မတ်လ မှ မေလ အထိ အန္တရာယ်ပေးတတ်တဲ့ ရာဟုလေ

06/03/2019 10:13 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၆-၃-၂၀၁၉     နံနက် (၆:၄၇)နာရီ။

-----------------------------------------------------------------------------------

အနောက်မြောက်ရာဟုထောင့်လေများ

အနောက်မြောက်ရာဟုထောင့်လေ(Nor’westers) ဆိုသည်မှာ Nor’westers ( Kalbaishkhi) ဆိုသည်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဒေသတွင်းဖြစ်ပေါ်နေတဲ့ မိုးရွာသွန်းစေတတ်ပြီး မိုးခြိမ်းစေတတ်သည့် မုန်တိုင်းတမျှပြင်းထန်သော မိုးတိမ်တောင်များကို ခေါ်ခြင်းဖြစ်ပါတယ်။ Nor’westers များဟာ နှစ်စဉ် မတ်လမှစတင်ကာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာသည့်ကာလအထိ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွင် မကြာခဏ ဖြစ်ပေါ်တတ်သည့် ဆိုးဝါးတဲ့ ရာသီဥတုဖြစ်စဉ်ဖြစ်ပါတယ်။ အနောက်မြောက်ဖက်အရပ်မှ ဝင်လာတတ်တဲ့ ဒီတိမ်တွေကြောင့် လေပြင်းတိုက်ခတ်တတ်မှုကိုအကြောင်းပြုပြီး၊ မြန်မာနိုင်ငံမှာတော့ “မိုးစနေ၊ လေရာဟု”လို့ ခေါ်ဆိုလေ့ရှိပါတယ်။ Nor’westers များဟာ ခရီးမိုင်ပေါင်းများစွာကို လျင်မြန်စွာ ရွေ့လျှားနိုင်ကြပြီး သွားရာလမ်းကြောင်းတလျှောက်တွင်လေပြင်းများ တိုက်ခတ်စေလျက် အပျက်အစီးအဆုံးအရှုံး ကြီးမားစွာဖြစ်ပေါ်စေတတ်တဲ့ မုန်တိုင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

Nor’westers ရာသီဥတု

Nor’westers များ တိုက်ခတ်သောကာလတွေမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်များကို ပြင်း ထန်သော မိုးတိမ်တောင်များကြောင့် ထိခိုက်မှုကို ဖြစ်စေတတ်လေ့ရှိပါတယ်။ များသောအားဖြင့် ဧပြီလနဲ့ မေလတို့တွင် Nor’westers များကြောင့် အိန္ဒိယနိုင်ငံတွင် အပျက်အစီးနှင့် အသေအပျောက်များတတ်ကြပါတယ်။ အများအားဖြင့် လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးသီးကြွေခြင်းတို့ ဖြစ်စေတတ်ပါတယ်။ တစ်ခါတစ်ရံ လေဆင်နှာမောင်းများလည်း အတူတွဲဖြစ်တတ်ပါတယ်။ အဆိုပါ Norwesters မိုးလေဝသဖြစ်စဉ်များအတွင်းသို့ လေယာဉ်ဖြတ်သန်းမောင်းနှင်ပါက အလွန်အန္တရာယ်ကြီးတတ်ပါတယ်။ ဝေ့ပတ်မောင်းနှင်ခြင်း၊ ဖြတ်သန်း မောင်းနှင်ခြင်းတို့ဟာ အလွန်အန္တရာယ်ကြီးမားတတ်တဲ့အတွက် လေယာဉ်မောင်းနှင်သူများဟာ Norwesters များကို ရှောင်ရှားသွားလေ့ရှိကြပါတယ်။

Nor’westers ကြောင့် အကျိုးဖြစ်ထွန်းသူများလည်းရှိနေပါတယ်။

သို့ရာတွင် Norwesters များကြောင့် ရွာသွန်းသောမိုးများဟာ အာသံပြည်နယ်ရှိ လက်ဖက်စိုက်ပျိုး ရေးလုပ်ငန်းများကိုလည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် စိုက် ပျိုးသော ဂုံလျှော်၊ စပါး နဲ့ လက်ဖက် စိုက်ပျိုးပင်များအတွက် များစွာအကျိုးဖြစ်ထွန်းလေ့ရှိပါတယ်။ norwesters များဟာ များသောအားဖြင့် အနောက်ဖက်မှအရှေ့ဖက်သို့ ဦးတည်ရွေ့လျားလေ့ရှိပါတယ်။

Norwesters များဟာ အဖျက်စွမ်းပကား ကြီးမားတတ်တယ်

၂၀၁၅ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော Norwesters ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သစ်ပင်များ ရာနှင့်ချီ၍ အမြစ်ကျွတ်လဲပြိုကျခြင်း၊ ဝါးနှင့် ရွှံ့အဆောက်အဦပေါင်းများစွာ ပြားပြားဝပ် ပြိုကျပျက်စီးကုန်ခြင်းနှင့်အတူ လူ (၂၄) ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ သွားလာရေးလမ်းများ၊ ရထားလမ်းများ ပိတ်ဆို့ခဲ့ရပါတယ်။

အနောက်မြောက်ရာဟုလေများရဲ့ အခြေခံသဘော

Nor’wester ဆိုသည်မှာ လေပုန်း (Gust) တမျိုးဖြစ်ပြီး လေတိုက်နှုန်း 11 m/s (25 mph) မှ 42 m/s (94 mph) နှုန်း ခန့်အထိ ပြင်းထန်တတ်ပါတယ်။ ဒေသခံအများစုကတော့ လေဆင်နှာမောင်း (Tornado) လို့လည်း သတ်မှတ်လေ့ရှိကြပါတယ်။ ယေဘုယျအများစုကတော့ အားကောင်းတဲ့ လေထု အောက်အလွှာတွင် အပူရှိန်ကြောင့်ဖြစ်ပေါ်သော မုန်တိုင်းများ (Severe Low Convective Storms - SLCS) လို့ ခေါ်ဝေါ်ကြပါတယ်။ ထိခိုက်မှု အများဆုံးကြုံတွေ့ရတတ်တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့ဖြစ်ကြပါတယ်။

အနောက်မြောက်ရာဟုထောင့်လေများရဲ့ သွင်ပြင်လက္ခဏာ

အနောက်မြောက်ရာဟုထောင့်လေများဟာ အများအားဖြင့် ရာသီအလိုက် တိုက်ခတ်တတ်တဲ့ လေများ ဖြစ်ကြပြီး၊ အထူးသဖြင့် မိုးကြိုကာလဖြစ်တဲ့ မတ်လမှ မေလ အထိ ဖြစ်တတ်လေ့ ရှိပါတယ်။ ဧပြီလတွင် အများဆုံးဖြစ်ပေါ်တတ်ပြီး၊ အထူးသဖြင့် မွန်းလွဲညနေပိုင်းတွေမှာ ဖြစ်တတ်ကြပါတယ်။ မကြာခဏ ကြုံတွေ့ရလေ့မရှိသော်လည်း၊ အနောက်မြောက်ရာဟုထောင့် လေများကို မည်သည့်ရာသီ မည်သည့်အချိန်တွင်မဆို ရာသီမရွေး တွေ့ရသည်များလည်း ရှိတတ်ကြပါတယ်။ အနောက်မြောက်ရာဟုထောင့်လေများဟာ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၁၄၅ ကြိမ်ခန့် ဖြစ်ပေါ်တတ်လေ့ရှိကြပါတယ်။ အနောက်မြောက်ရာဟုလေများ အများဆုံးကျရောက်တတ်သောဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာခရိုင်ဖြစ်ပါတယ်။ မိုးကြိုကာလတွင် မြောက်ဖက်အရပ်သို့ ဦးတည်ရွေ့လျားတတ်ပါတယ်။

ဆောင်းအကုန် နွေအကူး လေရူးရယ်တသုန်သုန်

SLCS များ ဖြစ်ပေါ်ရခြင်း အဓိကအချက်မှာ ဒေသတွင်းတွင် လေထုအပူချိန် မတည်ငြိမ်မှုများကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် လေထုအပူချိန်ကြောင့် ရနိုင်တဲ့ အတည်စွမ်းအင် (Convective available potential energy-CAPE) များပြီး( greater than 2000 Unit ) လေထုရွဲ့စောင်းမှု(Shear) တန်ဖိုးအတော်အသင့်ရှိ (greater than 10 Unit) အခြေအနေမျိုးတွင် ဖြစ်ပေါ်တတ်လေ့ရှိပါသည်။ အများအားဖြင့်လည်း ဒေသတွင်း အိန္ဒိယတိုက်မြေတွင် အားကောင်းသောမုန်တိုင်းများဖြစ်ပေါ်လေ့ရှိသော အချိန်အခါနှင့်လည်း တိုက်ဆိုင်နေပါတယ်။

Nor'westers များ ဖြစ်ပေါ်ရခြင်း အကြောင်းရင်း

Norwesters တစ်ခုဖြစ်ပေါ်လာရပုံကို လေ့လာခဲ့ရာ အောက်ပါမိုးလေဝသဖြစ်ရပ်များ ပါဝင်နေတာကို တွေ့ရပါတယ်။

(၁) ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရေငွေ့ပါသောလေများ အိန္ဒိယအရှေ့မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်လာခြင်း။ များသောအားဖြင့် အထက်အမြင့် ၅၀၀ မီတာ တွင် တိုက်ခတ်နေသော အနောက်တောင်လေများ အားကောင်းလာစဉ်ဖြစ်တတ်ပါတယ်။

(၂) အထက်အမြင့် မီတာ ၂၀၀၀ တွင် တိုက်ခတ်နေသော အနောက်လေများကြောင့် အပူချိန်များတိုးလာခြင်း၊

(၃) အထက်အမြင့် မီတာ ၅၀၀၀ တွင် အနောက်မြောက်ဖက်မှ ရွေ့လျားလာသော လေဖိအားနည်းချိုင့် ဝှမ်းကြောင့် လေအေးများတိုးဝင်လာခြင်း

စသည့် ဖြစ်စဉ်များ ကြုံကြိုက်သည့်အခါ Norwesters များ ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။ အဆိုပါဖြစ်ရပ်(၃)ခု တပြိုင်နက်ကြုံနိုင်သော ကာလမှာလည်း နွေကာလ(မတ်လမှ ဧပြီလလယ်) နဲ့ မိုးကြိုကာလ(ဧပြီလလယ်မှ မေလကုန်) တို့ဖြစ်ကြပါတယ်။

Nor'westers ရာသီ စနေပါပြီ။

အမှန်တကယ်တော့ Norwester ရာသီဟာ ယေဘုယျအားဖြင့် မတ်လမှ မေလအထိရှိတတ်ပြီး၊ ဧပြီလဟာ Norwester အများဆုံးဖြစ်ပေါ်တဲ့လ ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်မှာ တော့ Norwester တွေဟာ ဖေဖေါ်ဝါရီလ နောက်ဆုံးရက်တစ်ပတ်အတွင်း ကတည်းက စတင်ဖြစ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ(၂၆)ရက် ညနေ(၃)နာရီခန့်က Norwester မိုးတိမ်တောင်တိမ်တိုက်တစ်ခုဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့များကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပါတယ်။ Norwester ကြောင့် ဖလမ်းမြို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းခဲ့ပြီး၊ အင်းတောမြို့တွင် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခဲ့ရုံမက မိုးသီးကြွေကျခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ပါ ဖြစ်ခဲ့တဲ့အတွက် အပျက်အစီးများအပြင် မိုးကြိုးထိမှန်သေဆုံးမှုလည်း ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ဖေဖေါ်ဝါရီလ (၁၆) ရက်မှ (၂၆) ရက်အတွင်း လေပြင်းနှင့် မိုးကြိုး ပစ်ခတ်မှုကြောင့် လူ (၃) ဦး သေဆုံးပြီး အိမ် (၈၀၀) ကျော်ပျက်စီးခဲ့ရပါတယ်။ Norwesters များရဲ့ ရာသီကာလဟာ အခုမှ အစပဲရှိပါသေးတယ်။ လက်ရှိကာလမှ မေလအထိ ကြုံတွေ့ရနိုင်ပြီး၊ ဧပြီလမှာ အများဆုံးကြုံတွေ့ရလေ့ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ နှစ်စဉ်လို ရင်ဆိုင်နေရပါတယ်။

Norwesters များရဲ့ ထိခိုက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ်ကြုံတွေ့နေရပါတယ် ။ များသော အားဖြင့် မြစ်များဖြတ်ကူးတဲ့ ခရီးသည်တင် ကူးတို့လှေများ(Ferry boats) တိမ်းမှောက် တတ်ခြင်းပဲဖြစ်ပါတယ်။ ခရီးသည်ပေါင်း ရာချီပြီး မကြာခဏ အသက်ဆုံးရှုံးရလေ့ရှိပါတယ်။ လေပြင်းအပြင် မိုးကြိုးပစ်ခြင်း၊ လျက်တပြက်ရေကြီးခြင်းတို့ကြောင့်လည်း အသက်ဆုံးရှုံးမှုတွေ နှစ်စဉ် ရင်ဆိုင်နေကြရပါတယ်။

Nor'westers များဟာ အားကောင်းတဲ့ မိုးတိမ်တောင်ကြီးများဖြစ်ကြပါတယ်

သာမာန်အားဖြင့် မိုးတိမ်တောင်တစ်ခုရဲ့ အန္တရာယ်ဟာ ကြီးအားလှပါတယ်။ လျှပ်စီးလက်ခြင်း၊ မို းခြိမ်းခြင်း၊ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်တတ်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခတ်ခြင်း နဲ့ ပင်လယ်မီးစုန်းတောက်ခြင်း တို့ဟာ မိုးတိမ်တောင်များက ပေးတတ်တဲ့ ရာသီဥတုများဖြစ်ကြပါတယ်။ Nor'westers မှာ ပါရှိတဲ့ မိုးတိမ်တောင်တွေဟာ လေထု အထက်အောက်မတည်ငြိမ်မှုကြောင့် ဖြစ်ကြတဲ့ မိုးတိမ်တောင်များဖြစ်ကြတဲ့အတွက် အခြား မိုးတိမ်တောင်များထက် ပိုမိုမြင့်မားပြင်းထန်တတ်ပါတယ်။ လေယာဉ်ခရီးစဉ်များ အတွက်လည်း အလွန်အန္တရာယ်ကြီးမားပါတယ်။

မြန်မာနိုင်ငံမှာ မိုးတိမ်တောင်များကြောင့် ထိခိုက်မှုတွေဟာ နှစ်စဉ်တိုးနေပါတယ်

မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် မုတ်သုံလေအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည်တို့ကြောင့် မိုးတိမ်တောင်တွေ ပိုအဖြစ်များနေပါတယ်။ အဲဒါကြောင့် လေပြင်းတိုက်ခတ်မှုတွေ၊ နေရာကွက်မိုးသည်းထန်မှုတွေ၊ မိုးကြိုးပစ်မှုတွေ၊ မိုးသီးကြွေကျမှုတွေ နဲ့ လေဆင်နှာမောင်း ဖြစ်ပေါ်မှုတွေဟာ အကြိမ်အရေအတွက်အနေနဲ့ရော၊ အင်အားအားပြင်းထန်မှု အနေနဲ့ရော နှစ်စဉ် တိုးနေပါတယ်။ မိုးကြိုးပစ်ခံရလို့ အသက်ဆုံးရှုံးရသူတွေဟာ နှစ်စဉ် တစ်ရာကျော် ရှိနေပါတယ်။ အများအား ဖြင့် လယ်ယာလုပ်ငန်းခွင် ဟင်းလင်းပြင်မှာ အကာအကွယ်မဲ့ ရှိနေတတ်တဲ့ တောင်သူလယ်သမားကြီးများနဲ့ လယ်သူမကြီးတွေဟာ အများဆုံး အသက်ဆုံးရှုံးနေရပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့မြောက်ပိုင်းတို့မှာ အပူချိန်မြင့်တက်မှုကြောင့် လေဖိအားနည်းရပ်ဝန်းတွေ (Heat Lows) ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနှစ် နွေရာသီနဲ့ မိုးကြိုရာသီ(မတ်လမှ မေလအထိ) တွေမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ Nor'westers မိုးတိမ်တောင်များရဲ့ အန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ လို အပ်ပါကြောင်း နှိုးဆော်လိုက်ရပါတယ်။

မောင်ထွန်းလွင်(မိုးလေဝသ)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်