မိုးတွေ ဆက်များနေဦးမှာလား...

26/06/2023 15:11 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းရဲ့ မုတ်သုံကိုတွန်းနေမှုနဲ့အတူ မြန်မာနိုင်ငံဒေသအများစုမှာ မိုးများနေပါတယ်။ ဒေသ အချို့မှာဆိုရင် မိုးကြီးမှုကြောင့် သီးနှံစိုက်ခင်းအချို့ ပျက်စီးမှုတွေတောင်ရှိတယ်လို့လည်း သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇွန် ၂၆ ရက် မနက် ၉ နာရီခွဲအချိန် ထိမိုးလေဝသတိုင်း ထွာချက် ထုတ်ပြန်ရာမှာလည်း ‘ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်’ လို့ ထည့်သွင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

‘မှတ်သားဖွယ်ရာ မိုးရေချိန်များအနေနဲ့ သထုံမြို့တွင် (၆.၅၃)လက်မ၊ လှည်းကူးမြို့တွင် (၄.၅၃)လက်မ၊ မှော်ဘီ(စိုက်ပျိုးရေးမိုးလေဝသ)တွင် (၄.၁၇)လက်မ၊ ဘားအံမြို့နှင့် ဘီးလင်းမြို့တို့တွင် (၃.၉၀)လက်မစီ၊ မုဒုံမြို့တွင် (၃.၈၆)လက်မ၊ ချောင်းဆုံမြို့တွင် (၃.၅၄)လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် (၃.၃၄)လက်မ၊ ဂွမြို့ တွင် (၃.၁၁)လက်မ၊ ကျိုက္ခမီမြို့တွင် (၃.၀၃)လက်မ၊ သိမ်ဇရပ်မြို့တွင် (၂.၉၉)လက်မ၊ သံတွဲမြို့တွင် (၂.၉၅)လက်မနှင့် လပွတ္တာမြို့တွင် (၂.၉၁)လက်မတို့ ဖြစ်ကြပါသည်’ လို့လည်း မိုးဇလထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

ဆိုတော့ အခုလို မိုးတွေများနေတာဟာ ဘာကြောင့်လဲ၊ ဘယ်ဒေသတွေမှာ မိုးတွေဆက်များနေဦးမှာလဲ ဆိုတာတွေအပေါ် နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မိုးတွေက ဘယ်အချိန်ထိ ဆက်များနေဦးမှာလဲ...

“ မိုးကတော့ဆက်များနေဦးမှာပဲ။ ဘာလို့လဲဆိုတော့ ဟိုဘက်က လေဖိအားနည်းရပ်ဝန်းဖြစ်တဲ့ဟာက လည်း ကုန်းတွင်းကို ဝင်နေတာကိုး။ ဝင်နေတော့ သူ့ဘက်ကနေလည်း မုတ်သုံကို ဆက်ပြီးတော့ တွန်း နေသေးတဲ့အတွက်ကြောင့် မိုးဆက်များတဲ့အခြေအနေက ဆက်ဖြစ်နေဦးမှာပဲ”  

“ ဘင်္ဂလားပင်လယ်အော်မှာလည်း လောလောဆယ်မှာက အလယ်ပိုင်းနဲ့ မြောက်ပိုင်းတစ်ခုလုံးမှာ တိမ်တွေထူနေတယ်။ ကပ္ပလီပင်လယ်ပြင်မှာလည်း တိမ်တွေထူနေတယ်။ ပြီးတော့ အရှေ့ဘက်ကနေ ဝင်လာတဲ့ တိမ်တွေလည်းရှိတယ်ဆိုတော့ မိုးကတော့ ဆက်များနေဦးမှာကျိန်းသေတယ်” 

“ ဆိုတော့ သေချာတာတော့ အနည်းဆုံး ဒီဇွန်လကုန်ပေါ့။ ၃၀ ရက်နေ့အထိကတော့ မိုးဆက်များ နေမှာပဲ” 

“ အဲ့တော့ အဲ့ဒီနောက်ပိုင်းကျတော့လည်း မုတ်သုံကဆက်ပြီးတော့ အားကောင်းနေဦးမယ့်အနေအထား မျိုးဖြစ်နေတယ်။ အခုက အိန္ဒိယနိုင်ငံဘက်မှာလည်း နိုင်ငံတစ်ဝက်လောက်ကို မုတ်သုံဝင်လာတဲ့အနေ အထားဖြစ်လာပြီ။ ပြီးရင် မြောက်ပိုင်းကျန်တဲ့နေရာကိုဆက်ပြီးဝင်ဖို့ရှိတယ်။ အိန္ဒိယတစ်နိုင်ငံလုံးကို မုတ်သုံဝင်ပြီးသွားရင် ကျွန်တော်တို့ဘက်ကိုလည်း မုတ်သုံကဆက်ပြီးတော့ အားကောင်းနေဦးမှာ၊ ဆက်ပြီးတော့ ရှိနေဦးမှာ” 

နောက် ၃ ရက်အတွင်းဆို မိုးအများဆုံးဖြစ်နိုင်တာက ဘယ်ဒေသတွေလဲ..? 

“ အများဆုံးကတော့ လောလောဆယ် နောက်ထပ် ၃ ရက်လောက်ကတော့ ရခိုင်မှာပဲ။ ရခိုင်ကမ်းရိုး တန်း ဆိုတာတောင် ကျောက်ဖြူရဲ့အထက်မြောက်ပိုင်းမှာပဲ ဆက်များနေမှာ။ နောက်ပြီးတော့မှ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေ မိုးဆက်များနေမယ်” 

“ တောင်ပိုင်းဆိုရင် ပဲခူးတိုင်းအရှေ့ခြမ်းရယ်၊ ရန်ကုန်တိုင်းရယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ မိုး ဆက်များနေမယ်” 

“ ရန်ကုန်ဆိုရင်လည်း တစ်တိုင်းလုံးမှာ မိုးဆက်များနေဦးမှာ။ နေ့တိုင်း မိုးက ဆက်ရှိနေမှာ။ လေတော့ မများဘူး။ ဇွန်လဆန်း ပထမပတ်လောက်ထိ မိုးဆက်များနေနိုင်တယ်”

“ ရှမ်းပြည်နယ်ဆိုလည်း တောင်ပိုင်းရော၊ မြောက်ပိုင်းရော မိုးဆက်ရှိနေမယ်။ ကယားလည်း ပြီးခဲ့တဲ့ ရက်တွေတုန်းက လွိုင်ကော်ဘက်တွေမှာလျော့သွားပေမဲ့ အခုတော့ မလျော့တော့ဘူး။ နောက်ပြီး ချင်းပြည်နယ်၊ ကလေးတို့၊ ဟားခါးတို့ဘက်မှာလည်း မိုးဆက်များနေမယ်” 

မိုးပြန်နည်းသွားနိုင်၊ မိုးနည်းနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေလဲ...

“ တနင်္သာရီကတော့ ဟိုးတောင်ပိုင်းအစွန်း ထားဝယ်ကနေ ကော့သောင်အထိ အောက်ပိုင်းကတော့ ဆက်ပြီးတော့ မိုးလျော့သွားမယ်။ သူတို့က အရှေ့ဘက်ကလာတဲ့ တိမ်အမြင့်တွေပဲရှိမယ်။ ကပ္ပလီ ပင်လယ်ပြင်ကလာတဲ့ တိမ်တွေအကုန်လုံးက အနောက်တောင်လေပဲတိုက်တဲ့အတွက် ကော့သောင်း ဘက်ကိုမဝင်တော့ဘူး” 

“ မကွေးတိုင်းအနောက်ခြမ်း၊ မြောက်ဘက်အခြမ်းရယ်၊ နောက် မန္တလေးတိုင်းရဲ့ မိုးနည်းရေရှားဒေသ ပတ်ဝန်းကျင်။ ညောင်ဦးတို့၊ မြင်းခြံတို့၊ စစ်ကိုင်းတိုင်းထဲကဆိုရင် မုံရွာ၊ မြိုင် ပတ်ဝန်းကျင်တွေမှာ တော့ မိုးတော်တော် ပြန်လျော့သွားမယ်။ ရွာတော့ရွာမှာ။ နည်းသွားမှာပေါ့” 

“ ပဲခူးတိုင်းအနောက်မြောက်ခြမ်း ပြည်ရဲ့အထက်ဘက်တွေမှာလည်း မိုးလျော့နိုင်တယ်။ ပြီးတော့ ဧရာဝတီတိုင်းမှာဆိုရင်လည်း အနောက်ဘက်ကမ်းရိုးတန်းဒေသတွေ(ချောင်းသာ၊ ငွေဆောင်ကမ်းခြေ တို့ရှိတဲ့ဘက်)ကလွဲရင် မိုးအားလျော့သွားမယ်” 

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်