လာမည့် ၅ ရက်အတွင်း ဒေသအများစု မိုးများနေဦးမည်ဖြစ်ပြီး ရေကြီးရေလျှံ၊ တောင်ပြိုမှုများ သတိထားရန်လို
လာမယ့် ၅ ရက်အတွင်း တိုင်းနဲ့ပြည်နယ်အများစုရှိ ဒေသအများစုမှာ မိုးများနေဦးမှာဖြစ်လို့ တောင်ကျချောင်းရေတွေဆင်းနိုင်တဲ့နေရာတွေမှာ ရေကြီးရေလျှံမှုတွေ၊ တောင်ပြိုမှုတွေကို သတိထားဖို့လိုတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

မနက်ဖြန် ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာမယ်လို့ WINDY ရဲ့ ECMWF Model forecast မှာ အဲ့ဒီအရှိန်ကြောင့် ဩဂုတ်လ ၁၃ ရက်နဲ့ ၁၄ -၁၅ ရက်နေ့တွေအထိ မြန်မာတစ်နိုင်ငံလုံးမှာ မိုးဆက်ရွာနေပြီး နေ့အပူချိန်တွေ ကျဆင်းနေနိုင်ဦးမယ်လို့ ECMWF Model ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ Facebook account ကနေလည်း ခန့်မှန်းပြောကြားထားတာဖြစ်ပါတယ်။

“ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာလည်း မိုးရွာမယ်။ ပဲခူးတိုင်းတစ်ခုလုံးနီးပါးလည်း များမယ်။ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်လုံးနီးပါးကတော့ မိုးပိုများမယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး၊ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးပေါ့။ ဟိုးအောက်ကနေ ချောင်းသာတို့၊ ဂွတို့အထိပါတယ်။ ဂေါ်ရင်ဂျီကျွန်းအထိရောက်တယ်။ ပြီးရင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေလည်း မိုးများမယ်။ အလယ်ပိုင်းကတော့ မကွေးတိုင်း အောက်ဘက်ကနေ မန္တလေးတိုင်းတစ်ခုလုံးပါမယ်။ ရှမ်းပြည်နယ်တစ်ခုလုံးပါမယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းပါမယ်။ အဲ့ဒီနေရာတွေကတော့ နေရာကွက်မိုးကြီးနိုင်တယ်။ မြစ်ကြီးနားပတ်ဝန်းကျင်များနိုင်တယ်။ မြစ်ကြီးနားမြောက်ဘက် ဆွမ်ပရာဘွမ်၊ ပူတာအို အဲ့ဒီနေရာတွေလည်း မိုးများမယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

အဲ့ဒီလို မိုးရွာသွန်းမှုတွေကြောင့် တောင်ပြိုနိုင်တဲ့အခြေအနေတွေကိုလည်း အနားဝန်းကျင်နေထိုင်သူတွေ သတိထားဖို့လိုတယ်လို့ ဦးဝင်းနိုင်က သတိပေးပြောကြားပါတယ်။

“ တောင်ကျချောင်းရေနဲ့ တောင်ပြိုနိုင်တဲ့နေရာတွေ သတိထားသင့်တယ်။ အထူးသဖြင့် မွန်ပြည်နယ်ပေါ့။ ဇင်းကျိုက်တို့ ပေါင်တို့က တောင်ပြိုနိုင်တဲ့နေရာတွေအများကြီးရှိတယ်။ ရှမ်းပြည်နယ်ဘက်ကတော့ တောင်ပြိုနိုင်တဲ့အနေအထား သိပ်မတွေ့ဘူး။ ဖြစ်ခဲ့တာလည်း သိပ် မတွေ့ဘူး။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ကတော့ ထုံးကျောက်တောင်တွေများတယ်၊ မြေသားကလည်း သက်နုမြေသားတွေများတော့ ပြိုနိုင်တယ်။ ဖြစ်တဲ့ပြဿနာက ရာသီဥတုအစွန်းရောက်တာလည်းပါသလို တောင်အခြေတွေမှာ မြေကြီးတွေတူးရောင်းတာကြောင့်လည်းပါတယ်။ ဆိုတော့ အောက်ဘက်က တောင့်မခံနိုင်ဘဲ မြေသားအိပြီး ပြိုကျတာပေါ့”
လက်ရှိမှာလည်း မိုးရွာသွန်းမှုတွေကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Photos Crd_U Win Naing, Myanmar Fire Service Department
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026