လာမည့် ၂၄ နာရီအတွင်းကစပြီး ဒေသအချို့ တွင် မိုးရွာသွန်းမှုများ ရှိလာနိုင်

01/12/2022 15:52 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တောင်တရုတ်ပင်လယ်ကနေ စပြီးဖြစ်မဲ့ လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဘရူနိုင်း ဘန်ဒါ ဆရီဘာဂါဝန်နားမှာ စဖြစ်နေပြီဖြစ်ပြီး ဒီကနေစဖြစ်လာတဲ့ အရှိန်သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံဒေသအချို့မှာ လာမဲ့ ၂၄ နာရီအတွင်းမှာတင် မိုးအနည်းငယ်ရွာနိုင်မှုတွေ ရှိလာမယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းအဆင့်ထိဖြစ်လာနိုင်တဲ့ ဒီလေဖိအားနည်းရပ်ဝန်းလမ်းကြောင်းဟာ မြန်မာနိုင်ငံဘက်ကို ဖြတ် ကျော်ချိန်ကျရင် ယခင်ခန့်မှန်းထားတာထက် တောင်ဘက်ကို ပိုရောက်သွားပေမဲ့ သက်ရောက်မှုကတော့ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကြောင့် ဘယ်ဒေသတွေကို ဘယ်ရက်တွေမှာ ဘယ်လိုသက်ရောက်မှုတွေရှိမလဲဆိုတာ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်မဲ့ နောက်ဆုံးလမ်းကြောင်းအခြေအနေ ဘယ်လိုဖြစ်နေပြီလဲ? 

“ နောက်ဆုံးလမ်းကြောင်းအရ သူက တောင်ဘက်ထပ်ရွေ့တယ်။ ပထမခန့်မှန်းတဲ့လမ်းကြောင်းက မြောက်လတ္တီကျု ၁၀ ဒီဂရီနဲ့ ၅ ဒီဂရီကြားပေါ့။ ကော့သောင်းနဲ့ ဖူးခက်ကြား ထိုင်းပင်လယ်ကွေ့ အလယ်လောက်ကနေ စဖြစ်ပြီး ထိုင်း-မလေးရှားနယ်စပ်မြောက်ဘက်လောက်ကနေ ကပ်ပြီး ဝင်မယ်ပေါ့။ အခုက လမ်းကြောင်းက တဖြည်းဖြည်းနဲ့ အောက်ကိုကျသွားလိုက်တာ ထိုင်း-မလေးရှား နယ်စပ်ရဲ့ တောင်ဘက်ကို ထပ်ကျပြီးတော့ မလေးရှားနိုင်ငံမြောက်ပိုင်းပေါ်ကပဲ ဖြတ်တော့တယ်။ ရောက်တာကတော့ ကပ္ပလီပင်လယ်ပြင်ကိုပဲ ရောက်မယ်။ ၃ ရက်နေ့ညမှာ ကပ္ပလီ ပင်လယ်ပြင်ကို စဝင်မှာ။ အဲ့ဒီလို စဝင်ကတည်းက ထားဝယ်၊ မြိတ်၊ ကော့သောင်မှာ အရှေ့ဘက်က လေပြင်းတွေ စတိုက်မယ်။ ပြီးတော့မှ တိမ်ထုတွေဖြစ်လာတာကတော့ မြိတ်ရဲ့အောက်ဘက်မှာပဲ ရှိဦးမယ်။ ပြီးတော့မှ ၄ ရက်နေ့ဆိုရင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကိုရောက်မယ်။ ပြီးရင် အနောက် ဘက်ကိုပဲ ဆက်ပြီးရွေ့မယ်။ ပြီးတော့မှ ၅ ရက်နေ့ညကျမှ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်း ပင်လယ်ပြင်ကို ရောက်မယ်။ အဲ့ဒီအချိန်ကျရင်တော့ ဖြစ်လာမယ့်တိမ်ထုတွေက ထားဝယ် အထက်ကို ရောက်လာပြီ။ နောက်ပြီးတော့မှ ကိုကိုးကျွန်းရဲ့ မြောက်ဘက် ပင်လယ်ပြင်အထိကို ထိလာပြီ။ ဧရာဝတီကမ်းရိုးတန်းဒေသတွေအထိ တိမ်ထုတွေ ထိလာပြီပေါ့” 

မုန်တိုင်းအဆင့်ထိရောက်နိုင်ချေက ဘယ်တော့လောက်ဖြစ်မလဲ? 

“ ၅ ရက်နေ့ညပိုင်းကနေ ၆ ရက်နေ့ဆိုရင် အနောက်ဘက် တမီနာဒူးလ်ပြည်နယ် ကမ်းခြေကို သွားပြီပေ့ါ။ ၇ ရက်နေ့ညလောက်ဆို ကမ်းခြေနား တော်တော်နီးပြီးတော့ အဲ့ဒီမှာ အားလည်း ကောင်းလာ တယ်။ ကျွန်တော်မှန်းတာတော့ ၇ ရက် ၈ ရက်လောက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်နိုင်တယ်။ တစ်နာရီကို မိုင် ၅၀ ကျော် ၆၀ လောက်ထိပေါ့နော်။ ပြီးရင် ၈ ရက်နေ့ညမှာ အိန္ဒိယ တောင်ပိုင်း ကမ်းခြေကို ဖြတ်ပြီးတော့ဝင်မယ်။ သီရိလင်္ကာမြောက်ပိုင်းလည်း တိုက်ရိုက်လေပြင်း တိုက်တဲ့ဒဏ်ခံရမယ်။  ခုအနေအထားကတော့ ကုန်းတွင်းဝင်တဲ့အချိန်မှာ တဖြည်းဖြည်း အားပြန် လျော့သွားမှာပေါ့။ အဲ့ဒီမှာ တစ်ခုက ၈ ရက်နေ့လောက် ကုန်းတွင်းဝင်နေတဲ့အချိန်မှာ ထိုင်းပင်လယ် ကွေ့မှာ နောက်ထပ်တစ်ခု ထပ်ဖြစ်နိုင်တာပဲ” 

“ တကယ်လို့ ဖြစ်လာမယ်ဆို အဲ့ဒီကောင်ကလည်း အနောက်ဘက်ကိုပဲ ဆက်ရွေ့မှာ။ ရွေ့တဲ့ လမ်းကြောင်းကလည်း ပထမတစ်လုံးထက် တောင်ဘက်ကို ထပ်ကျတယ်။ ဆိုတော့ ကျွန်တော်တို့အပေါ် သက်ရောက်မှုတော့ နည်းနိုင်တယ်” 

မိုးရွာနိုင်တဲ့အရှိန်သက်ရောက်မှုတွေက ဘယ်တော့လောက်မှာ စနိုင်လဲ?

“ ကျွန်တော်မှန်းတာအရဆို နောက်လာမယ့် ၂၄ နာရီအတွင်းမှာကို ရှမ်းပြည်နယ်တစ်ခုလုံးနီးပါး၊ ပဲခူး တိုင်း အရှေ့ခြမ်းကနေ နေပြည်တော်ထိ၊ ပြီးတော့ မွန်၊ တနင်္သာရီဘက်တွေ အဲ့ဒီတွေမှာ မိုးပါးပါး ကျနိုင်တယ်။ ရှမ်းပြည်နယ်ဘက်ကတော့ နည်းနည်းများနိုင်တယ်။ လေဖိအားနည်းရပ်ဝန်းစဖြစ်ချိန် တွန်းတဲ့တိမ်တိုက်တွေ ဝင်လာမှာမို့လို့” 

“ လာမယ့် ၂၄ နာရီကနေ နောက်ထပ် ၃ ရက်အတွင်းဆိုရင်တော့ ပဲခူးတိုင်းပါလာမယ်၊ ရန်ကုန်တိုင်း ပါလာမယ်၊ ရှမ်းပြည်နယ်ပါလာမယ်၊ မွန်၊ တနင်္သာရီပါလာမယ်။ အများဆုံးကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ဖြစ်မယ်။ ၁ လက်မခွဲလောက်ထိ ရွာနိုင်တယ်” 

“အလယ်ပိုင်းမှာဆိုရင်တော့ ပဲခူးရိုးမတစ်လျှောက်မှာ မိုးတွေရွာနိုင်တယ်။ နောက်လာမယ့် ၃ ရက်ကနေ ၅ ရက်အတွင်းဆိုရင်လည်း ဒီလိုပဲ ဆက်ဖြစ်နေမယ်”  

“ ပြီးရင် မုန်တိုင်းကုန်းတွင်းကိုဝင်မဲ့အချိန် နောက် ၅ ရက်နောက်ပိုင်းဆိုရင်တော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ပါမယ်။ ပဲခူးတိုင်းကတော့ အရှေ့ခြမ်းကော အနောက်ခြမ်းကော အကုန်ပါမယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကတော့ အများဆုံး တောင်ကုတ်အထိပဲ။ ၈ ရက် ၉ ရက်နေ့အထိလောက်ကို မိုးရွာတာတွေ၊ အရှေ့ဘက်ကနေ လေပြင်းတိုက်တာဆိုတဲ့ သက်ရောက်မှုတွေက ဆက်ရှိနေနိုင်တယ်” 

ဧရာဝတီတိုင်းအနေနဲ့တော့ ဒီဇင်ဘာ ၃ - ၄ - ၅ (၃)ရက်လောက်မှာ နေသာချိန်ရှိပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မိုးတွေ ဆက်ရွာနိုင်ကြောင်းနဲ့ ကမ်းရိုးတန်းနဲ့ နီးတဲ့ ဧရာဝတီတိုင်းဒေသတချို့မှာတော့ နေရာကွက်ပြီး မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်