာကြောင့်လဲ ပျိုးဘောင်ကိုအမိုးမိုးထားပါတယ်🌱
bominthu • ဖြေကြားချက် 1 ခု
ဘယ်လမှာစိုက်ရလဲဗျာ
Nyi. lin • ဖြေကြားချက် 2 ခု
စပါးနီမတုပ်ကြလျှင်ဘာဆေးသုံးရမလဲခင်ဗျာပညာရှင်များဖြေပေးကြပါ
UTHATNINGOO • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....