ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း နောက်ဆုံးအခြေအနေ..

06/12/2022 15:22 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်ဆိုရင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ဖြစ်လာနိုင်ပေမဲ့ မြန်မာနိုင်ငံကိုတော့ သက်ရောက်မှုမရှိသလောက်ဖြစ်သွားပြီလို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီလေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဘယ်အခြေအနေထိ ဖြစ်နေပြီလဲ၊ မြန်မာနိုင်ငံဘယ်ဒေသတွေကို သက်ရောက်မှုရှိမလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်း အခုနောက်ဆုံးအခြေအနေ ဘယ်လိုဖြစ်နေပြီလဲ ? (ယနေ့ မွန်းလွဲ ၂ နာရီ အခြေအနေ)

“ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းရဲ့အလယ်လောက်ကိုတော့ ရောက်သွားပြီ။ အခုလောလေ ာဆယ်ဆိုရင် ဟိုး ကိုးလ်ကတ္တားရဲ့ အောက်ဘက် သီရိလင်္ကာကျွန်းရဲ့ အနောက်ဘက်တည့်တည့်အထိ ရောက်လာပြီ။ ကော့သောင်းနဲ့ဆိုရင်တော့ တော်တော်ကြီးကိုဝေးသွားပြီ။ မော်တင်စွန်းနဲ့ဆိုရင်လည်း တော်တော်ကြီးကို ဝေးသွားပြီ” 

“ သူရဲ့ ဗဟိုလေတိုက်နှုန်းက တစ်နာရီကို ၂၉ မိုင်နှုန်းရှိနေတယ်။ ဖိအားကတော့ ၁၀၀၃ ဟက်တိုပါ စကယ်ထိ ကျသွားတယ်။ JTWC ကတော့ ၂၄ နာရီကနေ ၃၆ နာရီအတွင်းမှာ မုန်တိုင်းဖြစ်လာနိုင်မယ်လို့ အမြင့်ဆုံး ခန့်မှန်းချက်ထွက်ထားပြီ။ နောက်တစ်ခုက အိန္ဒိယမိုးလေဝသဌာနကလည်း ၂၄ နာရီအတွင်း ဖြစ်နိုင်တယ်လို့ ပြောထားပြီးပြီ။ လက်ရှိဆိုရင်ကို သူက အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ် အဆင့်ကို ရောက်ပြီလို့ ပြောထားတယ်။ မနက်ဖြန် ၇ ရက်နေ့ ညနေပိုင်းကျရင်တော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဖြစ်မယ်လို့ ပြောထားတယ်။ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိတော့ ဖြစ်ဖို့မရှိဘူး။ လမ်းကြောင်းကတော့ အရင်ပြောထားတဲ့အတိုင်းပဲ။ တမီလ်နာဒူး၊ ပူဒူချယ်ရီနဲ့ အန်ဒရာပရာ ဒေ့ရှ် နယ်စပ်နားကိုပဲ ဝင်မှာ” 

ဒီမုန်တိုင်းအရှိန်က မြန်မာနိုင်ငံ ဘယ်ဒေသတွေကို ဘယ်လိုသက်ရောက်နိုင်ချေရှိမလဲ?

“ ကျွန်တော်တို့ မြန်မာပြည်ဘက်ကိုတော့ ထူးခြားတာမရှိဘူး။ သူ့ရဲ့သက်ရောက်နိုင်မှုက တနင်္သာရီတိုင်း တောင်ပိုင်းအစွန်းနဲ့ ကိုကိုးကျွန်းပဲ ရှိတော့တယ်။ (မိုးရွာနိုင်ချေ) မနက်ဖြန်မုန်တိုင်းဖြစ်လာပြီးတဲ့အထိကို ထူးထူးခြားခြား မတွေ့ဘူး။ ကော့သောင်းနဲ့ ကိုကိုးကျွန်းရယ်ပဲ။ ဒါတောင် ၂၄ နာရီအတွင်းဆိုရင် နည်းနည်းလေးတွေပဲရှိဦးမှာ။ နောက် ၇၂ နာရီအတွင်းဆိုမှ ကိုကိုးကျွန်းမှာ ၁.၁၄ လက်မ၊ ကော့သောင်းမှာ ၁.၁ လက်မ လောက် ဒါပဲ။ မြိတ်အထိတောင်မရောက်တော့ဘူး။ နောက်ထပ်ဆိုရင် ဧရာဝတီတိုင်းရဲ့အနောက်ဘက်ခြမ်း မော်တင်စွန်း၊ ဟိုင်းကြီးကျွန်းနဲ့ ငပုတောမြို့နယ်တွေဘက်မှာလည်း မိုးတော့ရွာနိုင်ချေရှိတယ်။ ဒါပေမဲ့ အရမ်းနည်းတယ်။ ရွာရင်တောင် တော်တော့်ကို ပါးပါးပဲ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ကတော့ မရှိသလောက်ဖြစ်သွားပြီ”

#ဒါပေမဲ့ လက်ရှိအခြေအနေမှာ ပြီးခဲ့တဲ့ ၅ ရက်ခန့်က ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမြို့နယ်အချို့မှာ ဖြစ်ပွားခဲ့တဲ့ မိုးတိမ်တောင်တွေ ရုတ်တရက်ဖြစ်လာပြီး စိုက်ဆင်းလေပြင်းတွေကတဆင့် မိုး/လေပြင်းတဲ့ အခြေအနေမျိုးတွေတော့ ဘယ်နေရာမှာမဆိုဖြစ်နိုင်လို့ မိုးတိမ်တောင်တွေတက်လာတာကို သတိထားကြဖို့တော့ လိုမယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်