ရေကြီးရေလျှံဖြစ်နေသည့်ဒေသများ မိုးလျော့နိုင်ဖွယ်မရှိသေး
လက်ရှိ ရေကြီးရေလျှံဖြစ်နေတဲ့ဒေသတွေမှာ လာမယ့်ရက်တွေအတွင်းမှာလည်း မိုးလျော့သွားနိုင်စရာ မရှိသေးဘဲ ရေကြီးရေလျှံမှုတွေ ဆက်ရှိနေနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဒေသအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ တောင်ကျရေကျဆင်းမှုတွေကြောင့် ရေကြီးရေလျှံမှု၊ သစ်ပင်ပြိုလဲမှုတွေဖြစ်ပေါ်နေတာပါ။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဩဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲ သတင်းထုတ်ပြန် ချက်အရဆိုရင်လည်း စစ်တောင်းမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဘီးလင်းမြစ်နဲ့ လေးမြို့မြစ်ရေ တွေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေလို့ မဒေါက်မြို့၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ ဘီးလင်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်လို့ သတိပေးထားပါတယ်။

ဒီလိုမြစ်ရေကြီးနေမှုတွေနဲ့ပတ်သက်လို့လည်း လက်ရှိမှာ ဒီရေကျနေတဲ့အနေအထားဖြစ်လို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေဟာ အဆိုးဆုံးအနေအထားကို မရောက်သေးဘဲ ဒီရေမြင့်တက်မယ့်ကာလ ဩဂုတ် ၁၆၊ ၁၇၊ ၁၈ ရက်(ရေထရက်များ) တွေမှာ မိုးဆက်များရင်တော့ ကမ်းနားနီးတဲ့နေရာတွေ ပိုဆိုးလာနိုင်တယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
လက်ရှိမိုးလေဝသဖြစ်စဉ်အခြေအနေ၊ လာမယ့်ရက်တွေအတွင်း မိုးများမိုးနည်းနိုင်တဲ့ ဒေသတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိမိုးလေဝသအခြေအနေ

“ လက်ရှိဖြစ်နေတဲ့အနေအထားက ပစိဖိတ်အနောက်မြောက်ဘက်က မုန်တိုင်း(KHANUN) က ၁၀ ရက်နေ့ ဝန်းကျင်ကျရင် ကိုရီးယားကျွန်းဆွယ် ကုန်းတွင်းကိုဝင်မယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံအပေါ် သက်ရောက်မှုရှိတဲ့ပင်လယ်တွေမှာဖြစ်တဲ့ မုန်တိုင်းတွေ ကုန်းတွင်းဝင်ချိန်ဆို ကျွန်တော်တို့ဘက်မှာ မိုးများတတ်တာက ပုံမှန်လိုတောင်ဖြစ်နေပြီ။ နောက်တစ်ခုကကျ အယ်နီညိုရဲ့အစပျိုးနေတဲ့အရှိန်အရ အရှေ့လေစီးကြောင်းကို လျော့ကျစေပြီး အနောက်လေစီးကြောင်းကို များစေတဲ့သဘောမို့ အနောက်တောင်မုတ်သုံ လေအားကောင်းနေတာပေါ့။ ဆိုတော့ လက်ရှိ ရာသီဥတုဖြစ်စဉ်အနေအထားကော၊ အယ်နီညိုအကြိုကာလဖြစ်နေတဲ့ အနေအထားကော၊ နောက်ပြီးတော့ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာလည်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုပြီးတစ်ခု ဖြစ်နေပြီး မိုးရွာ ရေကြီးတွေဖြစ်နေတဲ့အနေအထား တွေကောကြောင့် ကျွန်တော်တို့နိုင်ငံထဲမှာပါ လာပြီးတော့ မိုးတအားများတဲ့အနေအထားမျိုး ဖြစ်နေတာ”
“ ဆိုတော့ အခုက မုတ်သုံကလည်း တော်တော်လေး အားကောင်းနေတယ်။ ၁၀ ရက် ၁၁ ရက်လောက် ကျရင် နည်းနည်းလေး လျော့နိုင်တယ်ဆိုပေမဲ့ အားအလွန်ကောင်းအဆင့်ကနေ အားကောင်းအဆင့် လောက်ကို လျော့တာပဲရှိတယ်။ နောက်ပြီး လေထုစိုထိုင်းဆနဲ့ ပင်လယ်မှာ ရေခိုးရေငွေ့တွေများနေ တယ်။ တိမ်တွေလည်းများနေတယ်ဆိုတော့ ဒါတွေက ဝင်လာမှာပဲ။ ဆိုတော့ မိုးကတော့ ဆက်နေမယ့် သဘောရှိတယ်”
“ ပြီးတော့ ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာလည်း တိမ်တွေဖုံးနေတယ်။ အဲ့ဒီတိမ်တွေကလည်း ဝင်မှာပဲ။ တိမ်အနိမ့်တွေကော၊ တိမ်အမြင့်တွေကော။ တစ်နိုင်ငံလုံးမှာလည်း လောလောဆယ် တိမ်တွေဖုံးနေတဲ့ အနေအထားရှိတယ်”
နောက် ၃ ရက်အတွင်းမိုးများမိုးနည်းနိုင်သည့်ဒေသများ
မိုးအနည်းဆုံးရွာနိုင်သည့်ဒေသများ (နေရာကွက်ကျား ခပ်ပါးပါးပဲရွာနိုင်)
စစ်ကိုင်းတိုင်း - မုံရွာ၊ ဘုတလင်၊ ခင်ဦး၊ အရာတော်၊ ရွှေဘို၊ ဝက်လက် ( ရွှေဘိုဒေသကတော့ ကွက်ပြီးတော့ မိုးများနိုင်တဲ့နေရာတွေ ရှိနိုင်)
မိုးများနိုင်သည့်ဒေသများ (အသည်းထန်ဆုံးမဟုတ်သော်လည်း မိုးများနိုင်)
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း(အထက်ဖော်ပြပါမိုးနည်းနိုင်သည့်ဒေသများမှလွဲ၍ ကျန်ဒေသအားလုံး)၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း (လမိုင်းမှ ကော့သောင်ထိ)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကယားပြည်နယ်
မိုးသည်းထန်စွာရွာနိုင်သည့်ဒေသများ (မိုးအလွန်များနိုင်)
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအနောက်ခြမ်း စစ်တောင်း မြစ်ဝှမ်းတစ်လျှောက်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း
ရှေ့လာမည့်ရက်များအတွက် ဦးဝင်းနိုင်၏ ခန့်မှန်းသုံးသပ်ချက်
“ ဆိုတော့ ရေကြီးရေလျှံဖြစ်နေတဲ့ဒေသတွေအကုန်လုံး နောက်သုံးရက်အတွင်းဆိုရင် မိုးလျော့သွား စရာ မရှိသေးဘူး။ သုံးရက်ကျော်သွားရင်လည်း မလျော့သွားနိုင်သေးဘူး။ အဲ့ဒီအချိန်ကျရင် အဲ့ဒီနေရာတွေကော၊ ပဲခူးတိုင်းတစ်ခုလုံးကော မိုးဆက်ပြီးများဖို့ရှိတယ်။ မုတ်သုံကလည်း ၁၇ ရက်၊ ၁၈ ရက်လောက်ထိကို အားဆက်ကောင်းနေဦးမယ်”
Photos Crd_ U Win Naing, မိုးဇလ, Myanmar Fire Service Department
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Htay Min Kyaing
လွန်ခဲ့သော ၃ နှစ် ကလာမည့် ၁၀ရက်အတွင်းကျောက်ပန်းတောင်းမြို့နယ်ရဲ့မိုးလေဝသအခြေအနေလေးသိပါရစေခင်မျ
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကkungon
ဆက်စပ်ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 0 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ
Sawsamson • ဖြေကြားချက် 1 ခု
အပင်ကြီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာေြမဆီတွေကျွေးရမလဲဗျ
,ရဲေကျာ် • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026