မုန်တိုင်းလမ်းကြောင်းနှင့် သက်ရောက်မည့်ဒေသများ နောက်ဆုံးအခြေအနေ...
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်ပြီး အားအလွန်ကောင်းဆိုင်ကလုန်းမုန်တိုင်းထိဖြစ်သွားနိုင်တဲ့ မုန်တိုင်းဖြစ်လာမယ့်ရက်ဟာ နီးလာပြီ ဖြစ်သလို လမ်းကြောင်းထုတ်ပြန်မှုတွေဟာလည်း အနီးစပ်ဆုံးတွေ ဖြစ်ပေါ်လာပြီဖြစ်ပါတယ်။
ဆိုတော့ ကြိုတင်ခန့်မှန်းချက်တွေအတိုင်း အားအလွန်ကောင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ဖြစ်လာ ရင် ဖြတ်သွားနိုင်မယ့်လမ်းကြောင်းဘယ်လိုဖြစ်မလဲ၊ ဘယ်ဒေသတွေကို ဘယ်လောက်အထိ သက်ရောက်မလဲ၊ မုန်တိုင်းအကြွင်းအကျန်သက်ရောက်မှုက ဘယ်လောက်ထိ ဖြစ်နေမလဲ၊ ဖြတ်သန်း သွားမယ့်လမ်းကြောင်းတစ်လျှောက် ကမ်းရိုးတန်းတွေမှာ လှိုင်းအမြင့် ဘယ်လောက်အထိ ဖြစ်သွားနိုင် မလဲ စတာတွေကို နိုင်ငံတကာမိုးလေဝသခန့်မှန်းမိုဒယ်ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံး Update ထုတ်ပြန်ချက်အရ လမ်းကြောင်းတွေကို အရင်ပြောပြပေးပါဦးဆရာ?
“ECMWF update အရတော့ ... မေလ ၉ ရက်နေ့ မနက် ၁၁ နာရီကစပြီး လေဖိအားနည်း ရပ်ဝန်းစဖြစ်တယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် ဆက်စပ်တဲ့နေရာ ဆိုတော့ ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းလို့ ပြောလို့ရတယ်။ အဲ့ဒီကနေပြီးတော့မှ သူက မြောက်ဘက်ကို ဆက်တက်ပြီးတော့ မေလ ၁၀ ရက် ညနေ ၅ နာရီမှာ အက်ဒမန်ကျွန်းစုနားမှာ ကပ်ပြီးတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်စပြီးဖြစ်မယ်။ ပြီးတော့ ဆက်ပြီးတော့ မြောက်ဘက်ကိုပဲ ဆက်တက်တယ်။ ဆက်တက်ပြီးတော့ ကိုကိုးကျွန်းရဲ့အနောက်တောင်ဘက် မိုင် ၁၀၀ နီးပါးလောက်ရောက်တဲ့နေရာမှာ ဆိုင်ကလုန်းမုန်တိုင်း စဖြစ်တယ်။ အဲ့ဒါက မေလ ၁၁ ရက် မနက် ၈ နာရီမှာစဖြစ်မှာ"
" အဲ့ကနေပြီး မြောက်ဘက်ကိုပဲ ဆက်တက်ပြီးတော့ ကိုကိုးကျွန်းရဲ့အနောက်ဘက် မိုင် ၈၀၊ ၁၀၀ ပတ်ဝန်းကျင်လောက်ကို ရောက်တဲ့ အခါကျတော့ သူက အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာမယ်။ အဲ့ဒါက မေလ ၁၂ ရက် မနက် ၁၀ နာရီမှာဖြစ်မှာ။ ဆက်ပြီးတော့ မော်တင်စွန်းဘေးကနေ ဆက်ပြီးတော့ ဧရာဝတီအနောက် ဘက်ကမ်းရိုးတန်းနားကနေ ဆက်ဖြတ်မယ်။ အဲ့ဒီမှာ မိုင် ၁၀၀ ကျော်တဲ့ လေတိုက်နှုန်းနဲ့ အားအလွန် ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီ။ အဲ့ဒါက မေလ ၁၃ ရက် ညနေ ၆ နာရီလောက်မှာဖြစ်မှာ။ ဒီထက်စောပြီးလည်း ဖြစ်သွားနိုင်တယ်။ ပြီးတော့ သံတွဲမြို့နားကနေ ရခိုင်ကမ်းရိုးတန်းကိုဖြတ်ပြီး ကုန်းတွင်းမုန်တိုင်းအနေနဲ့ အရှေ့၊ အရှေ့မြောက်ဘက် နေပြည်တော်ဘက်ကနေချိုးသွားပြီးတော့ ရှမ်းပြည်နယ်အနောက်ပိုင်းအပေါ်ကို ရောက်တဲ့အခါကျတော့ အားပျော့ပျက်ပြယ်သွားမှာ။ အဲ့ဒါက ၁၄ ရက် မနက် ၆ နာရီခွဲလောက်မှာဖြစ်မှာဆိုတော့ ပြီးခဲ့တဲ့ခန့်မှန်းအချိန်တွေကထက် ပိုစောသွားတယ်”
" ဒီနေ့ အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်မှာဆိုရင်လည်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရဲ့ အထက်လေထုအလွှာ(Troposphere)မှာ အထက်လေဝဲစီးကြောင်း စဖြစ်နေပြီလို့ ထုတ်ပြန်လာတယ်။ အဲ့ဒီ အထက်လေဝဲစီးကြောင်းက မေလ ၈ ရက်နေ့မှာ လေဖိအားနည်ရပ်ဝန်း စတင်ဖြစ်ပေါ်လာမယ်လို့ ပြောထားပါတယ်။ ဆိုတော့ အစပျိုးနေပြီလို့ ပြောလို့ရတယ်"
သက်ရောက်ခံရမယ့်ဒေသတွေအခြေအနေက ဘယ်လောက်အတိုင်းအတာထိ ဖြစ်သွားနိုင်လဲ?
“ ခန့်မှန်းချက်တွေအရကတော့ မေလ ၁၂ ရက်ညပိုင်းမှာ ကိုကိုးကျွန်းကို စပြီးတော့ လေပြင်းတိုက်ခံရမယ်။ မိုင် ၁၀၀ ကျော်လောက်ဖြစ်မယ်။ အဲ့ဒီအချိန်မှာ ဧရာဝတီတိုင်း အနောက်ဘက် အစွန်း မော်တင်စွန်း၊ ပုသိမ်၊ ညောင်တုန်းတို့ထိမှာလည်း လေပြင်းတိုက်ခံရတာစမယ်။ သို့သော် ကိုကိုးကျွန်းမှာ တိုက်သလောက်တော့ မပြင်းသေးဘူး။ ဒါပေမဲ့ ၁၃ ရက်နေ့ မနက် ၆ နာရီခွဲလောက် ကျရင်တော့ ခုန ဧရာဝတီတိုင်းအနောက်ဘက်အခြမ်းတစ်ခြမ်းလုံးမှာ မုန်တိုင်းလေပြင်းက မိုင် ၈၀ ကနေ ၁၀၀ လောက်ထိ စတိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ မုန်တိုင်းက အဲ့ဒီအချိန်မှာ အားအလွန် ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီကိုး။ အဲ့ဒီကနေပြီးတော့ မေလ ၁၃ ရက် ညနေ ၆ နာရီလောက်မှာ ရခိုင်ကမ်းရိုးတန်းကိုဖြတ်ပြီး သံတွဲဘက်ဝင်တဲ့အချိန်မှာလည်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ပဲ ဝင်မယ်။ တစ်နာရီ မိုင် ၁၀၀ ကျော်နဲ့ပဲ။ ဝင်တဲ့ အချိန်မှာ မုန်တိုင်းရဲ့ ညာဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းဖြစ်နေတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတစ်ခုလုံး၊ ပဲခူးတိုင်းတစ်ခုလုံး အဲ့ဒါတွေက မုန်တိုင်းလေပြင်းတိုက်တဲ့ဒဏ်ကို တော်တော်ပြင်းပြင်းထန်ထန် ခံရနိုင်တယ်”
“ အဲ့ဒီကနေစပြီးတော့ မေလ ၁၄ ရက် မနက် ၁၂ နာရီခွဲမှာ အရှေ့၊ အရှေ့မြောက်ဘက်ကို ဆက်ရောက်သွားပြီး အဲ့ဒီအချိန်မှာ ပြည်တို့၊ တောင်ငူတို့၊ နေပြည်တော်တို့အပေါ်ကို ရောက်လိမ့်မယ်။ ကုန်းတွင်း မုန်တိုင်းအနေနဲ့ပေါ့။ ပြီးတော့ ကုန်းတွင်းလေဖိအားနည်းအနေအထားကို ကျသွားမယ့်အနေအထားက တော့ ၁၄ ရက်နေ့ မနက် ၆ နာရီခွဲလောက်ကစပြီးတော့ပေါ့။ ကျသွားတော့ ရှမ်းပြည်နယ်မှာကျတော့ လေပြင်းတော့ ဒီလောက်မဆိုးတော့ဘူး။ ဒါပေမဲ့ မိုးသည်းထန်တဲ့အနေအထားမျိုးတော့ ဖြစ်မယ်”
“ ပြောရမယ်ဆိုရင်တော့ မေလ ၁၁ ရက်မနက် ၅ နာရီက စပြီး မုန်တိုင်းအားပျော့ပျက်ပြယ်သွားချိန် အထိ ကချင်ပြည်နယ်ကလွဲရင် ကျန်တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်နိုင်ပါမယ်။ ကုန်းတွင်းလေပြင်းကတော့ တစ်နာရီ မိုင် ၇၀ က အများဆုံးပါဘဲ။ ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ မိုးအများဆုံး လက်မ ၂၀ အထိ ရွာနိုင်ပြီး ကျန်ဒေသတွေကတော့ အနည်းဆုံး ၃ လက်မ ကနေ ၇ လက်မအထိ ရွာနိုင်ပါတယ်”
ကမ်းရိုးတန်းတွေမှာကော လှိုင်းအမြင့်တွေ ဘယ်လောက်အထိ ဖြစ်သွားနိုင်လဲ?
“နောက်ဆုံး ECMWF update အရဆိုရင် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း အနီးမှာ လှိုင်းအမြင့်က အနည်းဆုံး ၁၇ ပေကနေ အမြင့်ဆုံး ၂၈ ပေလောက်ထိ ရှိနိုင်တယ်“
GFS နဲ့ ECMWF မိုဒယ်နှစ်ခုမှာဆိုရင် ဘယ်မိုဒယ်ကို ဆရာ့အနေနဲ့ ပိုပြီး Recommend(ညွှန်း) ဖြစ်လဲဆရာ?
“ ECMWF က ပိုပြီးတိကျတယ်။ ဘာကြောင့် တိကျလဲဆိုရင် ECMWF ရဲ့ ဂြိုဟ်တုပုံရိပ်တွေက Resolution (ကြည်လင်ပြတ်သားမှု) ပိုမြင့်တယ်။ သူတို့ကနေပြီး တော့ ထုတ်နေတဲ့ ဒေတာတွေ၊ ထွက်လာတဲ့အဖြေတွေကလည်း ပိုပြီးတိကျခိုင်မာမှုရှိတယ်။ နောက်တစ်ချက်ကဘာလဲဆိုတော့ ECMWF က အသစ်တစ်ခုထွက်ပြီးတိုင်း GFS က နောက်က လိုက်နေ သလိုဖြစ်နေတယ်။ ဆိုတော့ သူက Update လည်း ပိုဖြစ်တယ်။ မှန်တာလည်း သူက ပိုမှန်တယ်။ အရင် ရှေ့ကဖြစ်ခဲ့တဲ့ ARSANI (အာစနီမုန်တိုင်း) တို့လိုမျိုး မုန်တိုင်းကြီးတွေရဲ့ လမ်းကြောင်းတွေကို ခန့်မှန်းခဲ့တဲ့အနေအထားမျိုးမှာဆိုရင်လည်း ECMWF က GFS ထက် အများကြီးသာတယ်။ GFS က အချိန်အားဖြင့်တော့ Update ဖြစ်တယ်။ ဒေတာတွေကျတော့ ECMWF လို Update မဖြစ်ဘူး”
လမ်းကြောင်းအပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်ချေရှိသေးလားဆရာ?
“ တော်တော်နည်းသွားပြီ။ တော်တော့်ကိုနည်းသွားပြီ။ ECMWF အရဆို တကယ်ဖြစ်မယ့်အချိန်က စောပြီး ၉ ရက်နေ့ မနက်မှာပဲ စဖြစ်ပြီ။ GFS ကလည်း အဲ့ဒီအတိုင်းပဲ နောက်ကလိုက်လာဦးမှာ။ ဆိုတော့ လမ်းကြောင်းတွေကလည်း GFS က နောက်ကလိုက်တယ်ပဲပြောပြော သူတို့က လမ်းကြောင်း က တစ်ထပ်တည်းတော့ကျလာပြီ။ ဆိုတော့ လမ်းကြောင်းပြောင်းလဲဖို့အလားအလာက တော်တော့်ကို နည်းသွားပြီ။ ဒါဟာ ဖြစ်နိုင်ခြေအရှိဆုံး လမ်းကြောင်းပဲ”
ဆိုတော့ မုန်တိုင်းအရှိန်သက်ရောက်မှုက ဘယ်အချိန်ထိ ကျန်သွားနိုင်မလဲ?
“မုန်တိုင်းအရှိန်နဲ့ဆိုရင် ၁၅ ရက်ကျော်တဲ့ထိ မိုးရွာနေမယ်။ မုတ်သုန်လေကလည်း နောက်ကလိုက်လာ နိုင်တယ်။ ဘာလို့လဲဆိုတော့ အခု Pressure pattern တွေက အနောက်တောင်မုတ်သုံလေဝင်မယ့်ပုံစံကို ပြောင်းသွားတယ်။ ဆိုတော့ မိုးက ကြားထဲမှာ တအားမရပ်နိုင်တော့ဘူး။ ဆက်တိုက်ဝင်လာမှာပဲ”
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Aung Zaw
လွန်ခဲ့သော ၃ နှစ် ကရွှေဘိုမြို့ နဲ့ ခင်ဦးရွှေဘိုကြား လေ/မိုး သက်ရောက်နိုင်မှု အခြေအနေ သိချင်ပါတယ်ဗျ။
HtunLinnAung
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်ကစစ်တွေကပါ မြောက်ဦးမြို့ကိုရှောင်နေဖို့စီစဉ်ထားပါတယ် အဆင်ပြေနိုင်မလား ဆရာ
phoo lay
လွန်ခဲ့သော ၃ နှစ် ကကျောက်ဖြူကိုဘယ်နေ့ဘယ်အချိန်လောက်မှာဝင်နိုင်ပသလည်းဆရာ
Naing htay
လွန်ခဲ့သော ၃ နှစ် ကkt နဲ့ ကီလိုမီတာဆက်သွယ်ချက်သိချင်ပါတယ်ခင်ဗျ
သန့်ဇော်
လွန်ခဲ့သော ၃ နှစ် ကလယ်ယာလုပ်သားများပိုမိုသိစေလိုပါတယ် ကျွန်တော်တို့တိုင်းပြည်ရဲ့အသက်သခင်ကျေးဇူးရှင်များဖြစ်လို့ပါ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 0 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026